အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၆ အောက်တိုဘာ ၂၀၂၀

၁၉:၃၁:၀၆
1076294

ဗြိတိန်တွင် ကိုဗစ်-၁၉ သတင်းအချက် အလက်စနစ် နည်း ပညာ ပြဿနာဖြစ်

ဗြိတိန်နိုင်ငံမှာ နည်းပညာပြဿနာတရပ်ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြု လူဦးရေ ၁၅,၈၄၁ ယောက်ရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး နေ့စဉ် ကူးစက်ခံစာရင်း အစီရင်ခံစာထဲ မပါသွားခဲ့ပါဘူး။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဗြိတိန်နိုင်ငံမှာ နည်းပညာပြဿနာတရပ်ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြု လူဦးရေ ၁၅,၈၄၁ ယောက်ရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး နေ့စဉ် ကူးစက်ခံစာရင်း အစီရင်ခံစာထဲ မပါသွားခဲ့ပါဘူး။

အောက်တိုဘာ ၂ ရက်က ပြဿနာတက်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေနဲ့  ထိတွေ့သူတွေ ခြေရာကောက်စနစ်ထဲကိုလည်း ဒီရလဒ် မရောက်သွားခဲ့ပါဘူး။

ဒီဖြစ်ရပ်ဟာ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကျပ်အတည်းအပေါ် သဘောပေါက် နားလည်မှုကိုတော့ မထိခိုက်ဘူးလို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ထ်ဟန်းကွတ်ခ်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ကိုဗစ်-၁၉ စစ်ဆေးချက် သတင်းအချက်အလက်စနစ် ပျက်ခဲ့တာကို တနင်္လာနေ့က ပြောပါတယ်။

ကူးစက်ပျံ့နှံ့နှုန်း ဟောကိန်းနဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ကိုက်ညီမှု ရှိတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီယာယီချွတ်ယွင်းချက်ဟာ အစိုးရရဲ့တုံ့ပြန်ပုံ နှေးကွေး ညံ့ဖျင်းမှုနဲ့ ရှုပ်ထွေးမှုတွေကို သံသယဖြစ်စေတယ်လို့ နိုင်ငံရေး အတိုက်အခံတွေက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်မှာတော့ နေ့စဉ် ကူးစက်ခံ အတည်ပြုချက်အသစ်အရ လူ ၂၂,၉၆၁ ယောက်ထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက အစီရင်ခံပါတယ်။

 အင်္ဂလန်နယ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာနကတော့ စာရင်းမထည့်မိတဲ့ ကူးစက်ခံတွေကို တဦးစီ ခွဲခြားကန့်သတ်ပြီး ရောဂါခြေချုပ်နဲ့ နေဖို့ အချိန်မီ ပြောဆိုစီစဉ်ခဲ့တယ်လို့ ပြောပါတယ်။

++++++++++++++++++++++++++++

END / 251