အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၀ နိုဝင်ဘာ ၂၀၂၀

၂၀:၁၈:၃၆
1087844

ဒူဘိုင်း တွင် အွန်လိုင်း နည်း ဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲ ကျင်းပ မည်

(၁၄) ကြိမ်မြောက် ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲအား အစ္စလာမ်မီ ဖောင်ဒေးရှင်း ၏ အကူအညီ ဖြင့် အွန်လိုင်း နည်းဖြင့် ကျင်းပမည် ဖြစ်ပါတယ်။


အေက်နာ ကျမ်းတော်မြတ်ကုရ်အာန် သတင်းဌာန ၏ သတင်း အထောက်အထားများ အရဤ (၁၄ ) ကြိမ်မြောက် ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲအား ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပမည် ဖြစ်ပါတယ်။ ဤပြိုင်ပွဲအား ဒူဘိုင်းတွင်ကျင်းပမည် ဖြစ်ပြီး အစ္စလာမ်မီ စင်တာ ပေါင်းစုံ မှ ၉၇ ဦးပါဝင် ယှဉ် ပြိုင် ကြမည် ဖြစ်ပါတယ်။

အစ္စလာမ်မီ ဖောင်ဒေးရှင်း နှင့် ကုသိုလ်ဖြစ် အဖွဲ့အစည်း ၏ ဒါရိုက်တာ ဟမ်ဒါဟ် အဲဟ်မဒ် အလ်မဟီးရာ မှ ဤ ပြိုင်ပွဲအား ကျမ်းတော်မြတ်ကုရ်အာန် အာဂုံဆောင်များ ကို အားပေး အားမြှောက် ပြုရန်နှင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ သွန်သင်ဆုံးမ မှုအား ဖြန့်ဝေ ရန် ရည်ရွယ်ချက်နှင့် ကျင်းပ ကြောင်း ယှဉ်ပြိုင်မည့် အုပ်စု မှာ ၆ အုပ်စု ရှိမည် ဖြစ်ပြီး ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင် ကဏ္ဍ ၊ အစောင် ၁ မှ အစောင်၂၀ အထိ အာဂုံဆောင် ကဏ္ဍ ၊ အစောင် ၁ မှ ၁၀ စောင်အထိ အာဂုံဆောင်ကဏ္ဍ ၊ အစောင် ၂၀ မှ အစောင် ၃၀ အထိ အာဂုံဆောင်ကဏ္ဍ တို့ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း မှ ဆက်လက်ပြီး ပထမ အစောင်မှ အစောင် ၅ အထိ လည်း ကလေးငယ်များ အကြား ပြိုင်ကြမည် ဖြစ်ပါတယ်။ ဒူဘိုင်း မှလည်း ကလေးမများ ပါဝင်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါရိုက်တာ ဟမ်ဒါဟ် အဲဟ်မဒ် အလ်မဟီးရာ မှ ဆက်လက်ပြီး ကလေးငယ်များ ကဏ္ဍ တွင် အသက် ၁၀ နှစ် မှ ၁၃နှစ်အထိ ၃စောင် အာဂုံဆောင် ကဏ္ဍ ဖြစ်ပြီး မသန်စွမ်းသည့် ကလေးမများ မှ စူရဟ် မွန်လ်က် နှင့် စူရဟ် အန်မာ အား အာဂုံဆောင် ပြိုင်ရမည် ဟု သိရှိ ရပါတယ်။

ပြီးခဲ့သည့် (၁၃) ကြိမ် မြောက် ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲတွင်လည်း အာဂုံဆောင် ၃၃ ဦး အား ဆု ချီးမြှင့် ခဲ့ကြောင်းလည်း သိရှိရပါတယ်။

******************************************

END / 251