အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၁၀ ဒီဇင်ဘာ ၂၀၂၀

၂၀:၁၄:၄၅
1094437

ဘင်လာဒင် ကို အမေရိကန်ခြေရာ ခံနိုင်အောင် အစ္စရေး ကကူညီပေး ခဲ့ကြောင်း စီအိုင်အေ အကြီး အကဲဟောင်း ဖွင့်ဟ

ပါကစ္စတန်တွေအတွက် နောက်ထပ်စဉ်းစားစရာတစ်ခုရှိလာပါပြီ။ အဲဒါကတော့ ၉/၁၁ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ အလ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် အိုစမာဘင် လာဒင်ရဲ့တည်နေရာ အတိအကျကိုခြေရာခံပြီး အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေက အမေရိကန်ကိုကူညီပေးခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပါကစ္စတန်တွေအတွက် နောက်ထပ်စဉ်းစားစရာတစ်ခုရှိလာပါပြီ။ အဲဒါကတော့ ၉/၁၁ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ အလ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် အိုစမာဘင် လာဒင်ရဲ့တည်နေရာ အတိအကျကိုခြေရာခံပြီး အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေက အမေရိကန်ကိုကူညီပေးခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။


ဘင်လာဒင်ဟာ ၂၀၁၁ခုနှစ်က ပါကစ္စတန်မြို့ အဗ်ဘိုတာဗက်ဒ်မှာ အမေရိကန်စစ်ဘက်-စီအိုင်အေပူးပေါင်းစစ်ဆင်ရေးမှာ သုတ်သင်ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကို သုတ်သင်မှုဟာ အမေရိကရဲ့အလိုအရှိဆုံးအကြမ်းဖက်သမားရဲ့တည်နေရာကို သိရှိခြင်းမရှိကြောင်းငြင်းဆန်ထားတဲ့ အစ္စလာမ်မာဘတ်မှာ နက်နက်ရှိုင်းရှိုင်း စုံစမ်း စစ်ဆေးမှုတွေဖြစ် လာစေခဲ့ပါတယ်။ ဘင်လာဒင်ဟာ ပါကစ္စတန်စစ်ဘက်ရဲ့ ဗဟိုအကယ်ဒမီကျောင်းနဲ့နီးတဲ့ အိမ်ကြီးတစ်ခုမှာနေထိုင်နေခဲ့တယ်ဆိုတဲ့ သတင်းဟာ ပြည်တွင်း ပြည်ပ ကို ပြင်းပြင်းထန်ထန်ဒေါသထွက်စေခဲ့ ပါတယ်။ တောင်အာရှနိုင်ငံကိုယ်တိုင်လည်း အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် လူသောင်းနဲ့ချီဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။


Haaretz သတင်းဌာနနဲ့အင်တာဗျူးမှာ စီအိုင်အေအကြီးအကဲဟောင်း ဂျွန်ဘရာနန်က အမေရိကန်ဦးဆောင်တဲ့စစ်ဆင်ရေးတွေကိုခြုံငုံကြည့်ရင် ဘင်လာဒင် ရဲ့တည်နေရာကိုရှာဖွေတဲ့နေရာမှာ ဂျူးနိုင်ငံကအကူအညီတစ်ချို့ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ “ညပိုင်းစီးနင်းမှုပြင်ဆင်နိုင်ဖို့ နှစ်နဲ့ချီကြိုးပမ်း အားထုတ်ခဲ့ရ ပါတယ် ပြီးတော့ အစ္စရေးကသူတို့ရဲ့ထောက်လှမ်းရေးစစ်ဆင်ရေးရလဒ်တစ်ချို့နဲ့ အကူအညီတစ်ချို့ထောက်ပံ့ပေးတာအပါအဝင် ထောင်နဲ့ချီတဲ့ထောက်လှမ်းရေး သတင်း အချက် အလက်အများကြီးစုဆောင်းခဲ့ရပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။


၂၀၁၁ခုနှစ် မေလ ၂ရက်နေ့မှာ အမေရိကန်နေဗီလ်ဆီးစ်အထူးတပ်ဖွဲ့က အိမ်နီးချင်းအာဖဂန်ကနေတစ်ဆင့် ရဟတ်ယာဉ်တွေနဲ့ ပါကစ္စတန်ထဲဝင်ရောက်လာခဲ့ပြီးနောက် မိနစ်၄၀အတွင်း ဘင်လာဒင်ကိုသုတ်သင်ခဲ့ပြီး သူ့အလောင်းကို ရုတ်ချည်းပဲသယ်သွားခဲ့ပါတယ်။ ပါကစ္စတန်ဂျက်လေယာဉ်တွေရောက်လာချိန်မှာ အမေရိကန်စစ်သားတွေက နယ်စပ်ဖြတ်ကျော်ပြီးနေပါပြီ။ ဒီဖြစ်ရပ်ဟာ ထောက်လှမ်းရေးပိုင်းကအားနည်းမှုဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ဘင်လာဒင်ဟာ ဆယ်စုနှစ်တစ်စုနီးပါး ပါကစ္စတန်နိုင်ငံတွင်းက မြို့တွေမှာရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူနောက်ဆုံးသုတ်သင်ခံခဲ့ရတဲ့ ခြံဝန်းဟာဆိုရင်လည်း ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ နံရံအမြင့်ကြီးတွေ သံဆူးကြိုးတွေကာရံကာ တည်ဆောက်ထားတာဖြစ်ပြီး လာရောက်လည်ပတ်သူမရှိသလို ကားအဝင်အထွက်တွေလည်းမရှိတာကြောင့် သံသယဖြစ်စရာကောင်းနေပါတယ်။ ဒါ့အပြင် ဘယ်တာဝန်ရှိသူမှ အနီရောင်အလံတွေလွှင့်တင်ထားခြင်းမရှိကြောင်း ကော်မရှင်ကထုတ်ပြန်ထားပါတယ်။


ဘင်လာဒင်ရဲ့မိသားစုဝင်တစ်ဦးဆီက သွေးနမူနာတွေကိုစုဆောင်းပြီး စီအိုင်အေကိုကူညီပေးခဲ့တဲ့ ဒေါက်တာရှိတ်ခ်လ်အေဖရီဒီကို ပါကစ္စတန်ကဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့်ထောက်လှမ်းရေးပိုင်းအားနည်း ပျက်ကွက်မှုတွေအတွက် အစိုးရပိုင်းကကော လုံခြုံရေးပိုင်းကမည်သူတစ်ဦးတစ်ယောက်မျှ လူသိရှင်ကြား အရေးယူအပြစ်ပေးခံရခြင်းမရှိပါဘူး။


TRT World သတင်းဌာနပါ “Israel helped the US track Bin Laden in Pakistan, former CIA chief” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************
END / 251