အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် ဟက်ကဟ် အကြောင်း သိကောင်းစရာအမည် - ဟက်ကဟ်
အဓိပ္ပာယ် - ဟက်၊ အမှန်တရား ၊ အသေအချာ ၊ ကေယာမသ်
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁၊၂၊၃
ဟက်ကဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၃ ကြိမ်
ဟက်ကဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃ ကြိမ်
အစောင် - ၂၉ ရကူအပိုဒ်တော်ပေါင်း -၂
အာယသ်တော်ပေါင်း - ၅၂
စကားလုံးတော်ပေါင်း - ၂၆၀
အက္ခရာတော်ပေါင်း - ၁၁၃၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၇၈
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မိုလ်က်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ်မအာရေဂ်ျ
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ် တော် တွင် ဟက်ကဟ် ဆိုသည့် စကားလုံး လာရှိသည့် အတွက် ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကေရ် (علیه السّلام) မိန့်တော်မူသည်။
“နမာဇ်များ တွင် စူရဟ် ဟက်ကဟ် ၏သေလာဝသ် ကို အမြောက်အများ ပြုလုပ်ပါလေ။ဤစူရဟ် သည် အလ္လာဟ် နှင့် အလ္လာဟ်၏ ရစူလ် (ဆွ) အပေါ် အီမာန် ယူခြင်းဖြစ်ပါသည်။ ဤစူရဟ် ၏ သေလာဝသ် ပြုသူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့်တွေ့ သည့် အထိ ဒီးန် မှ အပြင် သို့ မထွက်နိုင်ပေ။ ။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၁၀၂)
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
********************************************
END / 251