အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ကြာသပတေးနေ့

၁၈ မတ် ၂၀၂၁

၀၁:၀၂:၅၁
1124273

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် ထိပ်သီး ဒီမိုကရက် များ ကို သတ်ဖြတ် ရန် ခြိမ်းခြောက် မှုဖြင့် အမျိုးသား တစ်ဦး တရား စွဲ ဆိုခံရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ထိပ်သီး ဒီမိုကရက်များဖြစ်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီနှင့် မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝစ်မာ တို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်မှုများဖြင့် အမေရိကန်အမျိုးသားတစ်ဦးအား မီချီဂန်ပြည်နယ်အစိုးရ ရှေ့နေချုပ်က မတ်လ ၁၆ ရက်တွင် တရားစွဲဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ထိပ်သီး ဒီမိုကရက်များဖြစ်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီနှင့် မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန်ဝစ်မာ တို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်မှုများဖြင့် အမေရိကန်အမျိုးသားတစ်ဦးအား မီချီဂန်ပြည်နယ်အစိုးရ ရှေ့နေချုပ်က မတ်လ ၁၆ ရက်တွင် တရားစွဲဆိုခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ဂျိုရွှာဒေါက်တာ အမည်ရှိ အမျိုးသားတစ်ဦးသည် ဇန်နဝါရီလအတွင်းက iFunny လူမှုမီဒီယာတွင် ခြိမ်းခြောက်သည့် မှတ်ချက်များကို အများအပြား ရေးသားခဲ့သည်ဟု အစိုးရရှေ့နေချုပ် ဒါနာနက်ဆဲလ်က ပြောကြားခဲ့သည်။

၎င်း၏ ရေးသားချက်များအနက် ရွေးကောက်ခံ အရာရှိများကို သေနတ်ဖြင့် ပစ်သတ်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် အမေရိကန်တော်လှန်ရေးအသစ် တစ်ခုအတွက် အထောက်အကူ ဖြစ်စေမည် ဆိုသည့် အကြောင်းအရာများ ပါဝင်ခဲ့သည်။

မတ်လ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ထံ သွားရောက် အဖမ်းခံခဲ့သည့် ဒေါက်တာသည် ကွန်ပျူတာကို အသုံးပြုပြီး ရာဇဝတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုနှင့် အကြမ်းဖက်လုပ်ရပ်ဖြင့်  ခြိမ်းခြောက်မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၎င်းအား ဧပြီလ ၈ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ပြီး စွဲချက်များဖြင့် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုလျှင် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရမည် ဖြစ်သည်။
******************************************
END / 251