အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
စနေနေ့

၅ ဇွန် ၂၀၂၁

၁၃:၂၄:၄၉
1147718

Facebook က အမေရိကန် သမ္မတ ဟောင်း ဒေါ်နယ် ထရန့် ၏အကောင့် အား ၂ နှစ် ပိတ်ပင်

Facebook ကုမ္ပဏီသည် ဇွန်လ ၄ ရက်က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကောင့်အား နှစ်နှစ်ကြာပိတ်ပင်ခဲ့ပြီး ထရန့်သည် ၎င်း၏ထောက်ခံသူများက လွှတ်တော်အစည်းအဝေးခန်းမဖြစ်သည့် Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်နှင့် ထိုက်တန်ကြောင်း Facebook က ပြောကြားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


Facebook ကုမ္ပဏီသည် ဇွန်လ ၄ ရက်က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အကောင့်အား နှစ်နှစ်ကြာပိတ်ပင်ခဲ့ပြီး ထရန့်သည် ၎င်း၏ထောက်ခံသူများက လွှတ်တော်အစည်းအဝေးခန်းမဖြစ်သည့် Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့မှုအတွက်  အမြင့်ဆုံးပြစ်ဒဏ်နှင့် ထိုက်တန်ကြောင်း Facebook က ပြောကြားခဲ့သည်။

ယခုပိတ်ပင်မှုသည် ထရန့်အား ယာယီအသုံးပြုခွင့်ပိတ်ပင်ခဲ့သည့် ယခုနှစ်ဇန်နဝါရီ ၇ ရက်မှ စတင်သက်ဝင်မည်ဖြစ်ပြီး၊ ထရန့်အား အကန့်အသတ်မရှိ ပိတ်ပင်မည့် ကနဦးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း Facebook ၏ လွတ်လပ်သည့် ကြီးကြပ်ရေးဘုတ်အဖွဲ့က ပြောကြားခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာထရန့်အား ပိတ်ပင်မှုကို ဖြစ်စေခဲ့သည့် အခြေအနေအရပ်ရပ်၏ လေးနက်မှုအရ ထရန့်၏ လုပ်ရပ်များသည် မိမိတို့၏ စည်းမျဉ်းစည်းကမ်းများကို ဆိုးရွားစွာချိုးဖောက်ခဲ့ပြီး မိမိတို့ကုမ္ပဏီမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်းအသစ်များအောက်တွင် အမြင့်ဆုံးပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ယုံကြည်ရကြောင်း Facebook ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး၏ ဒုတိယဥက္ကဌ နစ်ကလပ်က ပြောကြားခဲ့သည်။

Facebook ၏ မူဝါဒအသစ်များကို ထုတ်ပြန်ရာ၌ ၎င်း၏ ပလက်ဖောင်းပေါ်တွင် လှည့်စားတတ်သော သို့မဟုတ် ရင့်သီးသော  အကြောင်းအရာများဟု မှတ်ယူရသည့် ရေးသားဖော်ပြမှုများကို နိုင်ငံရေးသမားများအား ခြွင်းချက်ပေးပြီး တင်ပြခွင့်ပြုထားမှုကိုလည်း ပယ်ဖျက်သွားမည်ဟု ဆိုသည်။

ထရန့်၏ အကောင့်အား နှစ်နှစ်ကြာပိတ်ပင်မှုအပြီးတွင် Facebook ပေါ်တွင် ထရန့်၏ လှုပ်ရှားမှုများသည် ပြည်သူလုံခြုံရေးအတွက် ခြိမ်းခြောက်နေဆဲ ရှိ၊မရှိ စိစစ်ရန် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူသွားမည်ဟု ကလပ်က ပြောကြားခဲ့သည်။

“အများပြည်သူတွေအတွက် ဆိုးရွားတဲ့အန္တရာယ်ရှိနေဦးမယ်လို့ ကျွန်တော်တို့က ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပိတ်ပင်ထားတဲ့ကာလကို သက်တမ်းထပ်တိုးသွားပြီး အဲဒီအန္တရာယ် မှေးမှိန်သွားတဲ့အချိန်အထိ ကျွန်တော်တို့ အကဲဖြတ်ချင့်တွက်သွားမှာပါ” ဟု ကလပ်က ပြောကြားခဲ့သည်။

ထရန့်အား ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းချိန်တွင်လည်း ထရန့်သည် စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုအတွက် ရာသက်ပန် ပိတ်ပင်ခံရမည့်အခြေအနေအထိရှိလာစေမည့် တင်းကျပ်သည့် အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အမေရိကန်တွင် Capitol အဆောက်အအုံ စီးနင်းခံရမှုနှင့်ပတ်သက်ပြီး Facebook ပေါ်မှ ထရန့်၏ မှတ်ချက်များကို ကုမ္ပဏီအနေဖြင့် ဖြုတ်ချခွင့်ရှိသည်ဟု လွပ်လပ်သည့် ကြီးကြပ်ရေးဘုတ်အဖွဲ့က ပြောကြားခဲ့ပြီး Facebook အနေဖြင့် အရေးယူပိတ်ပင်မှုများ ပြုလုပ်ရာတွင် ရေရာမှုမရှိဘဲ မပြတ်သားသည့် ပြစ်ဒဏ်များ မချမှတ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

ထရန့်သည် Capitol အဆောက်အအုံအား စီးနင်းခဲ့သူများကို အားပေးအားမြှောက်ပြုသည့်ပုံစံဖြင့် Facebook နှင့် Instagram တို့တွင် ရေးသားဖော်ပြခဲ့မှုကြောင့် ပြင်းထန်စွာဝေဖန်ခံခဲ့ရသည်။

ယခုကဲ့သို့ ပိတ်ပင်ခံရမှုအပေါ် ထရန့်က ရှုတ်ချခဲ့ပြီး ယင်းပိတ်ပင်မှုသည် မဲပေးသူများကို စော်ကားမှုဖြစ်ကြောင်း၊ ၂၀၂ဝသမ္မတ ရွေးကောက်ပွဲတွင် မဲခိုးမှုများရှိကြောင်း  အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၂၀၁၉ ခုနှစ်က  အိမ်ဖြူတော် ညစာစားပွဲကို တက်ရောက်ခဲ့သည့် Facebook စီအီးအို မာ့ခ်ဇူကာဘက်  ကိုလည်းပြစ်တင်ဝေဖန်ခဲ့သည်။



*****************************************************************
END / 251