အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္လာနေ့

၁၁ ဇန်နဝါရီ ၂၀၂၁

၂၀:၀၇:၂၅
1105180

ဂျိုးဘိုင်ဒင် ၏ ကျမ်းသစ္စာ ကျိန်ဆို ပွဲ အခမ်း အနား သို့ တက်ရောက် မည် မဟုတ် ဟု ထရန့် ပြောကြား

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က သူသည် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးတွင် ရာထူးမှထွက်ခွာမည့်သမ္မတ တစ်ဦး၏ အစဉ်အလာရှိသည့် အခန်းကဏ္ဍ ကို ကျေပွန်စွာဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံကို ပြန်လည်ကုစားရန်နှင့် စည်းလုံးညီ ညွတ်ကြရန် ပြောကြားခဲ့သည့် ၎င်း၏ မှတ် ချက်စကားကို မှေးမှိန်စေခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က သူသည် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးတွင် ရာထူးမှထွက်ခွာမည့်သမ္မတ တစ်ဦး၏ အစဉ်အလာရှိသည့် အခန်းကဏ္ဍ ကို ကျေပွန်စွာဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံကို ပြန်လည်ကုစားရန်နှင့် စည်းလုံးညီ ညွတ်ကြရန် ပြောကြားခဲ့သည့် ၎င်း၏ မှတ် ချက်စကားကို မှေးမှိန်စေခဲ့သည်။

ဇန်နဝါရီ ၆ ရက်က လွှတ်တော်အစည်း အဝေးခန်းမဖြစ်သည့် Capitol အဆောက် အအုံကို ၎င်းအားထောက်ခံသည့်ဆန္ဒပြသူများက ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပြီး ကတည်းက လူမြင်ကွင်းသို့ထွက်ပေါ်မလာခဲ့သည့် ထရန့်သည် သမ္မတဟောင်း အန်ဒရူး ဂျွန်ဆင်နောက်ပိုင်း သမ္မတနေရာဆက်ခံသူ ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခြင်း မရှိသည့် ပထမဆုံး သမ္မတဖြစ်လာမည် ဖြစ် သည်။

ဘိုင်ဒင်ကမူ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး သူ့အနေဖြင့် စိတ်အနှောင့် အယှက်မဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သူ(ထရန့်) ရုပ်လုံးလာမပြတာ ကောင်းတာပေါ့” ဟု ဘိုင် ဒင်က ပြောကြားခဲ့ပြီး ထရန့်သည် နိုင်ငံအတွက် ပြဿနာကောင်ဖြစ်ပြီး သမ္မတရုံးနှင့် ထိုက်တန်မှုမရှိကြောင်း ဖော်ပြခဲ့သည်။

အစဉ်အလာအရ နောက်တက်လာမည့် သမ္မတနှင့် ရာထူးမှထွက်ခွာမည့် သမ္မတတို့သည် ချောမွေ့သည့် အာဏာလွှဲပြောင်းမှု ၏ သရုပ်သကန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပသည့် Capitol အဆောက်အအုံသို့ မော်တော်ယာဉ်တစ်စီးထဲတွင် အတူတကွ စီးနင်းပြီး အခမ်းအနားသို့ တက်ရောက်ရမည် ဖြစ်သည်။

သို့သော်လည်း ဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ရန် ပျက်ကွက်မည့် ထရန့်၏ လုပ်ဆောင်ချက်သည် ၀ါရှင်တန်၏ အစဉ်အလာများနှင့် သတ်မှတ်ချက်များကို အာခံသည့် နောက်ဆုံးလုပ်ဆောင်ချက်တစ်ရပ်အဖြစ် ဖော်ပြရာရောက်မည်ဖြစ်သည်။

သမိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါက် ဂလက်စ် ဘရင့်လေ ကမူ ကျမ်းသစ္စာကျိန်ဆို ပွဲအခမ်းအနားသည် နိုင်ငံအတွက် ငြိမ်းချမ်း သည့်အသွင်ကို ဆောင်ရမည်ဖြစ်သော်လည်း ထရန့်၏ ဆုံးဖြတ်ချက်ကိုမူ အံ့သြခြင်းမရှိဟု ပြောကြားခဲ့သည်။

“ဒေါ်နယ်ထရန့်ဟာ ၀ါရှင်တန်မှာ ဒုတိ ယနေရာမှာရှိနေတဲ့ အရှုံးသမားတစ်ဦးအဖြစ် ဂျိုးဘိုင်ဒင်နဲ့ စင်မြင့်တစ်ခုတည်းပေါ်မှာ ရပ်ချင်မှာ မဟုတ်ပါဘူး” ဟု ဘရင့်လေက ပြော ကြားခဲ့သည်။

ဘိုင်ဒင်၏ ကျန်းသစ္စာ ကျိန်ဆိုပွဲသို့ ထရန့် တက်ရောက်မည်မဟုတ်သော်လည်း သမ္မတဟောင်းများဖြစ်သည့် ဘာရက်အိုဘားမား၊ ဂျော့ဒဗလျူ ဘုရှ်နှင့် ဘီကလင်တန်တို့သည့် ဒီမိုကရေစီ၏ ရိုးရာထုံးတမ်း ဓလေ့အရ အသိသက်သေအဖြစ် တက် ရောက်သွားကြမည်ဖြစ်သည်။

သက်ရှိထင်ရှားရှိနေဆဲဖြစ်သည့် သမ္မ တဟောင်းများထဲမှ အသက် ၉၆ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂျင်မီကာတာ တစ်ဦးတည်းသာ အသက်အရွယ်အရနှင့် ကပ်ရောဂါအခြေ အနေအရ ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက် ရောက်နိုင်မည်မဟုတ်သော်လည်း ဘိုင်ဒင်အား ဆုတောင်းစကားပြောကြားခဲ့သည်။

ထို့ပြင် ထရန့်၏ ဒုတိယသမ္မတဖြစ်သည့် မိုက်ပန့်စ် သည်လည်း ဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင်ဖော်ပြခဲ့ပြီး ယင်းသည် ထရန့် နှင့် ပန့်စ် ကြားက ဆက်ဆံရေး ကျဆင်းမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

******************************************
END / 251