အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၁၇ အောက်တိုဘာ ၂၀၂၀

၂၀:၁၄:၀၈
1078786

စာသင်ခန်း အတွင်း တမန်တော်မုဟမ္မဒ် (ဆွ) ပုံ ကာတွန်းရေး ဆွဲပြီး လှောင်ပြောင် သင်ကြားခဲ့တဲ့ ပြင်သစ် ကျောင်းဆရာ တစ်ဦး ဓားထိုး အသတ်ခံရ

အလယ်တန်းပြ သမိုင်းဘာသာရပ်သင်ကြားတဲ့ကျောင်းဆရာတစ်ဦးဟာ ဒီလအစောပိုင်းလောက်တုန်းက စာသင်ခန်းအတွင်းသူ့ကျောင်းသူကျောင်းသားတွေကို တမန်တော်မုဟမ္မဒ် (ဆွ) ရဲ့ကာတွန်းရုပ်ပုံတွေရေးဆြွဲပီးလှောင်ပြောင် သင်ကြားခဲ့ပြီး နောက်ကျောင်းအနီးမှာပဲဓားထိုးအသတ်ခံခဲ့ရတယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက သောကြာနေ့ ကပြောကြား လိုက်ပါတယ်။

                                                                                                 
အလယ်တန်းပြ သမိုင်းဘာသာရပ်သင်ကြားတဲ့ကျောင်းဆရာတစ်ဦးဟာ ဒီလအစောပိုင်းလောက်တုန်းက စာသင်ခန်းအတွင်းသူ့ကျောင်းသူကျောင်းသားတွေကို တမန်တော်မုဟမ္မဒ် (ဆွ) ရဲ့ကာတွန်းရုပ်ပုံတွေရေးဆြွဲပီးလှောင်ပြောင် သင်ကြားခဲ့ပြီး နောက်ကျောင်းအနီးမှာပဲဓားထိုးအသတ်ခံခဲ့ရတယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက သောကြာနေ့ ကပြောကြား လိုက်ပါတယ်။


တိုက်ခိုက်သူကို သောကြာနေ့နေ့လည်လောက်မှာ ပဲရစ်မြို့အနောက်မြောက်ပိုင်း အခင်းဖြစ်ပွားရာနေရာနဲ့လမ်းတစ်ချို့အကွာမှာပဲ ကင်းလှည့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့အဆွေတော်နိုင်ငံသားတစ်ဦးဟာ စာသင်သားတပည့်တွေကို လွတ်လပ်စွာဖော်ထုတ်ပြောကြားခြင်းအကြောင်း သင်ကြားပေးမှုအတွက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်” လို့ပြင်သစ်သမ္မတမာခရွန်က အခင်းဖြစ်ပွားရာနေရာမှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့တစ်နိုင်ငံတည်းသားကျောင်းဆရာတစ်ဦး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခံခဲ့ရပြီး အစ္စလာမ်မစ်အကြမ်းဖက်သမားတစ်ဦးရဲ့သားကောင်တစ်ဦးဖြစ်ခဲ့ရပါတယ်။ သူတို့အနိုင်မရစေရပါဘူး။ ကျွန်တော်တို့ပြင်းပြင်းထန်ထန်နဲ့ အလျင်အမြန်အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ။ ကျွန်တော်စိတ်ပိုင်းဖြတ်ထားမှုပေါ်မှာ ခင်ဗျားတို့ ယုံကြည်အားထားနိုင်ပါတယ်” လို့မာခရွန်ကဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလွန်ခဲ့တဲ့၅နှစ်လောက်က သရော်မဂ္ဂဇင်းတိုက်ချာလီဟီဘိုရဲ့ ရုံးတွေတိုက်ခိုက်ခံ ရမှုဖြစ်စဉ်တွေကို ပြန်အမှတ်ရစေခဲ့ပါတယ်။ အဲဒီတုန်းကလည်းချာလီဟီဘိုက တမန်တော်မြတ်ရဲ့ရုပ်ပြောင်ကာတွန်းပုံတွေကို ထုတ်ဝေခဲ့တာဖြစ်ပြီး ဒီကနေ့ အချိန်ထိပြင်သစ် လူ့အဖွဲ့အစည်းမှာ သဘောထားကွဲမှုတွေရှိနေဆဲဖြစ်ပါတယ်။


