အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဖေဖော်ဝါရီ ၂၀၂၁

၂၂:၂၀:၁၀
1117964

ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ လုပ်ကြံခံရတာ အမေရိကန် တော်လို့ မဟုတ်ပါ ...

အခုတလော မြန်မာ နိုင်ငံ စစ်အစိုးရ မတရား အာဏာ သိမ်းသည့် ကိစ္စ ကို လန်ဒန် ၊အမေရိကန် နေ အင်္ဂလိပ် ၊ အမေရိကန် ကျွေးတာစားပြီး သူတို့ အကြိုက်လိုက်ပြောနေသူ အချို့ သည် မဆီမဆိုင် အီရန် အစ္စလာမ် မစ် နိုင်ငံ ကို မြန်မာ့ နိုင်ငံရေး အကြား ဆွဲ ၊ဆွဲပြီး ပြောသည့် အတွက် မြန်မာပြည်သူ ၊ပြည်သားအများစု မသိသေးသည့် အမှန် တရား အချို့ ကို တင်ပြပါမည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အခုတလော မြန်မာ နိုင်ငံ စစ်အစိုးရ မတရား အာဏာ သိမ်းသည့် ကိစ္စ ကို  လန်ဒန် ၊အမေရိကန် နေ အင်္ဂလိပ် ၊ အမေရိကန် ကြွေးတာစားပြီး သူတို့ အကြိုက်လိုက်ပြောနေသူ အချို့ သည် မဆီမဆိုင် အီရန် အစ္စလာမ် မစ် နိုင်ငံ ကို မြန်မာ့ နိုင်ငံရေး အကြား ဆွဲ ၊ဆွဲပြီး ပြောသည့် အတွက် မြန်မာပြည်သူ ၊ပြည်သားအများစု မသိသေးသည့်  အမှန် တရား အချို့ ကို တင်ပြပါမည်။

အီရန် သစ္စာဖောက် ၊သူလှို့ မဲဟ်မူဒ် မူစဝီ မဂ်ျဒ်


ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ လုပ်ကြံခံရတာ အမေရိကန် တော်လို့ မဟုတ်ပါ ...

အကြောင်းမှာ အီရန် သူလှို့ မဲဟ်မူဒ် မူစဝီ မဂ်ျဒ်ဆိုသည့် အသားထဲကလောက်ထွက် သစ္စာဖောက် ၏ သတင်း အတိအကျ ပေးချက်အရ
ယောက်ကျား မပီသ စွာ အနောက်မှ ဒုံးနှင့်ပစ်၍ လုပ်ကြံခဲံခြင်း ဖြစ်ပါတယ်။
၎င်းသစ္စာဖောက် မဲဟ်မူဒ် မူစဝီ မဂ်ျဒ် လည်း ကြိုးမိန့် ပေးခံရပြီး ဖြစ်ပါတယ်။

နောက်သတ်မိန့်ပေးခဲ့သည့် ထရန့်လည်း မရှုမလှ သမ္မတ ရာထူးကို စွန့်ခဲ့ရပါပြီး။

အမေရိကန် သိပ်တော် လျှင်  ၊ယောက်ကျားပီသ လျှင် ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ ကို စစ်မြေပြင်တွင် တိုက်မည် ဖြစ်ပါတယ်။ လမ်းခရီးတွင် အကွယ်ကနေ တိုက်မည်မဟုတ်ချေ။

နောက် မြန်မာပြည် အတွင် အမေရိကန်  စစ်တပ် ၊(သို့) နေတိုး တပ် ဝင်လာရန် မြန်မာပြည်သူများ မဖိတ်ခေါ်ပါနှင့် ။ 

ကိုယ်ကိစ္စ ကိုယ်နိုင်အောင်ရှင်းနိုင်လျှင် (သို့မဟုတ်) အမေရိကန် စစ်တပ် (သို့) နေတိုး စစ်တပ်  မြန်မာပြည်အတွင်း မဝင်ဘဲ ရှင်းပေးနိုင်လျှင် ပိုကောင်းပေသည်။


အမေရိကန် စစ်တပ် (သို့) နေတိုး စစ်တပ်  မြန်မာပြည်အတွင်း ဝင်လာ လျှင် လက်ရှိ စစ်အစိုးထက်ပင် ပို၍ ဆိုးသွားပေမည်။ သာဓက အား ဖြင့် အီရတ် ၊ အာဖဂန် စသည်တို့ကို ကြည့်နိုင် ပေသည်။ မိမိတို့၏ သမီးပျိုများ အမေအစ်မများ လုံခြုံတော့ မည်မဟုတ်ချေ။  ဒုတိယ ဂျပန်ခေတ်ပြန်ရောက်လာပေးမည်။


အမေရိကန် သည် မြန်မာပြည် အတွက် အခြေအနေ အရသာ ပြောနေရသော်လည်း အီရတ် ၊ အာဖဂန် ၊ ဆီးရီးယား တို့လောက် မြန်မာပြည်ကို လာဖို့ ကူဖို့ အထူး စိတ်မဝင်စားချေ။ အကြောင်းမှာ အမေရိကန် အတွက် အကျိုး အမြတ် ကို ဖြစ်စေမည့် ရေနံ ၊ ဂက်စ် တို့ အလုံအလောက် မထွက်သည် က တစ်ကြောင်း ၊ မြန်မာ့ စစ်တပ်သည် ဆဒန်ဟိုစိန် နှင့် အိုစာမာဗင်လာဒင်းန် ကဲ့သို့ ၎င်းတို့ အတွက် အန္တရာယ် မရှိသည် က တစ်မျိုး ဖြစ်ပါတယ်။

