အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၃၁ အောက်တိုဘာ ၂၀၂၀

၁၉:၅၆:၅၂
1082479

နိုက်စ်မြို့ တိုက်ခိုက်မှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြင်သစ်မွတ်စလင်တွေက ဒေါသဖြစ် ဝမ်းနည်း ရကြောင်း ထုတ်ဖော်ပြော ဆို

ပြင်သစ်ကမ်းခြေမြို့လေးဖြစ်တဲ့ နိုက်စ်မှာ ကြာသာပတေးနေ့ကလူသုံးဦးအသတ်ခံခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင် သစ်မွတ်စလင်တွေက ဒီရာဇဝတ်မှုဟာ သူတို့ကိုးကွယ်ယုံကြည်ရာဘာသာတရားတန်ဖိုးတွေကို ကိုယ်စားပြုခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ကို ရှုတ်ချပြော ဆိုလိုက်ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



ခရစ်ယာန်ဘုရားကျောင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဖြစ်ရပ်ဟာ မွတ်စလင်နိုင်ငံတွေနဲ့ပြင်သစ်ကြား တင်းမာမှုတွေမြင့်တက်လာချိန်မှာ တစ်လအတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။ တမန်တော်မြတ်ပုံသရော်ကာတွန်းရေးဆွဲမှုကို ပြင်သစ်သမ္မတမာခရွန်က ကာကွယ်ပြောကြား ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်သွားဖို့ တောင်းဆိုမှုတွေမြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။


ဒီလိုဆိုးရွားတဲ့ရာဇဝတ်မှုကျူးလွန်သူတွေဟာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကြား ကွဲပြားခြားနားခြင်းမရှိကြောင်းနဲ့ ဖီလာဆန့်ကျင်နေတဲ့အတွေးအခေါ်တွေကို အစ္စလာမ်ထဲသွင်းနေခဲ့တာဖြစ်ကြောင်း ပြင်သစ်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ယာစီရ်လော်ရ်တီက ဆိုပါတယ်။ “အမျိုးသမီးတစ်ဦး ဘုရားကျောင်း ထဲမှာခေါင်းဖြတ်အသတ်ခံခဲ့ရပါတယ် ဒီအစွန်းရောက်သမားတွေဟာ အထွတ်အမြတ်ထားရာနေရာတွေကို ဂရုစိုက်ခြင်းမရှိသလို သူတို့အတွက်ကျင့် ဝတ်စည်းဆိုတာလည်းမရှိပါဘူး” လို့လော်ရ်တီက အလ်ဂျာဇီးယားကိုပြောကြားခဲ့ပါတယ်။


“ကမ္ဘာတစ်ဝန်းကဗလီတွေမှာ အသတ်ခံခဲ့ရတဲ့လူ ၇၅၀လောက်ရှိပါတယ်။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဒီအစွန်းရောက်အတွေးအခေါ်တွေဟာပြန့်နှံ့နေပြီး ဒီအစွန်းရောက်အတွေးအခေါ်တွေကိုနှိမ်နင်းဖို့ ကျွန်တော်တို့အများကြီးရှုံးနိမ့်နေခဲ့ရပါပြီ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“ဒီတိုက်ခိုက်မှုတွေဟာဆိုးရွားပါတယ် လူတွေငြိမ်းချမ်းရေးရှာဖွေကြိုးပမ်းနေတဲ့နေရာမှာ ဆိုးရွားတာတွေပဲနှစ်ဆဖြစ်နေသလိုပါပဲ” လို့ ဘာရာကာမြို့ပရဟိတအဖွဲ့ကတက်ကြွလှုပ်ရှားသူ အီဒ်ရစ်စီဟမ်မက်ဒီက တွစ်တာမှာရေးသားခဲ့ပါတယ်။ “ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေအတွက် အားပေးထောက်ပံ့မှုတွေလုပ်ဆောင်ရမှာဖြစ်သလို ယုံကြည်ချက်လည်းထားရှိရပါမယ်။ ပြင်သစ်ဟာ ရူးသွပ်မှုတွေ မုန်းတီးမှုတွေ ဒေါသထွက်မှုတွေနဲ့ လက်စားချေမှုတွေထဲ နှစ်မြုပ်နေပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


