အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၂၃ အောက်တိုဘာ ၂၀၂၀

၁၈:၀၈:၂၂
1080458

အမေရိကန်လျှို့ဝှက်ချက် ထုတ်ဖော်ခဲ့သူ စနိုးဒန်း ရုရှားတွင် အမြဲတမ်းနေထိုင်ခွင့်ရ

အမေရိကန်အစိုးရ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖွင့်ချခဲ့သူ အက်ဒ်ဝပ်စနိုးဒန်းကို ရုရှားအစိုးရက အမြဲတမ်းနေထိုင်ခွင့်ပေးထားတယ်လို့ ရှေ့နေဖြစ်သူက အောက်တိုဘာ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အမေရိကန်အစိုးရ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖွင့်ချခဲ့သူ  အက်ဒ်ဝပ်စနိုးဒန်းကို  ရုရှားအစိုးရက အမြဲတမ်းနေထိုင်ခွင့်ပေးထားတယ်လို့ ရှေ့နေဖြစ်သူက အောက်တိုဘာ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ  အမေရိကန်အစိုးရ လျှို့ဝှက်သတင်းဖိုင်တွေ ပေါက်ကြားခဲ့ပြီးနောက် စနိုးဒန်းဟာ  အမေရိကန်က ထွက်ပြေးပြီး ရုရှားမှာ ခိုလှုံနေခဲ့ပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှာ ကန်ထရိုက်တာအဖြစ် သူလုပ်ခဲ့တုန်း က အေဂျင်စီက လုပ်ခဲ့တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ထောက်လှမ်းရေးလုပ်ငန်း အများအပြားကို စနိုးဒန်းက လူသိထင်ရှား ဖွင့်ချခဲ့တာပါ။

ဒါကြောင့် အမေရိကန်အာဏာပိုင်တွေက စနိုးဒန်းကို လွှဲပြောင်းရယူပြီး သူလျှိုမှု စွဲချက်တွေနဲ့ သူ့ကို ရုံးတင်စစ်ဆေးချင်နေတာပါ။

စနိုးဒန်းရဲ့ နေထိုင်ခွင့်သက်တမ်းက ကုန်ဆုံးခါနီးဖြစ်နေပြီး သက်တမ်းတိုးဖို့ ပြောထား တယ်လို့ စနိုးဒန်း ရှေ့နေက ရိုက်တာကို ပြောခဲ့ပါတယ်။

ကပ်ရောကြောင့် သက်တမ်းတိုးတဲ့ လုပ်ငန်းစဉ်ဟာ ခါတိုင်းထက် ပိုကြန့်ကြာနေတယ်လို့  သူ့ ရှေ့နေက ဆိုပါတယ်။

ရုရှားရုပ်သံ TASS ကို ပြောရာမှာတော့ ရှေ့နေက စနိုးဒန်းဟာ ဒီအခြေအနေမှာ  ရုရှား ပတ်စ်ပို့ လျှောက်ထားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။  

အက်ဒ်ဝပ်စနိုးဒန်းဟာ ရုရှားနိုင်ငံမှာ  လူမသိ သူမသိ နေထိုင်နေပြီး နိုင်ငံရဲ့ သဘာဝအလှ တရားနဲ့ ရုရှားလူမျိုးတွေရဲ့ နွေးထွေးမှုကို ချီးကျူးလေ့ရှိပေမယ့် ရုရှားအစိုးရမူဝါဒကိုတော့ မကြာ မကြာ ဝေဖန်လေ့ရှိတယ်လို့ ရိုက်တာက ရေးသားပါတယ်။

################################

END/251