အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ဗုဒ္ဓဟူးနေ့

၁၄ အောက်တိုဘာ ၂၀၂၀

၁၈:၃၃:၀၅
1078346

ဝီဂါမွတ်စလင်အရေး နဲ့ဟောင်ကောင် အရေး တို့ပေါ်မှာ တရုတ်ရဲ့သံတမန်ရေး အတင်း အကျပ်ဖိအားပေးမှု ပုံစံကို ကနေဒါ သတိပေး

ဟောင်ကောင်မှာသံတမန်ရေးအတင်းအကျပ်ဖိအားပေးဖိနှိပ်လုပ်ဆောင်မှုတွေနဲ့ ဝီဂါမွတ်စလင်တွေကိုဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ဆောင်မှုတွေဟာ ၎င်းကိုယ်တိုင် အတွက်ကော ကျန်တဲ့တစ်ကမ္ဘာလုံးအတွက်ပါ ဆန့်ကျင်ဘက်ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်လို့ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒရူးက တရုတ်ကိုသတိပေးလိုက်ပါတယ်။

        
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ  
                                                      
ဟောင်ကောင်မှာသံတမန်ရေးအတင်းအကျပ်ဖိအားပေးဖိနှိပ်လုပ်ဆောင်မှုတွေနဲ့ ဝီဂါမွတ်စလင်တွေကိုဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ဆောင်မှုတွေဟာ ၎င်းကိုယ်တိုင် အတွက်ကော ကျန်တဲ့တစ်ကမ္ဘာလုံးအတွက်ပါ ဆန့်ကျင်ဘက်ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်လို့ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒရူးက တရုတ်ကိုသတိပေးလိုက်ပါတယ်။


တရုတ်နဲ့သံတမန်ဆက်ဆံရေးနှစ်၅ဝပြည့်အထိမ်းအမှတ်အနေနဲ့ ထရူဒရူးက အင်္ဂါနေ့မှာဘေဂျင်းရဲ့မှတ်တမ်းတွေကို ရည်ရွယ်ပြောကြားလိုက်တာဖြစ်ပါတယ်။ “တရုတ်ရဲ့သံတမန်ရေးအတင်းအကျပ်ဖိအားပေးမှုတွေနဲ့ ကမ္ဘာတစ်ဝန်းကတစ်ခြားနိုင်ငံသားတစ်ချို့နဲ့အတူ ကနေဒါနိုင်ငံသားနှစ်ဦးကို တရားလွတ်ဖမ်းဆီးမှုဟာ အောင်မြင် တဲ့နည်းဗျူဟာမဟုတ်ကြောင်း မြင်လာစေဖို့ ကျွန်တော်တို့မဟာမိတ်တွေနဲ့ သေချာပေါက်ဆက်လက်လက်တွဲဆောင်ရွက်သွားမှာပါ” လို့ ထရူဒရူးက သတင်း        စာရှင်း လင်းပွဲမှာပြောကြားခဲ့ပါတယ်။


ဟောင်ကောင်အရေး၊ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဝီဂါမွတ်စလင်အရေးနဲ့ လူ့အခွင့်အရေးကာကွယ်ပေးရေး ကနေဒါရဲ့စိုးရိမ်ပူပန်မှုကို သူကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “တရုတ်လက်ကိုင်ထားလုပ်ဆောင်နေတဲ့ ပြည်တွင်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာအရေးဟာ ၎င်းကိုယ်တိုင်အတွက်ကော ကျွန်တော်တို့အားလုံးအတွက်ပါ အထူးသဖြင့်အောင်မြင် တဲ့လမ်းကြောင်းပေါ်မှာရှိမနေဘူးဆိုတာ တရုတ်ကိုစွဲမှတ်နေစေဖို့ ကမ္ဘာတစ်ဝန်းကကျွန်တော်တို့ရဲ့အဆွေတော်နိုင်ငံတွေနဲ့ ကနေဒါဟာ  ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ထရူဒရူးက ဆက်လက်ပြောကြားခဲ့ပါတယ်။


တရုတ်ရဲ့ဆက်သွယ်ရေးနည်းပညာဘီလူးကြီး ဟွာဝေးရဲ့ ဘဏ္ဍာရေးဆိုင်ရာအလုပ်အမှုဆောင်ချုပ် မန်ဂ်ဝမ်ဇူကို အမေရိကန်ရဲ့ဖမ်းဝရမ်းနဲ့ ကနေဒါရဲတပ်ဖွဲ့က ၂၀၁၈ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီးခဲ့ပြီးနောက်နှစ်နိုင်ငံကြားဆက်ဆံရေးပိုမိုဆိုးရွားလာနေခဲ့တာဖြစ်ပါတယ်။ မန်ဂ်ဟာ အီရန်အပေါ်အမေရိကန်ရဲ့အရေးယူပိတ်ဆို့ထားမှုတွေကိုချိုးဖောက်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ လိမ်လည်မှုစွဲချက်နဲ့ သူမနေအိမ်ရှိတဲ့ ဗန်ကူဗာကိုရောက်လာစဉ်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ မကြာခင်မှာပဲ တရုတ်ကလည်း ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်တဲ့ မိုက်ကယ်စပေဗါရ်နဲ့ မိုက်ကယ်ကိုဗရစ်ဂ်ျတို့ကို သူလျှိုမှုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကနေဒါနိုင်ငံသားနှစ်ဦးကို ထိန်းသိမ်းမှုဟာ မန်ဂ်ကိုကနေဒါရဲ့ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုဖြစ်နိုင်ကြောင်း အနောက်နိုင်ငံအစိုးရတွေကမြင်ထားပါတယ်။ ကနေဒါဟာလည်း တရုတ်ကိုနိုင်ငံရေးအရကော သံတမန်ရေးအရပါ ဖိအားပေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။


Al Jazeera သတင်းဌာနပါ “Canada’s Trudeau hits China on human rights, coercive diplomacy” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*******************************************************

END/251