အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၇ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၆:၅၇
1100246

စူရဟ် ဂျွန်မ်အဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဂျွန်မ်အဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဂျွန်မ်အဟ် အကြောင်း သိကောင်းစရာအမည် - ဂျွန်မ်အဟ်

အဓိပ္ပာယ် - သောကြာနေ့

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၉

ဂျွန်မ်အဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဂျွန်မ်အဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၂၈ ရကူအပိုဒ်တော်ပေါင်း -၂အာယသ်တော်ပေါင်း -၁၁

စကားလုံးတော်ပေါင်း - ၁၇၇

အက္ခရာတော်ပေါင်း - ၇၆၈

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၁၀

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဆွဖ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဖသ်ဟ်

အမည့်ထွင်ရသည့်အကြောင်း - ဂျွန်မ်အဟ် နမာဇ် ၏ အမိန့်ကို တင်ပြထား၍ ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“ ကျွန်ုပ် ၏ ရှီအာ မိုအ်မင်များ အပေါ် ဝါဂျစ်(မပြုမနေရ) ဖြစ်ပါသည်။ ကြာသပတေးည တိုင်း စူရဟ် ဂျွန်မ်အဟ် နှင့် စူရဟ် အအ်လာ သေလာဝသ် ပြုရပါမည်။ သောကြာနေ့ ကို စူရဟ် ၈ျွန်မ်အဟ် နှင့် စူရဟ် မိုနာဖေကူးန် သေလာဝသ် ပြုလုပ်ရမည် ။ ဤကဲ့သို့ ပြုမည် ဆိုလျှင် တစ်နည်းအားဖြင့် ၎င်းအနေဖြင့် တမန်တော်မြတ် (صلّی الله علیه وآله ) ၏ အလုပ် ကို ပြုလုပ် သည်ဖြစ်မည်။ ၎င်းအတွက် အကျိုး စဝါးဗ် သည် အလ္လာဟ် တာဝန်ဖြစ်ပြီး ၎င်း အား ဂျန္နသ် ချီးမြှင့် ပေး သနားတော် မူမည်။”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၅)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251