အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
သောကြာနေ့

၂ အောက်တိုဘာ ၂၀၂၀

၁၆:၂၅:၃၅
1075148

သမ္မတ ထရန့်နဲ့ ဇနီးသည် တို့ ကိုဗစ်-၁၉ ကူးစက် ခံထားရ

သူနဲ့ဇနီးသည် မယ်လာနီယာထရန့်တို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနဲ့ လက်ရှိမှာသီးခြားခွဲနေထိုင်လျက်ရှိကြောင်း အမေရိကန်သမ္မတထရန့်ကပြောကြားလိုက်ပါတယ်။ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး အသက်အန္တရာယ်ရှိအသက်အရွယ်ထဲမှာပါဝင်တဲ့ မစ္စတာထရန့် ၇၄နှစ်ကတွစ်တာကနေ “ဒါကိုကျွန်တော်တို့အတူတကွဖြတ်ကျော်သွားမှာပါ” လို့ရေးသားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
                                                                                                   
သူနဲ့ဇနီးသည် မယ်လာနီယာထရန့်တို့ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနဲ့ လက်ရှိမှာသီးခြားခွဲနေထိုင်လျက်ရှိကြောင်း အမေရိကန်သမ္မတထရန့်ကပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး အသက်အန္တရာယ်ရှိအသက်အရွယ်ထဲမှာပါဝင်တဲ့ မစ္စတာထရန့် ၇၄နှစ်ကတွစ်တာကနေ “ဒါကိုကျွန်တော်တို့အတူတကွဖြတ်ကျော်သွားမှာပါ” လို့ရေးသားခဲ့ပါတယ်။ သူ့ရဲ့အနီးစပ်ဆုံးလက်ထောက်ဖြစ်သူ ဟုပ်ဟခ်စ် ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် သမ္မတထရန့်ရဲ့သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့က အိုဟိုင်းယိုးပြည်နယ်မှာ မစ္စတာဘိုင်ဒန်နဲ့ မစ္စတာထရန့်တို့ သမ္မတလောင်းနေရာဆွေးနွေးပွဲသွားဖို့ မစ္စဟခ်စ်ဟာ မစ္စတာထရန့်နဲ့အတူ Air Force One နဲ့အတူလိုက်ပါခဲ့ပါတယ်။ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ မစ္စတာထရန့်ရဲ့မိသားစုဝင်တစ်ချို့လည်း မျက်နှာဖုံးနှာခေါင်းစည်းတွေ တပ်ဆင်ခဲ့ခြင်းမရှိတာကို တွေ့ရှိခဲ့ရပါတယ်။


မစ္စတာထရန့်ဟာအများအားဖြင့် မျက်နှာဖုံးနှာခေါင်းစည်းဝတ်ဖို့ ပစ်ပစ်ခါခါငြင်းပယ်လေ့ရှိပြီး မကြာခဏဆိုသလို တာဝန်ရှိသူတွေနဲ့တွေ့ဆုံပွဲတွေမှာလည်း ခပ်ခွာခွာနေခြင်းမရှိပဲဓာတ်ပုံရိုက်ခံလေ့ရှိပါတယ်။ အမေရိကန်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇.၂သန်းကျော်ရှိလာပြီး သေဆုံးသူလည်း ၂သိန်းကျော်ရှိပြီဖြစ်ပါတယ်။ သမ္မတနဲ့ဇနီးသည်တို့ လက်ရှိအချိန်မှာ ကျန်းကျန်းမာမာရှိနေကြောင်းနဲ့ ရောဂါပျောက်ကင်းသက်သာတဲ့ထိ အိမ်ဖြူတော်အတွင်းမှာနေသွားဖို့စီစဉ်ထားကြောင်း သမ္မတထရန့်ရဲ့ကျန်းမာရေး ဆရာဝန် ဒေါက်တာဆင်းန်ကွန်လေက ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ “ရောဂါကုသရင်း သမ္မတ ဟာသူ့ရဲ့တာဝန်တွေကိုအနှောက် အယှက်မရှိပဲဆက်လက် လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတာကြောင့် စိတ်အေးအေးထားနိုင်ပါတယ်။ နောက်ထပ်တိုးတက် လာတဲ့ အခြေ အနေတွေ ကိုလည်း ဆက်လက်ထုတ်ပြန်သွားမှာပါ” လို့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။


BBC News သတင်းဌာနပါ “Covid: Donald Trump and Melania test positive” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*****************************************************

END / 251