အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ဗုဒ္ဓဟူးနေ့

၃ မတ် ၂၀၂၁

၂၀:၁၄:၀၃
1120473

ပါလက်စတိုင်း တွင် အစ္စရေး (ဇီယွန် ဝါဒီများ ) ၏ ကျူးလွန်မှု များ အတွက် ICC က စတင် စုံစမ်းမည်

အစ္စရေး (ဇီယွန် ဝါဒီများ ) က ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုက်နက်တွေမှာ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင် စတင်နေပြီလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက ပြောပါတယ်။



ပါလက်စတိုင်းကလေးငယ်တစ်ဦးကို အစ္စရေး (ဇီယွန် ဝါဒီများ ) စစ်သားများ ဖမ်းဆီးသွားစဉ်




အစ္စရေး (ဇီယွန် ဝါဒီများ ) က ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုက်နက်တွေမှာ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင် စတင်နေပြီလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက ပြောပါတယ်။

စုံစမ်းမှုကို ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ်နဲ့ ဓမ္မဓိဌာန်ကျကျ ပြုလုပ်သွားမယ်လို့ ဘန်ဆူဒါနဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြှောင်က အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ အနောက်ဖက်ကမ်းက တရားမဝင်အခြေချအိမ်ယာ ဆောက်လုပ်ထားမှု​တွေအပါအဝင် ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက စစ်ရာဇဝတ်မှု ကျူးလွန်မှု ရှိလားဆိုတဲ့ကိစ္စကို စုံစမ်းဖို့ ခိုင်မာတဲ့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ဘန်ဆူဒါက ၂၀၁၉ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့နဲ့ ဟားမက်စ်လို ပါလက်စတိုင်းလက်နက်ကိုင် အုပ်စုတွေက ကျူးလွန်မှုတွေ ရှိနိုင်တယ်လို့လည်း သူမက ဆိုပါတယ်။

“၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နောက်ပိုင်း ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ရှိအောက်မှာ ရှိနေတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာပါ”

၁၉၆၇ ခုနှစ်စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ မိမိတို့ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICC က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။


********************************************
END / 251