အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္ဂနွေနေ့

၆ ဇွန် ၂၀၂၁

၁၈:၂၉:၃၆
1148096

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးရန် ဂျီ ၇ အစည်းအဝေး၌ ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်းမည်ဟု ဒေါင်းနင်းလမ်း ပြောကြား

၂၀၂၂ ခုနှစ် ကုန်ပိုင်း ၌ ကမ္ဘာတစ်ဝန်း လုံးကို COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးစေ ရန် လာမည့် သီတင်းပတ်အတွင်းပြုလုပ်မည့် ဂျီ ၇ အစည်းအဝေး၌ တက်ရောက်လာ မည့်ခေါင်းဆောင်များ ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းသွားမည်ဟု ဝန်ကြီးချုပ်ရုံးဖြစ်သည့် ဒေါင်းနင်းလမ်း အမှတ် ၁၀ က ဇွန်လ ၅ ရက်တွင် ပြောကြား ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ




၂၀၂၂ ခုနှစ် ကုန်ပိုင်း ၌ ကမ္ဘာတစ်ဝန်း လုံးကို COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးစေ ရန် လာမည့် သီတင်းပတ်အတွင်းပြုလုပ်မည့် ဂျီ ၇ အစည်းအဝေး၌ တက်ရောက်လာ မည့်ခေါင်းဆောင်များ ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းသွားမည်ဟု  ဝန်ကြီးချုပ်ရုံးဖြစ်သည့် ဒေါင်းနင်းလမ်း အမှတ် ၁၀ က ဇွန်လ ၅ ရက်တွင် ပြောကြား ခဲ့သည်။

ဗြိတိန်သည် ဇွန်လ ၁၁ ရက်တွင် ဂျီ ၇ အဖွဲ့ဝင်များဖြစ်သည့် ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်နှင့် ကနေဒါ နိုင်ငံ များမှ ခေါင်းဆောင်များကို အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကွန်းဝဲလ်မြို့တွင် အိမ်ရှင်အဖြစ် အစည်းအဝေးလက်ခံကျင်းပ သွားမည်ဖြစ်သည်။

ဂျွန်ဆင်သည် ၂၀၂၂ ခုနှစ်တွင် တစ် ကမ္ဘာလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ပိုမိုခိုင်မာသည့် ကတိကဝတ် များကိုလည်း ဂျီ ၇ ခေါင်းဆောင်များအား မေတ္တာရပ်ခံသွားမည်ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြခဲ့ သည်။

“နောက်နှစ်ကုန်ပိုင်းမှာ ကမ္ဘာကြီးကို ကာကွယ်ဆေးထိုးတာဟာ ဆေးပညာသမိုင်း မှာ အကြီးကျယ်ဆုံး စွမ်းဆောင်မှုတစ်ခုဖြစ် လာပါလိမ့်မယ်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် စစ်ပြီးခေတ်ကာလ၏ အကြီးများ ဆုံး စိန်ခေါ်မှုဖြစ်သည့် ကပ်ရောဂါကို နှိမ်နင်း နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နာလန် ထူရေးကိစ္စများတွင် ကမ္ဘာတစ်ဝန်းလုံးက မိမိ တို့အား စောင့်ကြည့်နေသည်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

Oxford-AstraZeneca ကာကွယ်ဆေး အား အတည်ပြုထောက်ခံခဲ့ပြီး ကမ္ဘာတစ်ဝန်း တွင် ဝယ်ယူရရှိနိုင်ရန် လုပ်ဆောင်ပေးခဲ့သည့် ဗြိတိန်အစိုးရ၏ အောင်မြင်မှုများကို အစီရင် ခံစာတွင် အဓိကထား ဖော်ပြခဲ့ပြီး အစိုးရ သည် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကို  ကာကွယ်ဆေးများ ထောက်ပံ့သည့် Covax အစီအစဉ်ကိုလည်း ထောက်ခံကြောင်း ဖော် ပြခဲ့သည်။

သို့သော်လည်း ကာကွယ်ဆေးများကို ကမ္ဘာနှင့်ချီ ဖြန့်ချိရာတွင် မျှတမှုများပိုရှိစေ ရန် မြင့်တက်လာသည့် တောင်းဆိုမှုများကို ရင်ဆိုင်နေရပြီး ဂျီ ၇ အဖွဲ့ဝင် ကျန်းမာရေး ဝန်ကြီးများသည် ဇွန် ၄ ရက်က တွေ့ဆုံခဲ့ရာ တွင် သိသာထင်ရှားသည့် စီမံချက်အသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ Covax အစီအစဉ်မှတစ်ဆင့် ကာကွယ်ဆေး များကို အမြန်ဆုံးဖြန့်ချိနိုင်ရန် ကြိုးပမ်းသွား မည်ဆိုသည့်ကတိစကားကိုသာ ထပ်မံပြော ကြားခဲ့သည်။

ဗြိတိန် အစိုးရအနေဖြင့် ပိုလျှံနေသည့် ကာကွယ်ဆေး အလုံးရေအများစုကို မျှဝေ ပေးမည့်အစီအစဉ် အသေးစိတ်ကို ယခုသီ တင်းပတ်ကုန်ပိုင်းတွင် ဂျွန်ဆင်က ကြေညာ သွားမည်ဟုလည်း အစီရင်ခံစာတွင်ဖော်ပြခဲ့ သည်။

ဗြိတိန်တွင် အရွယ်ရောက်ပြီးသူ ၂၇ သန်းခန့်ကို ကာကွယ်ဆေးနှစ်လုံး အပြည့် အဝထိုးနှံပြီးစီးခဲ့သည့်တိုင် မကြာသေးမီက ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာ ခဲ့သည်။ လက်ရှိတွင် ဗြိတိန်တွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၁၂၇,၈၂၃ ဦးရှိနေ ကာ ဥရောပတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံး သူအများဆုံးနိုင်ငံဖြစ်ခဲ့သည်။


*****************************************************************
END / 251