အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၂၈ ဇန်နဝါရီ ၂၀၂၁

၁၉:၅၁:၅၇
1110232

ဆော်ဒီ နဲ့ ယူအေအီး တို့ကို လက်နက်ရောင်းချမှု ဘိုင်ဒန်အစိုးရ ဆိုင်းငံ့

သမ္မတဟောင်းဒေါ်နယ်ထရန့်ခွင့်ပြုခဲ့တဲ့ ဆော်ဒီနဲ့ ယူအေအီးတို့ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ပြန်လည်စီစစ်သုံးသပ်နေကြောင်း နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပြီး ဒါဟာ အစိုးရအပြောင်းအလဲသစ်ရဲ့ပုံသေကားကျအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

သမ္မတဟောင်းဒေါ်နယ်ထရန့်ခွင့်ပြုခဲ့တဲ့ ဆော်ဒီနဲ့ ယူအေအီးတို့ကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ပြန်လည်စီစစ်သုံးသပ်နေကြောင်း နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပြီး ဒါဟာ အစိုးရအပြောင်းအလဲသစ်ရဲ့ပုံသေကားကျအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။


“ဒီလိုပြန်လည်စီစစ်သုံးသပ်မှုဟာ ကျွန်တော်တို့ရဲ့နည်းဗျူဟာရည်မှန်းချက်တွေနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးပေါ်လစီ တိုးတက်ရေးဖြစ်စေဖို့ သေချာအောင်စီမံဆောင်ရွက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်”လို့ ဘလင်ကန်က သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “အခုလက်ရှိတော့ ကျွန်တော်တို့ဒါကိုလုပ်ဆောင်နေပါတယ်”  လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဗုဒ္ဓဟူးနေ့က Wall Street ဂျာနယ်ရဲ့သတင်းဖော်ပြချက်အရ ဘိုင်ဒန်အစိုးရဟာ ဒီနှစ်နိုင်ငံကို ဒေါ်လာဘီလီယံနဲ့ချီတဲ့ လက်နက်ရောင်းချမှုတွေကို ယာယီဆိုင်းငံ့ထားပါတယ် အဲဒီထဲမှာ ဆော်ဒီကိုလက်နက်ကိရိယာတွေရောင်းချမှုတွေနဲ့ ယူအေအီးကို F-35 တိုက်လေယာဉ်တွေ ရောင်းချမှုတွေကိုပါ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ ရီယာ့ဒ်နဲ့ ပတ်သက်ပြီး ဝါရှင်တန်ရဲ့ဆက်ဆံရေးကိုပြန်လည်သုံးသပ်သွားဖို့ ကတိပြုထားတဲ့ ဘိုင်ဒန်သမ္မတဖြစ်လာပြီးနောက် တစ်ပတ်အကြာမှာဒီဆိုင်းငံ့ထားမှု ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။


သမ္မတဟောင်း ထရန့်ဟာ အီရန်ကိုဆန့်ကျင်တဲ့ အဆုံးစွန်သောဖိအားပေးမှုတွေနဲ့ အစ္စရေးကိုသူ့ရဲ့အခိုင်အမာအားပေးထောက်ခံမှုတွေနဲ့အတူ ဆော်ဒီနဲ့ယူအေအီးတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို စီမံခဲ့တာဖြစ်ပါတယ်။


Al Jazeera သတင်းဌာနပါ “Biden administration pauses weapons sales to Saudi Arabia, UAE” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251