အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၁၆ နိုဝင်ဘာ ၂၀၂၀

၂၀:၀၅:၅၂
1086837

လူမျိုးရေးထက် ဘာသာရေး နဲ့ ပတ်သက်ပြီး သည်းမခံနိုင်မှု ဟာ ပိုမို ကြီးမား နေကြောင်း အစီရင် ခံစာဖော်ပြ

ပုဂ္ဂိုလ်ရေးဆိုင်ရာတစ်ဖက်သတ်အစွဲအလမ်းရဲ့နောက်ဆုံးနယ်ပယ်အစွန်းတစ်ခုဖြစ်ပြီး ယုံကြည်မှုဆိုင်ရာသဘောထားတွေနဲ့အတူ လူမျိုးရေးဆိုင်ရာ သို့မဟုတ် နိုင်ငံသားဆိုင်ရာထက်ပိုပြီး အနုတ်သဘောဆောင်တဲ့သဘောထားအမြင်တွေကို တွန်းအားပေးနေကြောင်း အစီရင်ခံစာတစ်ခုမှာဖော်ပြခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပုဂ္ဂိုလ်ရေးဆိုင်ရာတစ်ဖက်သတ်အစွဲအလမ်းရဲ့နောက်ဆုံးနယ်ပယ်အစွန်းတစ်ခုဖြစ်ပြီး ယုံကြည်မှုဆိုင်ရာသဘောထားတွေနဲ့အတူ လူမျိုးရေးဆိုင်ရာ သို့မဟုတ် နိုင်ငံသားဆိုင်ရာထက်ပိုပြီး အနုတ်သဘောဆောင်တဲ့သဘောထားအမြင်တွေကို တွန်းအားပေးနေကြောင်း အစီရင်ခံစာတစ်ခုမှာဖော်ပြခဲ့ပါတယ်။


မတူကွဲပြားမှုဆိုင်ရာအပေါ်မှာ ၂နှစ်ကြာ သုတေသနပြုလေ့လာခဲ့တဲ့ ဝုလ်ဖ်အင်စတီကျူ့အဖွဲ့အစည်း (Woolf Institute) ရဲ့ “ကျွန်တော်တို့ဘယ်လိုအတူတကွယှဉ်တွဲနေထိုင်ကြမလဲ”(ံHow We Get Along) ဆိုတဲ့ သုတေသနအစီရင်ခံစာထဲမှာ မတူကွဲပြားတဲ့လူမျိုးစု မတူကွဲပြားတဲ့နိုင်ငံနောက်ခံရှိတဲ့ လူတွေကို လူအများစုက သည်းခံသဘောထားကြီးပေးတတ်ကြပေမယ့် လူအများအပြားကတော့ ဘာသာရေးပေါ်မှာ အခြေခံပြီး အနုတ်သဘောဆောင်တဲ့ သဘောထားတွေရှိကြောင်း ကောက်ချက်ချဖော်ပြခဲ့ပါတယ်။


“လူအများအပြားအတွက် ဘာသာရေးဟာ အနီရောင်စည်းတစ်ခုပဲဖြစ်ပါတယ် အထူးသဖြင့် မွတ်စလင်တွေရဲ့အရေးကိစ္စမျိုးမှာဖြစ်တယ်” လို့ အင်္ဂလန်နဲ့ဝေးလ်စ်က အရွယ်ရောက်ပြီးသူ ၁၁၇၀၀ဦး ကိုစစ်တမ်းကောက်ယူထားတဲ့အပေါ်မှာ အခြေခံတဲ့သုတေသနအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ စစ်တမ်းကိုဖြေကြားခဲ့တဲ့ လူမည်းမဟုတ်သူ (သို့) အာရှနွယ်ဖွားတွေရဲ့ လေးပုံပုံ သုံးပုံနီးပါးက သူတို့ရဲ့ဆွေမျိုးတွေကို လူမည်း(သို့) အာရှသားတွေနဲ့ အိမ်ထောင်ပြုတာမျိုးမှာသဘောတူမှုရှိပေမယ့် မွတ်စလင်တစ်ဦးနဲ့အိမ်ထောင်ပြုတာမျိုးမှာ သဘောတူသူ ၄၃%ပဲရှိပါတယ်။


