အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
အင်္ဂါနေ့

၁၀ နိုဝင်ဘာ ၂၀၂၀

၁၆:၁၀:၂၅
1085128

ပါလက်စတိုင်း နေအိမ်တွေ ကို အစ္စရေးရဲ့ ဖျက်ဆီးဖြိုချ မှုဟာ ရက်စက် တဲ့ အကြမ်းဖက် လုပ်ရပ် အဖြစ် အိုင်ယာလန် ရှုတ်ချ

ပါလက်စတိုင်းနေအိမ် ၈၀ခန့်ကို အစ္စရေးရဲ့ဖျက်ဆီးဖြိုချမှုဟာ ရက်စက်ပြီးအကြမ်းဖက်တဲ့လုပ်ရပ်အဖြစ် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး စီမွန်ကွန်ဗ်နေးက ရှုတ်ချလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပါလက်စတိုင်းနေအိမ် ၈၀ခန့်ကို အစ္စရေးရဲ့ဖျက်ဆီးဖြိုချမှုဟာ ရက်စက်ပြီးအကြမ်းဖက်တဲ့လုပ်ရပ်အဖြစ် အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး စီမွန်ကွန်ဗ်နေးက ရှုတ်ချလိုက်ပါတယ်။

ဒီလအစောပိုင်းတုန်းက အသိမ်းပိုက်ခံအနောက်ဘက်ကမ်းက ခီရ်ဘက်ဟွမ်ဆာကျေးရွာကို အစ္စရေးတပ်ဖွဲ့တွေရဲ့ ဖျက်ဆီးဖြိုချမှုကို အိုင်ယာလန်ဝန်ကြီးက ရှုတ်ချလိုက်တာပဲဖြစ်ပါတယ်။ “ပုဂ္ဂလိကလူထုရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှုဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေအောက်မှာ ရှင်းရှင်းလင်းလင်းကို တားမြစ်ထားတဲ့အရာပဲဖြစ်ပါတယ်။” လို့ ကွန်ဗ်နေးကပြောကြားခဲ့ပါတယ်။

“ပါလက်စတိုင်းမိသားစုတွေကိုမောင်းထုတ်ပြီး သူတို့ရဲ့နေအိမ်တွေကို ဖျက်ဆီးဖြိုချမှုဟာ ရက်စက်တဲ့အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုအင်အားနည်းပါးတဲ့သူတွေကို အာဏာပိုင်တွေအနေနဲ့ မမျှမတလုပ်ရမှာမဟုတ်ပဲ ကာကွယ်ပေးသင့်ပါတယ်။” လို့သူကပြောကြားခဲ့ပါတယ်။

“အိုင်ယာလန် အီးယူနဲ့ လူသားချင်းစာနာထောက်ထားရေးအသိုင်းအဝန်းတွေက ဒီလိုထိခိုက်ခံစားခဲ့ရသူတွေကို အားပေးထောက်ပံ့ဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် အစ္စရေးအနေနဲ့ ဒေသခံအသိုင်းအဝန်းတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်” လို့ ကွန်ဗ်နေးကဆိုပါတယ်။ ဒီဖျက်ဆီးဖြိုချမှုပမာဏကို တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တုန်လှုပ်ခဲ့ကြပါတယ်။ ပုံမှန်ဆိုအစ္စရေးက နေ့စဉ်အိမ်တစ်ချို့ကိုသာဖျက်ဆီးရေးတွေလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ခီရ်ဘက်ဟွမ်ဆာကျေးရွာ ကို ဖျက်ဆီးဖြိုချမှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြီးမားဆုံးနေရပ်စွန့်ခွာရွှေ့ပြောင်းရတဲ့ဖြစ်ရပ်ဖြစ်ကြောင်း ကုလအချက် အလက်တွေကဖော်ပြနေ ပါတယ်။

ပါလက်စတိုင်းနေအိမ်တွေကို ဖျက်ဆီးဖြိုချရေးတွေတားဆီးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အစ္စရေးအစိုးရကိုဖိအားပေးသွားဖို့ ဂျော်ဒန်က လည်းတိုက်တွန်းပြောကြားခဲ့ပါတယ်။

နေအိမ်တွေကိုဖျက်ဆီးဖြိုချမှုဟာ ရွံရှာစရာကကောင်းပြီး နိုင်ငံတကာဥပဒေတွေကိုလူသားမဆန်စွာ ချိုးဖောက်မှုတွေဖြစ်ကြောင်း ဂျော်ဒန်ဘုရင်မ နူရ်အလ်ဟူစိန်က ပြောကြားခဲ့ပါတယ်။

အစ္စရေးကော်မတီရဲ့ဖော်ပြမှုတွေအရ ဗြိတိန်နဲ့ အစ္စရေးတို့ဟာ ၁၉၆၇ခုနှစ်ကတည်းက ပါလက်စတိုင်းနေအိမ်နဲ့ အဆောက်အဦး ၅၅၀၀၀ ကျော်ကိုဖျက်ဆီးဖြိုချခဲ့ကြောင်းဖော်ပြထားပါတယ်။ အစ္စရေးရဲ့ ဖျက်ဆီးဖြိုချမှုရဲ့ ၉၉%ဟာ နိုင်ငံတကာ ဥပဒေကိုဆိုးဆိုးရွားရွားချိုးဖောက်ထားပါတယ်။

Middle East Monitor သတင်းဌာနပါ “Ireland condemns Israel’s brutal and violent demolition” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


*************************

END / 251