ငြိမ်းချမ်းရေးနဲ့မတူကွဲပြားအတူယှဉ်တွဲနေထိုင်ရေးကိုပြသခဲ့တဲ့ တမန်တော်မြတ်ရဲ့တန်ဖိုးတွေကို ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖိုင်ဇာဘန်မိုဟာမက် ကထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ “တမန်တော်မြတ်အမှာစကားပြောခဲ့ပါတယ်။ ဂျူးတစ်ယောက် ဒါမှမဟုတ် ခရစ်ယာန်တစ်ယောက်ကို ထိခိုက်အောင်လုပ်တဲ့ဘယ်သူမဆို တရားစီရင်မဲ့နေ့မှာ သူ့ရဲ့ရန်သူအဖြစ်သာ တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်” လို့သူမကဆိုပါတယ်။ Front de Meres လုပ်ငန်းစုထူထောင်သူ ဖွာတေမာအိုဆက်ခ်က ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုနဲ့ထပ်တူခံစားရကြောင်းနဲ့ ဒီလိုခက်ခဲနေတဲ့အချိန်မှာ လူတွေနဲ့အတူစည်းလုံးညီညွတ်စွာရပ်တည်သွားဖို့ အရေးပါကြောင်းပြောကြားခဲ့ပါတယ်။


“ဒီလိုငရဲသံသရာနဲ့ အကြမ်းဖက်မှုတွေဖန်တီးတဲ့ တာဝန်ရှိအမုန်းတရားဖန်တီးသူတွေကို ကျွန်မတို့ဆန့်ကျင်ပါတယ် လူသားဂုဏ်သိက္ခာတန်ဖိုးအတွက် ကျွန်မတို့ လေးစားမှုထားပြီး တန်းတူညီမျှနဲ့ တရားမျှတစွာ အတူတကွရပ်တည်ကြရအောင်ပါ” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။ နိုက်စ်မှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ဒေါသထွက်မိသလိုရွံရှာမိကြောင်း ရုပ်သံအစီအစဉ်တင်ဆက်သူ ဆာဘာတီယန်အဗ်ဒယ်ဟာမစ်က ပြောကြားခဲ့ပါတယ်။ “ထိခိုက်သေဆုံးခဲ့ရသူတွေနဲ့ သူတို့မိသားစုတွေနဲ့ထပ်တူခံစားရပါတယ်။ ဒီအရိုင်းအစိုင်းကောင်တွေက လူတွေမဖြစ်နိုင်ပါဘူး” လို့သူကပြောကြားခဲ့ပါတယ်။


ဒီဖြစ်ရပ်ပေါ်မှာနိုင်ငံရေးအရ အကျိုးအမြတ်ရှာသူတွေကိုလည်း တစ်ခြားသူတွေကဒေါသထွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ နိုက်စ်မြို့တိုက်ခိုက် မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ယာဝါဒီခေါင်းဆောင်မာရင်းလီပန်က “ကျွန်မတို့ရဲ့အဆွေတော်နိုင်ငံသားတွေအပေါ် အစ္စလာမ်မစ်စစ်ပွဲလုပ်ရပ်တွေ ထင်ထင်ရှားရှား နဲ့အရှိန်မြင့်လာနေပါတယ် ဒါကြောင့် ပြင်သစ်မြေကနေ အစ္စလာမ်မစ်ဝါဒကို အမြစ်ပြတ်နှိမ်နင်းဖို့ ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တယ်”လို့ ရေးသားထားပါတယ်။

    ဒါကိုလူမှုမီဒီယာအသုံးပြုသူတစ်ဦးက “သူမကထိခိုက်သေဆုံးခဲ့ရသူတွေအတွက် အားပေးထောက်ခံမှုတောင်မပြသပဲ သူမရဲ့နိုင်ငံရေးအကျိုးအမြတ်ရဖို့ ဒီတိုက်ခိုက်မှုဖြစ်ရပ် ကိုအသုံးချနေတာ  ခင်ဗျားတို့သဘောပေါက်ဖို့လိုတယ်” လို့တွစ်တာအသုံးပြုသူတစ်ဦးကရေးသားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “French Muslims express anger, sadness’ after Nice attack” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

####################################################

END / 251