အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၄ ဇွန် ၂၀၂၁

၀၈:၃၁:၁၃
1153374

အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်)၏ ဘဝ သမိုင်း အကျဉ်း

အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်)၏ ဘဝ သမိုင်း အကျဉ်း အား အဗ်နာ ချစ် ပရိတ်သစ်ကြီး အတွက် တင်ပြအပ်ပါတယ်။

အေမာမ်  ရေဇာ(အလိုင်ဟစ်စလာမ်)၏ ဘဝ သမိုင်း အကျဉ်း

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏ဘဝ သမိုင်း အကျဉ်း

ကိုယ်တော်၏အမည်မှာဟဇရတ်အလီ(အလိုင်ဟစ်စလာမ်)ဗင်အေမာမ်မူစာ(အလိုင်ဟစ်စ လာမ်)ဗင်ဂျအ်ဖရ် (အလိုင်ဟစ်စလာမ်)ဖြစ်ပါသည်။ မယ်တော်အမည်မှာ-ဟဇရတ်(သ) ဂျနာဗေနဂ်ျမာ(သို့) သကသွမ်ဖြစ်ပြီး မိမိခေတ် ကာလ၌သန့်ရှင်း၊သန့်ပြန့်(ဂုဏ်သတင်းရှိသူ)အမျိုးသမီးများမှတစ်ဦးဖြစ်ပေသည်။

ကိုယ်တော်၏ကွန်နီယတ်(လေးစားစွာဖြင့်ခေါ်ဆိုသောအမည်)သည်ကားအဗူလ်ဟစန်(အလိုင်ဟစ်စလာမ်)ဖြစ်ပြီးလကဗ်တော်သည်မှာရေဇာဖြစ်ပါသည်။ဤလကဗ်တော်သည် အလ္လာဟ်ဟိုအရှင်မြတ် ဘက်မှ ကိုယ်တော် မီးရှုးသန့်စင်မဖွား မည်အလျှင် ကိုယ်တော်၏ ဘိုး၊ဘေးများထံသို့သတင်းပေး ထားပြီးဖြစ်ချေသည်။ အေမာမ် (အလိုင်ဟစ်စလာမ်)မွေးဖွား ရာဇာတိ တော်သည်ကားတမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝါအာလေဟီဝစလာမ်)၏ မြို့တော်မဒီနာရွှေမြို့ တော်ဖြစ်ပေသည်။

အေမာမ်(အလိုင်ဟစ်စလာမ်)၏သားတော်မှတစ်ဦးတည်းသောသားတော်အေမာမ်မိုဟမ္မဒ်သကီ(အလိုင်ဟစ်စလာမ်)ဖြစ်ပေသည်။သို့သော်အခြားသားတော်၊သမီးတော်များလည်းရှိကြောင်းနှင့်စပ်လျဉ်း ပြီးအကွဲအလွဲရှိပေ သည်။ ဖွားမြင်သန့်စင် သည့်နေ့ထူးနေ့မြတ်ကိုဟဒီးစ်ပါရဂူများ၊သမိုင်းပါရဂူများအနေဖြင့်ဇီးကိုင်အ်သဇ်သရက်ဟီဂျရီ၁၄၈ခုနှစ်ဖြစ်ကြောင်းမှတ်တမ်းတင်ထားပါသည်။အေမာမ်ဂျအ် ဖရ်ဆွာဒစ်(အလိုင်ဟစ်စလာမ်) သခင်ရှဟီးဒ်ဖြစ်တော်မူခဲ့ သည့်နှစ်မှာလည်းဤနှစ်ပင်ဖြစ်ပေ သည်။တစ်ချို့မှလည်း(၅)နှစ်နေပြီးမှေ အမာမ်(အလိုင်ဟစ်စလာမ်)မွေးဖွားခဲ့ သည်ဟုဆိုလေ သည်။ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) ၏မယ်တော် သည်အေမာမ် (အလိုင်ဟစ်စလာမ်)အားမွေး ဖွားပေးတော်မူပြီး နောက်သွာဟေရာဟုအမည်တွင်လေ၏။

မယ်တော်သည်သန့်ရှင်းသန့်ပြန့်ပြီးအသိဥာဏ်ရှင်နှင့် အာရပ်လူမျိုးမဟုတ်သော်လည်းမြင့်မြတ်သည့်အမျိုးအနွယ်မှ ဆင်းသက်လာလေသည်။ရီဝါယတ်တော်၌လာရှိ သည်ကားဂျနာဗေနဂ်ျမာ(ခ) သကသွမ်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)၏မယ်တော်အနေဖြင့်ပြော ကြားသည်မှာကျွန်မကိုနို့ထိန်းဖေါ်တစ်ဦးလောက်ကူညီပါ။(ကျွန်မအားအေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သခင်အားနို့တိုက်ရာ၌ကူညီရန်ဖြစ်ပေ သည်။) မေးမြန်းကြလေ ရာ-နို့နည်းနေ၍အကူအညီလိုပါသနည်း?အဖြေပြန်ပေးသည်မှာမဟုတ်ပါ။သို့သော်သားတော်လေး(အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)ကိုမွေးဖွားပြီးနောက်လျော့သွားသည့်အလ္လာဟ်ဟိုအရှင်မြတ် အားတမ်းတမှု၊နမာဇ်များ ကိုဖြည့်စွက်ဖို့ဖြစ်ပါသည်။