ကျောင်းဆရာတစ်ဦးကိုပစ်မှတ်ထားခဲ့တဲ့ သောကြာနေ့ကသတ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူအများအပြားကဒါဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု လွတ်လပ်စွာဖော် ထုတ်ပြောကြားခွင့်နဲ့ ဘာသာရေးလွှမ်းမိုးမှုကင်းတဲ့ဝါဒကိုထောက်ခံအားပေးထားတဲ့ ပြင်သစ်နိုင်ငံရဲ့အငွေ့အသက်တွေကို တိုက်ခိုက်လိုက်တာဖြစ်ကြောင်း ယူဆခဲ့ကြပါတယ်။ “ဒီညနေခင်းကတော့ ပြည်သူ့သမ္မတနိုင်ငံတိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်” လို့ ပညာရေးဝန်ကြီးဂျင်းမစ်ချယ်ဘလန်ကွာက တွစ်တာမှာရေးသားခဲ့ပါတယ်။


သောကြာနေ့ကတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ကျောင်းဆရာဟာခေါင်းဖြတ်သတ်ခံခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကိုယ်စားလှယ်တစ်ဦးနဲ့ ဥပဒေအာဏာပိုင် တစ်ဦးကပြောကြားခဲ့ ပါတယ်။

သံသယရှိတိုက်ခိုက်ရေးသမားဟာ အသက်၁၈နှစ်အရွယ် မော်စကိုဖွားတစ်ဦးဖြစ်ကြောင်း ပြင်သစ်ရုပ်သံ BFMTV ကဖော်ပြခဲ့ပါတယ်။ ဥပဒေအာဏာပိုင်တာဝန်ရှိ သူတွေကတော့ တိုက်ခိုက် သူရဲ့အမည်နဲ့ အသတ်ခံရသူတို့ရဲ့အမည်တွေကို ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။


ပြင်သစ်မီဒီယာထုတ်ပြန်ချက်တွေအရ အသတ်ခံခဲ့ရတဲ့ကျောင်းဆရာဟာ ဒီလအစောပိုင်းတုန်းကသူ့စာသင်ခန်းကကျောင်းသူကျောင်းသားတွေကို လူမှုရေးသင်ခန်းစာတစ်ခု အနေနဲ့ ကာတွန်းရုပ်ပုံတွေရေးဆွဲပြသခဲ့ တယ်လို့ဆိုပါတယ်။ အောက်တိုဘာ၉ရက်နေ့ကတင်ထားခဲ့တဲ့ တွစ်တာပို့စ်ရဲ့ဗီဒီယိုထဲမှာ အမျိုးသားတစ်ဦးက သူ့သမီးဖြစ်သူ ကအဲဒီစာသင်ခန်းထဲကကျောင်းသူ တစ်ဦးဖြစ်ပြီး ကျောင်းဆရာရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ ပြောကြားထားပါတယ်။

အာဏာပိုင်တွေကိုဒီအကြောင်းတိုင်ကြားဖို့နဲ့ ကျောင်းဆရာကိုထုတ်ပယ်သွားဖို့ ဗီဒီယိုထဲမှာပါတဲ့အမျိုးသားက တွစ်တာအသုံးပြုသူတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။
၂၀၁၅ခုနှစ်က ချာလီဟီဘိုမဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုဖြစ်စဉ် လူပေါင်း၁၃၀သေဆုံးခဲ့ရတဲ့ ၂၀၁၅ခုနှစ်နိုဝင်ဘာမှာ ဘာတာကလန်ပြဇာတ်ရုံနဲ့ ပဲရစ်မြို့အနီးဝန်းကျင် မှာပစ်ခတ်ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်တွေအပါအဝင် ပြင်သစ်ဟာပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် အများအပြားကိုမြင်တွေ့ခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့တစ်လကျော်လောက်ကလည်း ၂၀၁၅ခုနှစ်တိုက်ခိုက်မှုဖြစ်စဉ်တုန်းက အခြေစိုက်ခဲ့တဲ့ချာလီဟီဘိုရုံးခန်းအပြင်ဘက်မှာ ပါကစ္စတန်ဖွားအမျိုးသားတစ်ဦးက အသားလှီးဓါးနဲ့တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ချာလီဟီဘိုက တမန်တော်မြတ်ရုပ်ပြောင် ကာတွန်းပုံတွေပြန် လည် ထုတ်ဝေသွားဖို့ ပြီးခဲ့တဲ့ လတုန်းကဆုံးဖြတ်ခဲ့ပြီးနောက် ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


ဒီတိုက်ခိုက်သတ်ဖြတ်မှုတွေကို အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့အလ်ကိုင်ဒါကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီရုပ်ပြောင်ကာတွန်းတွေပြန်ထုတ်ဝေခဲ့ပြီးနောက် ချာလီဟီ ဘိုကိုနောက် တစ်ကြိမ် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။


Reuters သတင်းဌာနပါ Tangi Salaun and Geert De Clercq တို့ရေးသားသည့် “Teacher knifed to death in France after showing class cartoons of Prophet Mohammad” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

********************************

END / 251