အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ အောက်တိုဘာ ၂၀၂၀

၂၀:၃၀:၃၃
1076956

စပိန်မြို့တော်ကို Lockdown ချမည့် အစီအစဉ် အား မက်ဒရစ် တရားရုံးက ပယ်ချ

ဇေယာရသ် သေ အဲရ်ဗအီးန် သေလာဝသ်တွင် ရဲဟ်ဗရ်ရေ အင်န်ကေလာဗ် တိုက်ရောက်မည်




ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တစ်ရှိန်ထိုး မြင့်လာခြင်းကို ထိန်းချုပ်ရန် ဥရောပနိုင်ငံများ၏ အစိုးရအဖွဲ့များက ကြိုးပမ်းနေကြစဉ် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် စပိန်နိုင်ငံမြို့တော် မက်ဒရစ်ကို Lockdown ချမည့်အစီအစဉ်အား မက်ဒရစ်တရားရုံးက အောက်တိုဘာ ၈ ရက်တွင် ပယ်ချခဲ့သည်။

စပိန်တွင် ကျန်းမာရေးဆိုင်ရာ ပေါ်လစီများ ချမှတ်ခြင်းကို ဒေသဆိုင်ရာအစိုးရ အဖွဲ့ကသာ လုပ်ပိုင်ခွင့်ရှိခြင်းကြောင့်ရောဂါ ကာကွယ်ရေးစီမံချက်များ ချမှတ်ပြဋ္ဌာန်းရာတွင် ဗဟိုကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်နေသည်ဟု အကြောင်းပြလျက် စပိန်မြို့တော် မက်ဒရစ်အား Lockdown ချမည့် အမိန့်ကို အတည်ပြုရန် ကန့်ကွက်ခဲ့ကြသည်။ ထို့ကဲ့သို့ ကန့်ကွက်ခဲ့ခြင်းကြောင့် စပိန်နိုင်ငံ၏ဗိုင်းရပ်စ်တိုက်ဖျက်ရေးနည်းဗျူ ဟာအပေါ် ဇဝေဇဝါဖြစ်မှုများ မြင့်တက်လာ ခဲ့သည်။ စပိန်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူး စက်ခံရသူစုစုပေါင်း ၈၄၈,၀၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၂၃,၇၀၀ နီးပါးရှိသည်။

ပြင်သစ်နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံတွင် ဘားဆိုင်များနှင့် ကဖေးဆိုင်များကို ပိတ်ခိုင်းထားပြီး သြစတြေးလျနှင့် ပိုလန်အပါအဝင် ဥရောပနိုင်ငံအများအပြားတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး စည်း မျဉ်းများနှင့် အခြားသောစီမံချက်များကို တင်းကျပ်စွာပြဋ္ဌာန်းထားကြသည်။

ဥရောပတိုက်တစ်ဝန်းတွင် တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ စံချိန်တင်များပြားနေပြီး ကပ်ရောဂါ ထိန်းချုပ်နိုင်ခဲ့မှုအတွက် ချီးမွမ်းခံထားရ သည့် ဂျာမနီနိုင်ငံ၌ပင် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် တစ်နေ့တည်း ဗိုင်း ရပ်စ်ကူးစက်ခံရသူ ၄,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ဂျာမနီနိုင်ငံတွင်း၌ ရောဂါပိုးကူးစက် သူ အရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာ ရခြင်းမှာ လူငယ်လူရွယ်များကြောင့်ဖြစ် ကြောင်း၊ ၎င်းတို့သည် ပါတီပွဲဆင်နွှဲခြင်း၊  ခရီးသွားခြင်းတို့ လုပ်ဆောင်ခြင်းဖြင့် ကပ် ရောဂါကို ကျော်လွှားနိုင်သည်ဟု ထင်မြင် နေကြကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အသက်အရွယ်ကြီးသူဆွေမျိုးများအား အန္တ ရာယ်ဖြစ်စေနိုင်သည်ကို စပိန်လူငယ်များ အနေဖြင့် စဉ်းစားရမည်ဖြစ်ကြောင်း ဂျာမနီ ကျန်းမာရေးဝန်ကြီး ဂျင်စ်စပန်က ပြောကြားခဲ့သည်။

ဂျာမနီတွင် ကူးစက်သူအရေအတွက် မြင့်တက်လာမှုက ဆောင်းဦး ကျောင်းပိတ် ရက်ရှည်နှင့် အချိန်ကိုက်ထွက်ပေါ်လာခြင်းကြောင့် နိုင်ငံသားများအား ပြည်ပသို့ ခရီး မထွက်ရန် ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာ ကယ်၏အစိုးရအဖွဲ့က တိုက်တွန်းခဲ့ရသည်။

ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည် ရုပ်သိမ်းခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာမည်ဆိုသည့် အာမခံချက် မရှိကြောင်း၊ စိတ်အလိုအတိုင်း လုပ်ဆောင် သော စီမံချက်များသည် စီးပွားရေးကိုသာမ က ချမှတ်ပြဋ္ဌာန်းထားပြီးဖြစ်သော ပိတ်ပင် ကန့်သတ်ချက်များကိုပါ  ထိခိုက်စေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်တွင် လူအဝင်အထွက်များပြားသည့် ဘားများနှင့်ကဖေးဆိုင်များကို တစ်လ ပိတ်ထားရန် ညွှန်ကြားထားပြီး အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ပြင်သစ်တွင် မြို့အများအပြား၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ပိတ်ပင် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်စွာ ပြဋ္ဌာန်းရန် တာဝန်ရှိသူများက စီစဉ်နေကြသည်။     

****************************************