အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၀ ဒီဇင်ဘာ ၂၀၂၀

၂၀:၂၁:၂၄
1101377

စူရဟ် သွလာက် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် သွလာက် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် သွလာက် အကြောင်း သိကောင်းစရာအမည် - သွလာက်အဓိပ္ပာယ် - ကွာရှင်း ပြတ်စဲခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

သွလာက် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်

သွလာက် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၃ ကြိမ်

အစောင် - ၂၈ရကူအပိုဒ်တော်ပေါင်း - ၂အာယသ်တော်ပေါင်း - ၁၂

စကားလုံးတော်ပေါင်း -၂၈၉

အက္ခရာတော်ပေါင်း - ၁၂၀၃ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂၅ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၉၉

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အန်စာန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဗိုင်ယေနာ

အမည့်ထွင်ရသည့်အကြောင်း - သွလာက် နှင့်ပတ်သည်သည့် အဲဟ်ကာမ် ၊ အစ်ဒဟ် အေသွလာက် အကြောင်း တင်ပြထားပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို စူရဟ် သွလာက် နှင့ စူရဟ် သဲဟ်ရီးမ် အား ဝါဂျစ်ဗ် နမာဇ် တွင် သေလာဝသ် ပြုလုပ်မည်ဆိုလျှင် ကေယာမသ် နေ့ ၏ ကြောက်မက်ဖွယ်တိုင်း နှင့် ကြောက်လန့် စိုးရိမ်စရာတိုင်း ကို ဝေးစေတော်မူမည်။ ဂျဟန္နမ် မီး နှင့်ဝေးအောင်ထားတော်မူမည်။ ဤစူရဟ် နှစ်ခု ၏ သေလာဝသ် ပြုခြင်း နှင့် အစဉ်အမြဲ သေလာဝသ်ပြုခြင်းကို အကြောင်းခံ ပြီး ဂျန္နသ် တွင် ဝင်ရောက်ရပေမည်။ အကြောင်းမှာ ဤ စူရဟ် ၂ခု စလုံးသည် မဟာတမန်တော်မြတ် (صلّی الله علیه وآله ) အတွက် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၃၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251