အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
အင်္ဂါနေ့

၂၆ ဇန်နဝါရီ ၂၀၂၁

၂၀:၂၂:၁၈
1109548

အမေရိကန်ရဲ့ ပထမဆုံးသော မွတ်စလင် အမျိုးသမီး ဖက်ဒရယ် တရားရုံးရှေ့နေ အဖြစ် ခန့်အပ်ခံ ရဖွယ် ရှိနေတဲ့ ဆာအိမာ မိုဟ်ဆင်း

ဆာအိမာမိုဟ်ဆင်းဟာ မစ်ချီဂန်ပြည်နယ်နဲ့ နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးမွတ်စလင်တရားရုံးရှေ့နေအဖြစ် နောက်လကစတင်ပြီး ဒက်ထရိုက်မြို့ထိပ်တန်းဖက်ဒရယ်တရားရုံးမှာ တာဝန်ထမ်းဆောင်သွားတော့မှာဖြစ်ကြောင်း ဖက်ဒရယ်တာဝန်ရှိသူတွေနဲ့ မွတ်စလင်ရှေ့နေအသိုင်းအဝန်းက ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ဆာအိမာမိုဟ်ဆင်းဟာ မစ်ချီဂန်ပြည်နယ်နဲ့ နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးမွတ်စလင်တရားရုံးရှေ့နေအဖြစ် နောက်လကစတင်ပြီး ဒက်ထရိုက်မြို့ထိပ်တန်းဖက်ဒရယ်တရားရုံးမှာ တာဝန်ထမ်းဆောင်သွားတော့မှာဖြစ်ကြောင်း ဖက်ဒရယ်တာဝန်ရှိသူတွေနဲ့ မွတ်စလင်ရှေ့နေအသိုင်းအဝန်းက ပြောကြားခဲ့ပါတယ်။


လက်ရှိခရိုင်တရားရုံးရှေ့နေအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မက်သရူးရှနိုက်ဒါက ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ရာထူးကနုတ်ထွက်သွားမှာဖြစ်ပြီး ဖေဖေါ်ဝါရီ ၂ရက်နေ့မှာ မိုဟ်ဆင်း ၅၂နှစ်က မစ်ချီဂန်အရှေ့ပိုင်းခရိုင်တရားရုံးရှေ့နေ ဖြစ်လာဖို့ရှိနေပါတယ်။

၃နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရှနိုက်ဒါဟာ ရာထူးကနုတ်ထွက်ကြောင်း ကြာသာပတေးနေ့ကကြေငြာခဲ့ပြီး မစ်ချီဂန်အရှေ့ပိုင်းခရိုင် ပထမဆုံးလက်ထောက် တရားရုံးရှေ့နေအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မိုဟ်ဆင်းဟာ သူ့နေရာကိုအစားထိုးတာဝန်ထမ်းဆောင်သွားမှာပဲဖြစ်ပါတယ်။


ပါကစ္စတန်မှာမွေးဖွားခဲ့တဲ့ မိုဟ်ဆင်းဟာ ၂၀၀၂ခုနှစ်ကတည်းက အမေရိကန်ရှေ့နေချုပ်ရုံးမှာ ဖက်ဒရယ်ရှေ့နေတစ်ဦးအဖြစ် ဆယ်စုနှစ်နဲ့ချီတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အာရှနွယ်ဖွားရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သလို မွတ်စလင်အမျိုးသမီးတစ်ဦးလည်းဖြစ်တဲ့ သူမဟာ ပြည်နယ်အရှေ့ပိုင်း ဖက်ဒရယ်ဥပဒေအာဏာပိုင်အကြီးအကဲဆိုတဲ့ အရေးပါတဲ့ရာထူးနေရာကိုရယူပြီး မတူကွဲပြားမှုအင်အားတွေကိုဆောင်ယူလာတော့မှာပဲဖြစ်ပါတယ်။ သူမဟာ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ အထွေထွေရာဇဝတ်မှုဆိုင်ရာအဖွဲ့ နဲ့ တရားရေးဌာန တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ သတင်းတွေထဲမှာဖော်ပြထားပါတယ်။


“ကျွန်တော်တွေ့ဖူးသမျှသူတွေထဲမှာ ကျွမ်းကျင်အထက်မြက်ဆုံးဖက်ဒရယ်ရှေ့နေတွေထဲကတစ်ဦးဖြစ်တဲ့ ဆာအိမာမိုဟ်ဆင်းထံ တာဝန်လွှဲပြောင်းပေးအပ်ခဲ့ရမဲ့အပေါ် အရမ်းကိုကျေနပ်အားရမိပါတယ် ဆာအိမာက ထက်မြက်ပြတ်သားတဲ့တရားရုံးရှေ့နေတစ်ဦးဖြစ်သလို အရည်အချင်းအရည်အသွေးပြည့်ဝသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးတော့အမေရိကန်သမိုင်းမှာ ပထမဆုံးသောရွှေ့ပြောင်းမွတ်စလင်အမျိုးသမီး တရားရုံးရှေ့နေတစ်ဦး အနေနဲ့သူမရဲ့တာဝန်ထမ်းဆောင်မှုတွေဟာ တကယ့်ကိုသမိုင်းမှတ်တမ်းတင်ခံထိုက်ပါတယ်။ ဆာအိမာဟာ အမေရိကန်တရားရုံးရှေ့နေတစ်ဦးအဖြစ် ကျွန်တော်တို့အသိုင်းအဝန်းအတွက် ထူးချွန်ပြောင်မြောက်တဲ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ကော ကာကွယ်သူတစ်ဦးပါဖြစ်လာတော့မှာပါ။” လို့ ရှနိုက်ဒါကချီးကျူးပြောကြားခဲ့ပါတယ်။


မိုဟ်ဆင်းဟာ နယူးဂျာစီ ရုသ်ဂါစ်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့နဲ့ ဥပဒေဘွဲ့တွေရရှိခဲ့ပါတယ်။ သူမဟာ နယူးယောက်မြို့ ခရိုင်လက်ထောက်ရှေ့နေတစ်ဦးဖြစ်လာခဲ့ပြီး နယူးဂျာစီမြို့ရဲ့ ရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သလို ရာဇဝတ်မှုနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာ လက်ထောက်ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ ၂၀၀၂ခုနှစ်မှာ မစ်ချီဂန်ရဲ့အမေရိကန်ရှေ့နေချုပ်ရုံးမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


“အမေရိကန်တရားရုံးရှေ့နေအဖြစ် မစ်ချီဂန်အရှေ့ပိုင်းခရိုင်လူထုအတွက်တာဝန်ထမ်းဆောင်ခွင့်ရရှိတာ တကယ်ကိုဂုဏ်ယူမိပါတယ် အားလုံးအတွက်တရားမျှတမှုရရှိရေး ကျွန်မအပြည့်အ၀ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတာဝန်ထမ်းဆောင်သွားမှာပါ” လို့ မိုဟ်ဆင်းကထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။


Detroit Free Press သတင်းဌာနပါ Niraj Warikoo ရေးသားသည့် “Saima Mohsin to be 1st Muslim US attorney next month” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251