အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၁ မေ ၂၀၂၁

၁၉:၀၉:၃၅
1136769

မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ ထွန်းကားရေး အတွက် ဥရောပ သမဂ္ဂက ကူညီရန် အသင့်ရှိနေ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကူညီထောက်ပံ့ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို ဥရောပသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကူညီထောက်ပံ့ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို ဥရောပသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေးအပါအဝင် အချက် ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးတယ်လို့ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အဓိကကျတဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုကို အာဆီယံက ဆောင်ရွက်ရာမှာ ဥရောပသမဂ္ဂက ကူညီဖို့ အဆင်သင့်ရှိနေပါတယ်”

*****************************************************************
END / 251