အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၀ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၉:၄၇
1097864

အစ္စရေးနဲ့ သံတမန် ထူထောင်မှုတွေ ဟာ ပါလက် စတိုင်း လူထု အပေါ် ပိတ်ဆို့ မှု အသစ်တွေ သာ ဖြစ်လာနိုင်ကြောင်း မွတ်စလင် ပညာရှင်များ သမဂ္ဂ သတိပေး

အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာမွတ်စလင်ပညာရှင်များသမဂ္ဂ(IUMS) က ကြာသာပတေးနေ့ကသတိပေးစကားပြောကြားလိုက်ပြီး ဒီသဘောတူညီချက်တွေဟာ ပါလက်စတိုင်းလူထုအပေါ် ပိတ်ဆို့မှုအသစ်တွေဦးတည်ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာမွတ်စလင်ပညာရှင်များသမဂ္ဂ(IUMS) က ကြာသာပတေးနေ့ကသတိပေးစကားပြောကြားလိုက်ပြီး ဒီသဘောတူညီချက်တွေဟာ ပါလက်စတိုင်းလူထုအပေါ် ပိတ်ဆို့မှုအသစ်တွေဦးတည်ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။


ပြည်ပပါလက်စတိုင်းပညာရှင်များအဖွဲ့အစည်းကကြီးမှူးကျင်းပတဲ့ ဗီဒီယိုညီလာခံစည်းဝေးပွဲမှာ ဒိုဟာအခြေစိုက် IUMS ဥက္ကဌ အာမက်အလ်ရေဆူနီက “အာရပ်အစိုး ရတစ်ချို့ရဲ့အစ္စရေးသံတမန်ဆက်ဆံရေး ထူထောင်မှုတွေဟာ ပါလက်စတိုင်းအရေးကြိုးပမ်းမှုတွေကိုပျက်ဆီးစေရုံတင်မကပဲ ပါလက်စတိုင်းလူထုအပေါ် အဟန့်အတား အသစ်တွေဖန်တီးလိုက်တဲ့ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်” ပြောကြားခဲ့ပါတယ်။


ပါလက်စတိုင်းလူထုအပေါ် ဒီလိုအဟန့်အတားအသစ်တွေကိုချိုးဖျက်ဖို့ အစ္စရေးအပါ သံတမန်ဆက်ဆံရေးထူထောင်လိုက်တဲ့ အာရပ်အစိုးရတွေကို လူသိများ တဲ့လှုပ်ရှားရေးဝါဒတွေ လူအများသိမြင်လာစေဖို့ လှုံ့ဆော်မှုတွေ ခိုင်မာတဲ့ရပ်တည်ချက်တွေနဲ့ တုံ့ပြန်သွားကြဖို့ မွတ်စလင်ပညာရှင်တွေကို အလ်ရေဆူနီက တိုက်တွန်းပြောကြားခဲ့ပါတယ်။

အလ်အာဆာဗလီက တရားဟောဆရာရှိတ်ခ်အက်ခရီမာဆာဘရီကလည်း အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်လိုက်တဲ့ အစိုးရတွေကို သူတို့ရဲ့ကျင့်ဝတ်ရပ် တည်ချက်တွေနဲ့တန်ဖိုးတွေကို စွန့်ပစ်ပြီး သူတို့ကို သီးခြားပယ်ထုတ်လိုက်တဲ့ ထိထိရောက်ရောက်ပုံစံ ဖွဲ့စည်းသွားဖို့ မွတ်စလင်ပညာရှင်တွေကို တိုက်တွန်းပြောကြား ခဲ့ပါတယ်။


၂၀၂၀မှာ ယူအေအီး ဘာရိန်း ဆူဒန်နဲ့ မော်ရိုကို စတဲ့အာရပ်နိုင်ငံလေးနိုင်ငံက အစ္စရေးနဲ့သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေကို ပါလက် စတိုင်း ကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ဒီသဘောတူညီချက်တွေဟာ ပါလက်စတိုင်းလူထုရဲ့အခွင့်အရေးနဲ့ ပါလက်စတိုင်းအကျိုးစီးပွားကို လစ်လျူ ရှုလိုက် တဲ့လုပ်ရပ်တွေဖြစ်ကြောင်း ဝေဖန်ထားပါတယ်။


Anadolu Agency သတင်းဌာနပါ Rana Jamous ရေးသားသည့် “Muslim scholars warn against Israel deals” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



******************************************


END / 251