အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂ ဇန်နဝါရီ ၂၀၂၁

၂၀:၁၈:၄၁
1102369

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မိုလ်က် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


စူရဟ် မိုလ်က် အကြောင်း သိကောင်းစရာအမည် - မိုလ်က်

အဓိပ္ပာယ် - ပိုင်ဆိုင်မှု ၊ အာဏာ ရှိမှု

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

မိုလ်က် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

မိုလ်က် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၄၂ ကြိမ်

အစောင် - ၂၉ ရကူအပိုဒ်တော်ပေါင်း - ၂

အာယသ်တော်ပေါင်း - ၃၀

စကားလုံးတော်ပေါင်း - ၃၃၃

အက္ခရာတော်ပေါင်း - ၁၃၅၀

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၇၇

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သူရ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ်ဟာကဟ်

ဤစူရဟ်၏ အခြားအမည်များ - ၁။မိုလ်က် ၂။ သဗရာက် ၃။ မာနေအဟ် ၄။ ဝါကေယဟ် ၅။ မိုနဂျီယဟ် ၆။ မွန်နာအဟ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် မိုလ်က် လာရှိသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို ညအိပ်ရာ မဝင်မည် သေလာဝသ် ပြုမည်ဆိုလျှင် မနက် မိုးသောက်ချိန်အထိ အလ္လာဟ် ဟို အရှင်မြတ် ၏ စောင့်ရှောက်မှု တွင် ရှိပေမည်။ ကေယာမသ်နေ့တွင်လည်း လုံခြုံမှုကို ရပေမည်။ ယုတ်စွ ဂျန္နသ် အတွင်းသို့ ဝင်ရောက်ရပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၆၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

********************************************

END / 251