အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup + ABNA
စနေနေ့

၁၅ မေ ၂၀၂၁

၂၀:၃၂:၀၉
1141255

ဂါဇာ လူနေရပ်ကွက်များ ကို အစ္စရေး (ဇီယွန်) က ၆ ရက်ဆက် တိုက်ခိုက် မှုကြောင့် သေဆုံး သူ ၁၄၀ ရှိပြီ

ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို အကြမ်းဖက် အစ္စရေး (ဇီယွန်) က လေကြောင်းက​နေတိုက်ခိုက်မှု ၆ ရက်ဆက် ဖြစ်လာတဲ့အချိန် သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၄၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ




အကြမ်းဖက် အစ္စရေး (ဇီယွန်) ၏ တိုက်ခိုက် မှုကြောင့် သေဆုံးသွားသူများ ၏ အလောင်းများ



ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသကို  အကြမ်းဖက် အစ္စရေး  (ဇီယွန်) က လေကြောင်းက​နေတိုက်ခိုက်မှု ၆ ရက်ဆက် ဖြစ်လာတဲ့အချိန် သေဆုံးသူအရေအတွက်က အနည်းဆုံး ၁၄၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၄၀ လောက် ပါဝင်ပြီး၊ ဒဏ်ရာရသူက ၉၅၀ လောက် ရှိပါတယ်။  အကြမ်းဖက် အစ္စရေး (ဇီယွန်) ရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျပျက်ဆီးမှုလည်း မြင့်တက်လာပါတယ်။

ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့  အကြမ်းဖက် အစ္စရေး  (ဇီယွန်) တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အကြမ်းဖက် အစ္စရေး  (ဇီယွန်) တပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

အကြမ်းဖက် အစ္စရေး  (ဇီယွန်) ကလည်း တနင်္လာနေ့မှာပဲ ဂါဇာကို လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်း အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းနေအိမ်ကို လုယူတာ၊ အုပ်စုဖွဲ့ကာ ပါလက်စတိုင်းတွေကို တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာပြီး တင်းမာမှုတွေက ပိုမြင့်လာပါတယ်။

အနောက်ဖက်ကမ်းမှာ အကြမ်းဖက် အစ္စရေး  (ဇီယွန်) လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း​ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

*****************************************************************
END / 251