အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၃၀ ဇန်နဝါရီ ၂၀၂၁

၂၀:၁၄:၅၅
1110725

အီရန် နဲ့ နူကလီးယား သဘောတူညီချက် အသစ် ဆွေးနွေးညှိနှိုင်းမှု တွေမှာ ဆော်ဒီ ပါဝင်လာဖို့ လိုအပ်ကြောင်း မာခရွန် ဆို

အီရန်နဲ့သဘောတူညီချက်အသစ် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဆော်ဒီအပါအဝင် ဒေသတွင်းနိုင်ငံတွေပါဝင်လာဖို့ လိုအပ်လိမ့်မယ်လို့ ပြင်သစ်သမ္မတအီမန်နူရယ်မာခရွန်က သောကြာနေ့ကပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အီရန်နဲ့သဘောတူညီချက်အသစ် ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဆော်ဒီအပါအဝင် ဒေသတွင်းနိုင်ငံတွေပါဝင်လာဖို့ လိုအပ်လိမ့်မယ်လို့ ပြင်သစ်သမ္မတအီမန်နူရယ်မာခရွန်က သောကြာနေ့ကပြောကြားခဲ့ပါတယ်။


“အီရန်နဲ့အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေဟာ တင်းတင်းကျပ်ကျပ်အခြေအနေဖြစ်မှာပါ နူကလီးယားသဘောတူညီချက်အသစ်အတွက် ဒေသတွင်းက ကျွန်တော် တို့ရဲ့မဟာမိတ်တွေပါဝင် လာဖို့ လိုအပ်ပါလိမ့်မယ် အဲဒီထဲမှာဆော်ဒီပါပါဝင်ပါတယ်” လို့ မာခရွန်က အလ်အာရေးဗီးယားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဆော်ဒီနဲ့ ယုံကြည်မှုတွေတည်ဆောက်သွားဖို့လည်း လိုအပ်ကြောင်း မာခရွန်ကမှတ်ချက်ပြုခဲ့ပါတယ်။ “သူတို့တွေအနေနဲ့ အီရန်နဲ့ ဖြစ်လာဖွယ်ရှိတဲ့သဘောတူညီချက်အသစ်တွေမှာ ပါဝင်ဖို့လိုအပ်ပါတယ်” လို့မာခရွန်ကဆိုပါတယ်။


၂၀၁၅ခုနှစ်မှာ အီရန်နဲ့ပထမဆုံးနူကလီးယားသဘောတူညီချက်ရေးထိုးခဲ့တုန်းကလုပ်ခဲ့တဲ့ တူညီတဲ့အမှားမျိုးထပ်မဖြစ်အောင် ရှောင်ကြဉ်ဖို့လည်းလိုအပ်ကြောင်း ပြင်သစ် သမ္မတက ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ သဘောတူညီချက်အသစ်အကောင်အထည်ဖော်သွားဖို့လိုအပ်ကြောင်းနဲ့ အီရန်က နူကလီးလက်နက်ထုတ်လုပ်သွားဖို့ အချိန်ဟာ လည်းသိပ်မလိုတော့ကြောင်း မာခရွန်ကသတိပေးပြောကြားခဲ့ပါတယ်။


နူကလီးယားသဘောတူညီချက်ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်စတင်မှုဟာ သမ္မတသစ်ဂျိုးဘိုင်ဒန် အာဏာရလာပြီးကတည်းက ရှေ့တန်းဦးစားပေး ကိစ္စတစ်ရပ်ဖြစ် လာခဲ့ပါတယ်။ ဘိုင်ဒန်ဟာ သမ္မတဟောင်းအိုဘားမားလက်ထက် ၂၀၁၅ခုနှစ်မှာ အီရန်နဲ့နူကလီးယားသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ချိန်တုန်းက ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဟောင်းဒေါ်နယ်ထရန့်က ဒီသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အဆုံးစွန်သော ဖိအားပေးရေး ကမ်းပိန်းတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။


Al Arabiya သတင်းဌာနပါ Joseph Haboush နဲ့ Hussein Kneiber တို့ရေးသားသည့် “Regional allies, including Saudi Arabia, needed in new Iran deal talks: Macron” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251