အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၁၂ အောက်တိုဘာ ၂၀၂၀

၂၁:၁၃:၀၃
1077847

အစ္စလာမ် အပေါ်ပြင်သစ် သမ္မတ မာခရွန် ရဲ့မှတ်ချက်တွေ နဲ့ ပတ်သက်ပြီး ယီမင်နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ရှုတ်ချ

အစ္စလာမ်နဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတမာခရွန်ရဲ့ပြောဆိုချက်တွေကို ထင်ရှားတဲ့ယီမင်လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူနဲ့နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူက ရှုတ်ချ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
                                                                                            
အစ္စလာမ်နဲ့ ပတ်သက်ပြီး ပြင်သစ်သမ္မတမာခရွန်ရဲ့ပြောဆိုချက်တွေကို ထင်ရှားတဲ့ယီမင်လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူနဲ့နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူက ရှုတ်ချ လိုက် ပါတယ်။


“အစ္စလာမ်အပေါ်မာခရွန်ရဲ့တိုက်ခိုက်မှုတွေဟာ သည်းခံခြင်းတရားမဲ့မှုနဲ့ မုန်းတီးမှုတွေကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပြီး ပြင်သစ်လိုနိုင်ငံကြီးရဲ့အကြီးအကဲအနေနဲ့ အရှက်ရ စရာကောင်းပါတယ်” လို့ တာဝါခ်ခိုလ်ကာမန်က တွစ်တာမှာရေးသားခဲ့ပါတယ်။ ပြင်သစ်ခေါင်းဆောင်အနေနဲ့ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်သူ သူ့နိုင်ငံသားတွေကို ဆန့်ကျင်တဲ့လှုံ့ဆော်မှုတွေပြောနေမဲ့အစား လေးစားမှု လက်ခံမှုတွေနဲ့ အစ္စလာမ်အကြောင်းပြောကြားဖို့ ကာမန်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။


“မာခရွန်ဟာ တစ်ယူသန်အစွန်းရောက်အဖွဲ့တွေကျေနပ်စေဖို့ မွတ်စလင်တွေနဲ့သူတို့ဘာသာတရားအပေါ် အပေါ်ဆန့်ကျင်တဲ့ တာဝန်မဲ့တဲ့သွေးထိုး လှုံ့ဆော်ရေး စကားပြောကြားခဲ့ပါတယ်။ ဒါမှသာဒီအဖွဲ့တွေကသူ့ကိုမဲပေးမှာဖြစ်ပါတယ်။” လို့သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ “အစ္စလာမ်ဟာ ပြင်သစ်မှာတင်မကပဲ ကမ္ဘာတစ်ဝန်း လုံးမှာကပ်ဆိုက်နေ တဲ့အခြေအနေရောက်နေတဲ့ ဘာသာတရားဖြစ်နေတယ်” လို့ ပြီးခဲ့တဲ့ အပတ်ကမာခရွန် ရဲ့ပြောကြားခဲ့မှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေထွက် ပေါ်လာခဲ့ပါတယ်။


Middle East Monitor သတင်းဌာနပါ “Nobel Laureate slams Macron’s remarks about Islam” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************

END / 251