အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
သောကြာနေ့

၅ မတ် ၂၀၂၁

၁၉:၁၄:၃၄
1120927

ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း နှင့် အမေရိကန် သံအမတ် တို့ ဗီဒီယို အွန်လိုင်းစနစ်ဖြင့် တွေ့ ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါတို့ မတ် ၅ ရက် နံနက်ပိုင်းက ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါတို့ မတ် ၅ ရက် နံနက်ပိုင်းက ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရွေးကောက်ပွဲ မဲစာရင်းကြီးမားစွာ မှားယွင်းမှု အပါအဝင်  အခြားသော ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီး အဖွဲ့အစည်းအသီးသီးကို တွေ့ဆုံ ညှိနှိုင်းဆွေး နွေးမှုဆောင်ရွက်ရန် ကြိုးပမ်းခဲ့မှု အခြေအနေများ၊ လက်ရှိ ဆန္ဒပြမှုဖြစ်စဉ်များအပေါ် အနည်းဆုံး အင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည့် ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် ကိုးရပ်တို့ကို ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း မြန်မာ့အသံ၏ ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံစဉ် အမေရိကန် သံအမတ်ကြီး  သောမတ်စ်ဗိုက်ဒါက “မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD  ခေါင်းဆောင် များ ကို အမြန်ဆုံး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဖမ်းဆီးမှုများကိုလည်း ရပ်တန့်ပေးရန်နှင့် ၄၉ ဦး ထက်မနည်း သေဆုံးစေသော ပစ်ခတ်ဖြိုခွဲမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်”  ဟု  ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန် သံအမတ်ကြီးက လူ ၄၉ ဦး သေဆုံးပြီးဖြစ်သည့် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များ အပါအဝင် ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ထပ်မံဖမ်းဆီးမှုများ ရပ်တန့်ရန်၊ ဆက်သွယ်ရေး ဖြတ်တောက်မှုများကို ရပ်တန့်ရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရအား ပြန်လည် အသက်သွင်းရန်တို့ကို တိုက်တွန်း တောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။


********************************************
END / 251