အမေရိကန် နှင့် အစ္စရေး သည် လူအခွင့် အရေးသာ ညာသံပေးနေပြီး ၎င်းတို့ကို ဆန်ကျင့်သူများ ၊ အမြင်မတူများကိုလည်း လူမဆန်စွာ နိုင်နင်းကြပါတယ် ။ ၎င်းတို့ ၏ အခွင့်အရေး အမျိုးမျိုးကို ရသည့် နည်း ဖြင့် လိုက်၍ ပိတ်ပါတယ်။ မဟုတ်တရုတ် ရုပ်ရှင်၍ ဟော်လီဝုဒ် အဆင့်ဖြင့် ပြပြီး ကမ္ဘာ သူ၊ ကမ္ဘာသားများကို ဂျင်းထည့်ပါတယ်။
နောက် သူတစ်ပါးမြေကိုမတရား သိမ်းထားပါတယ်။ သာဓကအားဖြင့် နှစ် ၆၀ ကျော် နေပြီး ဖြစ်သည့် ပါလက်စတိုင်းမြေ ဖြစ်ပါတယ်။


အမေရိကန်  အစိုးရသည်အ ပြင်တစ်မျိုး အတွင်းတစ်မျိုး အရေ ခြုံများ ဖြစ်ပါတယ်။ ဥပမာ အီရန် လူထု အတွက် လူအခွင့်အရေး ကို သူတို့ ပိုင် မီဒီယာများတွင် အသံကုန် ညာသံပေးပြီး အီရန်ပြည်သူများ ဒုက္ခရောက်ပြီး နောက်ဆုံး မိမိအစိုးရကို ပုန်ကန် ရန်အတွက် အကြံအစည်ဖြင့်  နှစ် ၄၀ ကျော် အီရန် အစိုးရ အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။ ယခုတိုင်ပြုနေပါတယ်။ သို့သော် မအောင်မြင်ပါ။ အောင်မြင်မည်လည်းမဟုတ်ပါ။


အမေရိကန် သည် ၎င်းကို ဆရာမတင်သူအား အမြဲ ဒုက္ခပေးလေ့ရှိပါတယ်။

အီရန်သည် တရုတ် နှင့်ပေါင်း၍ ဒုက္ခ ရောက်တာ မဟုတ်ပါ။


အမေရိကန် ကို ဆရာမတင်လို့ သူအကြိုက်မလိုက်လို့ သူကိုရေနံနှင့် ဂက်စ် အခမဲ့နီးပါး မပေးလို့ ၊သူလုပ်ချင်တာ မရလို့ မတရား ဒုက္ခပေးနေ၍  အီရန် ပြည်သူများ စီးပွားရေး အကြပ်အတီးနှင့်ရင်ဆိုင်နေရပြီး အီရန် ငွေ တန်ဖိုးမတရား ကျဆင်းခြင်းကိုခံနေတာပါ။

အမေရိကန် နှင့် အစ္စရေး အကြိုက်နေပေးသည့် ယူအေအီအား တိုးတက် သည်ဟုပြောသူများ သိစေရန် ယူအေအီသည် ငွေရှိ၍ ဒုံးဝယ်နိုင်ပါတယ်။  တိုက်လေယာဉ်ဝယ် နိုင်ပါတယ်။ ကိုယ်တိုင် မပစ်တတ် မမောင်းတတ်ပါ ။
နောက် အမေရိကန် စစ်တပ်နှင့် အစ္စရေ စစ်တပ်နှင့်ရင်ဆိုင်နိုင်စွမ်း နာရီပိုင်းပင်မရှိပါ ။


အီရန် သည် ဒုံး၊တိုက်လေယာဉ်ကိုယ်တိုင်လည်းတီတွင်သည် ။ကိုယ်တိုင်လည်း ပစ်တတ် ၊မောင်းတတ်သည်။ အမေရိကန် နှင့် အစ္စရေး စစ်တပ်ကိုလည်း အေးဆေး ယှဉ်နိုင်ပေသည်။ ဒါကြောင့် အမေရိကန် နှင့် အစ္စရေး မနက်ဖန်ဘဲ တိုက်တော့မလိုလို ၊ ဒီနေ့ဘဲ တိုက်မလိုလိုနဲ့ လေကြီးနေတာ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်ခဲ့သည့် နှစ် ၄၀ကျော် ကာလပင်ရှိလာပါပြီး။


အာရပ်နိုင်ငံများ ကို ၆ ရက်နှင့် သိမ်းခဲ့သည့် အစ္စရေးသည်  အီရန် မွေးထားသည့် သား ဟေစ်ဘွလ္လာဟ် တပ်အား ၂၀၀၆ ခုနှစ် တွင် ရက်၃၀ ကျော်ပင် နိုင်အောင်မတိုက်နိုင်ဘဲ စစ်ပြေငြိမ်းခဲ့ရ ပေသည်။

ဤမျှ လောက်ဆိုလျှင် အီရန် နှင့်ပတ်သက်ပြီး အမေရိကန် ကြေးစားများ ၏ ဂျင်းထည့် နေမှုကို မြန်မာပြည်သားများ သိလောက်ပါပြီး။



******************************************
END / 251