အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၃ ဇွန် ၂၀၂၁

၁၉:၂၀:၅၀
1150246

သမီးများ ၏ ကြီးကျယ် မြင့်မြတ်မှု

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ် တော် တစ်ခု တွင် သမီးများ ၏ ကြီးကျယ် မြင့်မြတ်မှု ဘက်သို့ ညွှန် ပြ ၍ ဆုံးမ မိန့်တော် မူထား ပါတယ်။


 

ဤရေဝါယသ် တော်အား မကာရေမိုလ်အခ်လာက် ကျမ်း မှ တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قالرسول اللہ صلی الله علیه و آله و سلم:

 

نِعمَ الوَلَدُ البَناتُ المُخَدَّراتُ، مَن كانَت عِندَهُ واحِدَةٌ جَعَلَهَا اللّه ُ سِترا لَهُ مِنَ النّارِ، وَ مَن كانَت عِندَهُ اثنَتانِ أَدخَلَهُ اللّه ُ بِهِمَا الجَنَّةَ ، وَ إِن كُنَّ ثَلاثا أو مِثلَهُنَّ مِنَ الأخَواتِ ، وَضَعَ عَنهُ الجِهادَ وَ الصَّدَقَةَ .

 

 

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

ဟေဂျာဗ် ဝတ်သည့် သမီးများ သည် အကောင်းတကာ အကောင်းဆုံး သားသမီးများ ဖြစ်ပါသည်။ အကြင်သူ တစ်ဦး တစ်ယောက်တွင် သမီးတစ်ယောက် ထွန်းကားမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း ၏သမီးကို မိမိ၏ မိဘ နှစ်ပါး အတွက် ဂျဟန္နမ်မီးကို ကာကွယ်ပေးသည့် ဒိုင် အဖြစ် သတ်မှတ်တော် မူမည်။ အကြင်သူ တစ်ဦး တစ်ယောက်တွင် သမီး နှစ်ယောက် ထွန်းကားမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်းသမီး ၂ဦး ၏ မိဘ နှစ်ပါးကို ဂျန္နသ် (သုခဘုံ) သို့ ဝင်ရောက်စေတော်မူမည်။ အကြင်သူ တစ်ဦး တစ်ယောက်တွင် သမီး သုံး ယောက် ထွန်းကားမည် (သို့မဟုတ်) ထိုနည်းတူစွာ အစ်မညီမများ ရှိမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်းအား ဂျေဟာဒ် ပြုရန် နှင့် (မွတ်စ်သဟဗ်) ဆဒ်ကာ ပေးရန် တို့ကို ပယ်ဖျက် ပေးတော်မူမည်.

 

 

ကျမ်းကိုး ။ ။ မကာရေမိုလ်အခ်လာက် ကျမ်း ၊ အတွဲ ၁ ၊ စ ၄၇၂ ၊ ဟဒီးစ်တော် အမှတ် ၁၆၁၃