အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ဗုဒ္ဓဟူးနေ့

၄ နိုဝင်ဘာ ၂၀၂၀

၁၇:၃၀:၂၇
1083524

မွတ်စလင် အမျိုးသမီး အမတ် အီလ်ဟန်အိုမာ အမေရိကန် လွှတ်တော် မှာ ဒုတိယ အကြိမ်ပြန်ရွေးကောက် ခံရ

အမေရိကန် မွတ်စလင်ကိုယ်စားလှယ်အမတ် အီလ်ဟန်အိုမာဟာ မင်နီဆိုတာပြည်နယ် မင်နီပိုလစ်ခရိုင်က မင်နီဆိုတာလွှတ်တော်ထဲမှာ ဒုတိယအကြိမ်ပြန်ရွေးကောက် ခံ ခဲ့ရပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အမေရိကန် မွတ်စလင်ကိုယ်စားလှယ်အမတ် အီလ်ဟန်အိုမာဟာ မင်နီဆိုတာပြည်နယ် မင်နီပိုလစ်ခရိုင်က မင်နီဆိုတာလွှတ်တော်ထဲမှာ ဒုတိယအကြိမ်ပြန်ရွေးကောက် ခံ ခဲ့ရပြီဖြစ်ပါတယ်။


အိုမာ ၃၈နှစ်က သူမရဲ့ရီပတ်ပလစ်ကန်ပြိုင်ဘက် အာဖရိကန်အမေရိကန်စီးပွားရေးလုပ်ငန်းရှင် လေစီဂျွန်ဆင်ကို  မဲအရေအတွက် ၆၄.၆%နဲ့ အနိုင်ရရှိခဲ့တာဖြစ်ကြောင်း AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ဂျွန်ဆင်က မဲအရေအတွက် ၂၅.၉%သာ ရရှိခဲ့တာဖြစ်ပါတယ်။ အိုမာဟာ အမေရိကန်လွှတ်တော်ရဲ့ ပထမဆုံးဆိုမာလီအမတ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပထမဆုံးရွေးကောက်ခံခဲ့ရတဲ့ မွတ်စလင်အမျိုးသမီးအမတ်နှစ်ဦး ထဲကတစ်ဦးဖြစ်ပါတယ်။


အိုမာဟာ ဆိုမာလီယာကနေဒုက္ခသည်တစ်ဦးအဖြစ်ရောက်လာခဲ့ပြီး အမျိုးသားရေးပုံရိပ်တစ်ခုကိုထူထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ သူမဟာ မင်နီဆို တာရဲ့ ဥပဒေပြုအမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

လစ်ဘရယ်အရေးကိစ္စတွေ အစ္စရေးဆန့်ကျင်ရေးမှတ်ချက်တွေနဲ့ အမေရိကန်သမ္မတထရန့်နဲ့ထိပ်တိုက်တွေ့တဲ့နေရာတွေမှာ သူမရဲ့ပြတ်သားတဲ့ထောက်ခံမှုတွေကြောင့် ပိုပြီးတော့တောင် ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ သူမဟာသမ္မတနဲ့ တစ်ခြားရီပတ်ပလစ်ကန်တွေရဲ့ဝေဖန်မှုတွေရဲ့ပစ်မှတ် မကြာခဏဆိုသလိုဖြစ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့လတုန်းက ရွေးကောက်ပွဲအောင်နိုင်ရေးလှုံ့ဆော်ရေးကမ်းပိန်းတစ်ခုမှာ သမ္မတထရန့်က သူမကို အမေရိကန်မဟုတ်ဘူးလို့ ချိုးနှိမ်ပြောဆိုခဲ့ပြီးနောက် ထရန့်ကို လူမျိုးရေးခွဲခြား သူလို့ အိုမာကပြန်တုံ့ပြန်ခဲ့ပါတယ်။ သူမရဲ့ရီပတ်ပလစ်ကန်ပြိုင်ဘက် ဂျွန်ဆင် ၆၆နှစ်က ပထမဆုံးအကြိမ်အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သူဟာ သတင်းအချက်အလက်နည်းပညာလုပ်ငန်းနောက်ခံရှိထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပဲဖြစ်ပါတယ်။


Al Jazeera သတင်းဌာနပါ “Ilhan Omar wins re-election to US House of Representatives” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

********************************

END /251