အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂၂ မတ် ၂၀၂၁

၁၉:၂၆:၂၁
1125478

အကြမ်းဖက် စစ်အုပ်စု ကို အသိ အမှတ် မပြုကြောင်း ပြင်သစ် အစိုးရ ကြေညာ

အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုတဲ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့ လုပ်ရပ်အားလုံးကို ရပ်တန့်ရမယ်လို့ ပြင်သစ်အစိုးရက ကြေညာ လိုက်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ္စလာမ် အဗ္နာ) သတင်းဌာနာ

အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုတဲ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးစီးဆင်းမှု ဖြစ်စေတဲ့ လုပ်ရပ်အားလုံးကို ရပ်တန့်ရမယ်လို့ ပြင်သစ်အစိုးရက ကြေညာ လိုက်ပါ တယ်။

ပြင်သစ် အထက် လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မေးခွန်းတခုအပေါ်  ပြင်သစ်နိုင်ငံခြားကုန်သွယ်ရေးနှင့်ဆွဲဆောင်မှုဝန်ကြီးရဲ့ ဖြေကြားချက်ကို မြန်မာအခြေစိုက် ပြင်သစ် သံရုံးကနေ မတ်လတ် ၂၂ ရက်  ဒီနေ့ထုတ်ပြန်လိုက်တာပါ။

ဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာသိမ်းမှု ပြုလုပ်သူတွေအပြင်  ပါဝင်ကူညီသူတွေကိုပါ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို နိုင်ငံခြားရေးရာကောင်စီကနေ မတ်လ ၂၂ ရက်နေ့မှာ ကြေညာသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်တွေအပေါ်  စီးပွားရေးပိတ်ဆို့မှုတွေလည်း  တိုးချဲ့ပြုလုပ်သွားမယ်လို့  ဖော်ပြထားပါတယ်။

******************************************
END / 251