မွတ်စလင်တွေဟာ မကြာခဏဆိုသလို တစ်ခြားဘာသာရေးယုံကြည်သက်ဝင်သူအဖွဲ့တွေရဲ့ အနုတ်သဘောဆောင်တဲ့သဘောထားတွေနဲ့ထင်မြင်မှုခံနေရသလို မွတ်စလင်အဖွဲ့တွေကိုယ်တိုင်လည်း တစ်ခြားဘာသာဝင်တွေအပေါ် အနုတ်သဘောဆောင်တဲ့သဘောထားတွေရှိနေကြောင်း အစီရင်ခံစာထဲမှာဆိုပါတယ်။ အိမ်ထောင်ပြုမှုဟာ သည်းခံခြင်းတရားနဲ့ တစ်ဖက်သတ်အစွဲအလမ်းတွေကို တိုင်းတာတဲ့နည်းလမ်းဆိုတဲ့ မေးခွန်းအပေါ်မှာ သုတေသနပညာရှင်တွေက အာရုံစိုက် လေ့လာခဲ့တာဖြစ်ပါတယ်။ လူထုဟာ မတူကွဲပြားတဲ့လူမျိုးစု မတူကွဲပြားတဲ့နိုင်ငံသားတွေနဲ့ ထိမ်းမြားမှုတွေနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့သဘောထားအများအပြားရှိတာကို သူတို့ကတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မွတ်စလင်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ပါကစ္စတန်နီဆိုတဲ့ စကားလုံးထက် အနုတ်သဘောဆောင်တဲ့သဘောထားတွေ ပိုရှိနေတာကို တွေ့ရှိခဲ့ပါတယ်။


ဘာသာရေးပေါ်အခြေခံပြီး တစ်ဖက်သတ်မလိုမုန်းထားတဲ့အစွဲအလမ်းတွေဟာ ပညာရေးပိုင်းအားနည်းခဲ့ကြတဲ့ အသက်၇၅နှစ်အထက်လူတွေ အာရှလူမျိုးစုတွေကမဟုတ်တဲ့လူနည်းစုလူမျိုးစုတွေနဲ့ ရိုတက်စတင့်အသင်းတော်ဝင် နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေ ကြားမှာ ပိုမိုပြင်းထန်တာကို သုတေတနအစီရင်ခံစာကတွေ့ရှိခဲ့ပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစု မတူကွဲပြားတဲ့နိုင်ငံသားနဲ့ မတူကွဲပြားတဲ့ဘာသာရေးနောက်ခံရှိထားတဲ့သူတွေနဲ့ သူတို့ ရဲ့ရင်းနှီးတဲ့ဆွေမျိုးထဲကတစ်ဦးဦး လက်ထပ်ထိမ်းမြားတာနဲ့ပတ်သက်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုပြီးလက်ခံနိုင်ခြင်းမရှိတာကို အစီရင်ခံစာထဲမှာ တွေ့ရှိခဲ့ရပါတယ်။


ဟိန္နူတွေ ဆစ်ခ်စ်လူမျိုးတွေ ဂျူးတွေ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေကြားစစ်တမ်းကောက်ယူမှုအရ အများစုဟာ သူတို့ဆွေမျိုးတစ်ဦး မွတ်စလင် တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားတာကို လက်ခံနိုင်ခြင်းမရှိဘူး လို့ဆိုပါတယ်။ ခရစ်ယာန်တွေကြားမှာတော့ ထူးခြားတဲ့လူနည်းစုတစ်စုဖြစ်ခဲ့ပါတယ်။ မွတ်စလင်အများစုဟာလည်း သူတို့ရဲ့ဆွေမျိုးတစ်ဦးက ဗုဒ္ဓဘာသာဝင် ဟိန္နူ၊ ဂျူး၊ ဆစ်ခ်စ်လူမျိုး ဒါမှမဟုတ် ဘာသာမဲ့တစ်ဦးနဲ့ အိမ်ထောင်ပြုတာမျိုး လိုလားခြင်းမရှိပါဘူး။ မွတ်စလင်၁၀ဦးမှာ လေးဦးနီးပါးက သူတို့ရဲ့ဆွေမျိုးတစ်ဦး ခရစ်ယာန်တစ်ဦးနဲ့ ထိမ်းမြားတာကိုလက်ခံနိုင်ခြင်းမရှိပါဘူး။


လူနည်းစုဘာသာဝင်အသိုင်းအဝန်းတွေကြားမှာလည်း ထူးခြားတဲ့မျိုးဆက်အပြောင်းအလဲတွေနဲ့ တွေ့ကြုံနေရတဲ့ သဘောထားအမြင်တွေကိုလည်း အစီရင်ခံစာ ကတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဗြိတိန်မွတ်စလင်အမျိုးသမီးတွေဟာ ဘယ်အချိန် ဘယ်သူနဲ့ ဘယ်လိုအိမ်ထောင်ပြုမလဲဆိုတာမျိုး ဆုံးဖြတ်နိုင်တဲ့ ပိုမိုလွတ်လပ် မှုတွေရှိထားပါတယ်။


The Guardian သတင်းဌာနပါ Harriet Sherwood ရေးသားသည့် “Religious intolerance is bigger cause of prejudice than race; says report” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251