အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
တနင်္လာနေ့

၁၂ အောက်တိုဘာ ၂၀၂၀

၂၁:၀၉:၀၇
1077846

F-35 တိုက်လေယာဉ် ဝယ်ယူရန် ကာတာ ၏ ကြိုးပမ်းမှု ကို အစ္စရေးက ဆန့်ကျင် မည်

အမေရိကန်က နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေ ကာတာထံ ရောင်းချမယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို မိမိတို့က ဆန့်ကျင်သွားမှာဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးကသာ စစ်ရေးအင်အားအသာနဲ့ ရှိနေရမယ်လို့ အစ္စရေးထောက်လှမ်းရေးဝန်ကြီး အလီကိုဟင်က ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အမေရိကန်က နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေ ကာတာထံ ရောင်းချမယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို မိမိတို့က ဆန့်ကျင်သွားမှာဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှာ အစ္စရေးကသာ စစ်ရေးအင်အားအသာနဲ့ ရှိနေရမယ်လို့ အစ္စရေးထောက်လှမ်းရေးဝန်ကြီး အလီကိုဟင်က ပြောကြားလိုက်ပါတယ်။

ကာတာဟာ F-35 တိုက်လေယာဉ်ဝယ်ယူဖို့အတွက် အမေရိကန်ကို တရားဝင်တောင်းဆိုထားတယ်လို့ Reuters သတင်းဌာနက ဖော်ပ​ပြါတယ်။

ဒီကိစ္စကို ဆန့်ကျင်မှာလားလို့ အစ္စရေးစစ်တပ်ရေဒီယိုက မေးမြန်းရာမှာ အလီကိုဟင်က ​ဆန့်ကျင်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဆန့်ကျင်သွားမှာပါ။ ဒေသတွင်း ကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့ စစ်ရေးအသာရမှုဟာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုပါ”

အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး ဩဂုတ်လမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ယူအေအီ-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ပင်လယ်ကွေ့နိုင်ငံတွေအားလုံးကို F-35 တိုက်လေယာဉ်တွေရောင်းချရေး အမေရိကန် စဉ်းစားပေးသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

သဘောတူညီချက်ရပြီး သိပ်မကြာခင်မှာပဲ အစ္စရေးက ဒီအချက်ကို မလိုက်နာလိုတဲ့ သဘောထားမျိုးတွေ ပြသလာပြီး ယူအေအီးက F-35 တိုက်လေယာဉ်ဝယ်ယူဖို့ ကြိုးစားမှုကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

*******************************************

END / 251