အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
သောကြာနေ့

၁၂ မတ် ၂၀၂၁

၂၂:၄၀:၂၁
1122708

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန

ဆန္ဒပြသူများအပေါ် အင်အား သုံးဖြိုခွင်းမှု ကို ပြင်းပြင်း ထန်ထန် ရှုတ်ချ /

ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့များက အင်အားသုံးဖြိုခွင်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နက်ပရိုက်က မတ် ၉ ရက်တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့များက အင်အားသုံးဖြိုခွင်းမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်  နက်ပရိုက်က မတ် ၉ ရက်တွင် ပြောကြားသည်။

“မြန်မာပြည်သူတွေအပေါ်အင်အားသုံးဖြိုခွင်းတာတွေ ဆက်လက်လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါ တယ်။ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေ၊ ဂျာနယ်လစ်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းထဲက တခြားလူတွေကို အကြမ်း ဖက်ဖြိုခွဲ ဖမ်းဆီးတွေမှုကို ကျွန်တော်တို့ပြင်းပြင်း ထန်ထန်ရှုတ်ချပါတယ်”ဟု နက်ပရိုက်က မတ် ၉ ရက်မှာ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် မကြာသေးသည့် ရက်ပိုင်းများတွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများမှာ မြင်ခဲ့ရသည့်အရှိန်မြင့်တက်မှုများသည် ပြည်သူများကို လုံးဝအရေးမစိုက်ကြောင်းကို နောက်ထပ်ညွှန်ပြနေခြင်းပင်ဖြစ်သည်ဟု နက်ပရိုက်က ပြောကြားသည်။

“ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ပါတနာတွေနဲ့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေဟာ သူတို့ နည်းသူတို့ ဟန်နဲ့ စီမံဆောင်ရွက်တာတွေကို ထုတ်ပြန်ခဲ့ကြပါတယ်။ တစ်သံတည်းနဲ့  လုပ်ဖို့ ၊နောက်ထပ်လုပ်လည်း အဆက်မပြတ်အားဖြင့် လုပ်ဆောင်ဖို့ ပါတနာတွေ၊မဟာမိတ်တွေနဲ့ အတူ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု နက်ပရိုက်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် NLD ခေါင်းဆောင်များ အပါအဝင် အခြားနိုင်ငံရေး တက်ကြွသူများ ကို ထိန်းသိမ်းထားသည်။

တစ်ဖက်တွင် လည်းကန့် ကွက်ဆန္ဒပြမှုများကို အင်အားသုံးဖြိုခွဲမှုများအတွင်း ထိခိုက်သေဆုံးမှုများနှင့် ဂျာနယ်လစ်များအပါအဝင် အများအပြား ထိန်းသိမ်း ခံရခြင်းများရှိခဲ့သည်။

******************************************
END / 251