အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
သောကြာနေ့

၂၂ ဇန်နဝါရီ ၂၀၂၁

၂၀:၀၉:၀၉
1108230

သမ္မတဟောင်း ထရန့်နဲ့ အမေရိကန် စီနီယာ တာဝန်ရှိ သူတွေကို အီရန်က အရေးယူ ပိတ်ဆို့ မှု တင်သွင်း

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ သူ့အစိုးရသက်တမ်းကာလအတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်ခြားစီနီယာတာဝန်ရှိသူ ၉ဦးကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်လိုက်ပါတယ်။




အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ သူ့အစိုးရသက်တမ်းကာလအတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်ခြားစီနီယာတာဝန်ရှိသူ ၉ဦးကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်လိုက်ပါတယ်။


အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ အီရန်နိုင်ငံသားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လူ့အခွင့်အရေးဆန့်ကျင်တဲ့လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့သူတို့ရဲ့အခန်းကဏ္ဍတွေအတွက် တစ်ဦးချင်းစီကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆာအိဒ်ခါတစ်ဗ်ဇာဒါဟ်က အင်္ဂါနေ့ကထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ ထရန့်အပြင် နိုင်ငံတော်အတွင်းရေးမှူး မိုက်ပွမ်ပီယို ကာကွယ်ရေးအတွင်းရေးမှူးဟောင်း မာ့ခ်အက်စ်ပါ ကာကွယ်ရေးအတွင်းရေးမှူး ခရစ္စတိုဖာမီလာ နိုင်ငံတော်ဘဏ္ဍာရေးအတွင်းရေးမှူး စတီဗန်မန်နူချင် နဲ့ စီအိုင်အေ ဒါရိုက်တာ ဂီနာဟက်စ်ပယ်တို့လည်း အရေးယူပိတ်ဆို့မှုခံရတဲ့ စာရင်းထဲမှာပါဝင်ပါတယ်။


အရေးယူပိတ်ဆို့လိုက်တဲ့အထဲမှာ ခရီးသွားလာခွင့်ပိတ်ပင်တာနဲ့ အီရန်မှာရှိလောက်တဲ့ ဆက်စပ်ပတ်သက်မှုရှိတဲ့ သူတို့ရဲ့ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းလိုက်တာပါပါဝင်ပါတယ်။ အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ် ကာဆင်မ်ဆိုလိုင်မာနီနဲ့ အီရန်နူကလီးယားသိပ္ပံပညာရှင် မိုဟ်ဆန်ဖာခ်ဟရီဇာဒါဟ် တို့ လုပ်ကြံသတ်ဖြတ်မှု အစ္စရေးကို အမေရိကန်ရဲ့အားပေးထောက်ပံ့မှုတွေနဲ့ ဒေသတွင်းဖိနှိပ်တဲ့အစိုးရတွေကို အားပေးထောက်ခံမှုတွေ အကြမ်းဖက်အဖွဲ့တွေကို အမေရိကန်ကလေ့ကျင့်သင်ကြားပေးမှုတွေနဲ့ ရန်ပုံငွေထောက်ပံ့ပေးမှုတွေကြောင့် အမေရိကန်တာဝန်ရှိသူတွေကို အမည်ပျက်စာရင်းသွင်းရခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။


ဒီလအစောပိုင်းတုန်းကလည်း ဆိုလိုင်မာနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အီရန်တရားစီရင်ရေးပိုင်းက ထရန့်နဲ့ တစ်ခြားအမေရိကန်တာဝန်ရှိသူ ၄၇ဦးအတွက် “အနီရောင်အကြောင်းကြားစာ” အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပို ထံပေးပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း ထရန့်နဲ့ ဒါဇင်နဲ့ချီတဲ့အမေရိကန်တာဝန်ရှိသူတွေကို နိုင်ငံတကာဖမ်းဝရမ်းထုတ်ဖို့ အီရန်ကတောင်းဆိုခဲ့ပေမယ့် နိုင်ငံရေး သဘောသဘာဝတွေပါနေတယ်ဆိုပြီး ပြင်သစ်အခြေစိုက် အင်တာပိုလ်က ပယ်ချခဲ့ပါတယ်။ အိမ်ဖြူတော်ကထွက်ခွာလာပြီးနောက် ထရန့်ကိုတရားစွဲဆိုဖို့အလားအလာတွေကို အီရန် ထိပ်တန်း တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပါတယ်။


Al Jazeera သတင်းဌာနပါ “Iran imposes sanctions on Trump, senior US officials” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။


********************************************
END / 251