အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၅ အောက်တိုဘာ ၂၀၂၀

၂၀:၂၇:၂၀
1076020

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့ သွားရောက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၄ ရက်က ထွက်ခွာသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ ဂျပန်နိုင်ငံကို အောက်တိုဘာ ၄ ရက်က ထွက်ခွာသွားပါတယ်။

သူ့ခရီးစဉ်မှာ မူလက စီစဉ်ထားတဲ့အတိုင်း မွန်ဂိုလီးယားနဲ့ တောင်ကိုရီးယားတို့ကို ဆက်သွားမှာတော့ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကနဦးမှာ ပွန်ပေအိုဟာ အောက်တိုဘာ ၄ ရက်ကနေ ၈ ရက်ကြား ၃ နိုင်ငံစလုံးကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ တနင်္ဂနွေနေ့မှာ တိုကျိုကို ထွက်သွားခဲ့ပေမယ့် အောက်တိုဘာ ၆ ရက်မှာ ဝါရှင်တန်ကို ပြန်လာမှာလည်း ဖြစ်ပါတယ်။

သူဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ညှိနှိုင်းအကြံယူပြီး အိန္ဒိယနဲ့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အစည်းအဝေးကိုလည်း တက်ဖို့ စီစဉ်ထားခဲ့ပါတယ်။

ပွန်ပေအိုဟာ အာရှခရီးစဉ်ကို အောက်တိုဘာလထဲမှာ ထပ်ထွက်ဦးမှာဖြစ်ပြီး ခရီးစဉ်တွေကို ပြန်စီစဉ်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆယ်စုနှစ်တွေအတွင်း တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အဆိုးဆုံးအခြေအနေ ရောက်နေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ တနှစ်အတွင်း ပထမဆုံးအနေနဲ့ အရှေ့အာရှ ဒေသကို ခရီးထွက်တာလည်း ဖြစ်ပါတယ်။

*****************************************

END / 251