ကိုယ်တော်၏စာရိတ္တတော်နှင့်လူထုထံဆက်သွယ်၊ဆက်ဆံသည့်ဝိနည်းတော် များ ဆင့်ပြန်ချက်၌လာရှိသည်မှာ-အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သခင်သည်လူထုနှင့် မတွေ့မည်အလျှင်မိမိကိုယ်ကို သန့်သန့်ပြန့်ပြန့် ဝတ်ဆင်လေ့ရှိပေ သည်။လူထုနှင့်စကားပြောချိန်၌လုံးဝမည်သူစကားကိုမျှဥပက္ခာမပြုခဲ့ချေ။ယုတ်စွအဆုံးမည်သည့်အချိန်၌ဖြစ်စေသူတစ်ပါး၏စကားကိုမဖြတ်ချေ။အဆုံးထိတိုင်အောင်ပေးပြောပေသည်။ထိုနည်းတူစွာ မည်သူကိုမဆိုလိုအင် အာသီသကိုမိမိအားဖြင့်တတ်နိုင်သမျှမပြယ် ဖျက်ဘဲဖြည့်စွက်ပေးလေသည်။အေမာမ်(အလိုင်ဟစ်စလာမ်)၏ဘဝတစ်လျှောက်လုံး၌လုံးဝ ဥဿုန်အသံကျယ်လောင်စွာဖြင့် ရယ်မောခြင်း ကိုမတွေ့ခဲ့ ရချေ။ အကယ်၍ရယ်မောတော်မူလျှင်လည်းပြုံးပြယုံအထိသာရယ်တော်မူလေသည်။ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)အနေဖြင့်မိမိကိုယ်ကို အမွေး၊အကြိုင်၊ရေမွေးလိမ်းခြင်းကိုပြုတော်မူ သည်။ အထူးသဖြင့် လူထုအကြားကြွမြန်းချိန်၌ပြု လုပ်တော်မူခြင်းကိုနှစ်သက် တော်မူလေသည်။ကိုယ်တော်(အလိုင်ဟစ်စလာမ်)သည်မြောက်မြားစွာ သူတစ်ပါးအားအကျိုးအ မြတ်ပြုခဲ့လေသည်။ဆဒ်ကာပေးကမ်းလှူဒါန်းခြင်း အလုပ်ကို အများ အားဖြင့်မှောင်မိုက်နေ သည့်ညများ၌ ပြုလုပ်ခဲ့ပေသည်။ အေမာမ်(အလိုင်ဟစ်စလာမ်)သည်အရမ်းကျိုးနွံသူဖြစ်ပေသည်။ရီဝါယတ်တော်၌လာရှိ သည်ကား-တစ်နေ့၌အများရေချိုးခန်းမတွင်အေမာမ် (အလိုင်ဟစ်စလာမ်) အား မသိသည့်တစ်ဦး တစ်ယောက်သည်ကိုယ်တော်အားပြောဆိုလေ၏။"ကျွန်တော်ကိုချေးတွန်းပေးပါ။"အေ မာမ်(အလိုင်ဟစ်စလာမ်) အနေဖြင့်လည်းချေးတွန်းပေးမှုကို စတင်လေသည်။ အေမာမ်(အလိုင်ဟစ်စလာမ်) အနေဖြင့်၎င်းအမျိုးသားအားချေးတွန်းပေးနေသည်ကိုလူအများမှမြင်ပြီး၊၎င်းအမျိုး သားအားချေးတွန်းပေးနေသူသည်(သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း)အေမာမ်(အလိုင်ဟစ် စလာမ်)ဖြစ်ကြောင်းပြောပြလေ ၏။၎င်းအမျိုးသား သည်စပြီးတောင်းပန်လေ၏။သို့သော်အေ မာမ်(အလိုင်ဟစ်စလာမ်)သည်၎င်းအားအချစ်၊မေတ္တာထားသည်ကို(သက်သေထူရန်)ဆက် လက်ပြီးချေးတွန်းပေးခဲ့သည်။ ထိုနည်းတူစွာအေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်) သည်မိမိဧည့်သည်တော်များကိုအရမ်းရိုသေ၊

အလေးပေးလေးစားလေသည်။ရီဝါယတ်တော်၌လာရှိသည်မှာ-တစ်နေ့၌ဧည့်သည် တော်တစ်ယောက်သည်အေမာမ်(အလိုင်ဟစ်စလာမ်)ထံရောက်လာ၏။

ထို့နောက်ညပါနေလေ ၏။ညအချိန်ဆီးမီးခွက်သည်လဲယိုင်သွားရာထိုဧည့်သည်အနေဖြင့်ဆီးမီးခွက်ကိုပြန်လည်တည့်မတ်ရန်လာလေသည်။ သို့သော်အေမာမ်(အလိုင်ဟစ်စလာမ်) အနေဖြင့် ၎င်းကိုပြန်လည်တည့် မတ်ခွင့်မပေး ဘဲကိုယ်တိုင်တည့်မတ်တော်မူပြီး၊မိန့်ကြားလေသည်။"ကျွန်ုပ်တို့သည်မိမိ၏ဧည့်သည်များကိုအလုပ်မလုပ်စေလိုချေ။(ဆိုလိုသည်ကားအရမ်းအားနာတတ်၍ဖြစ်ပေသည်။ထို့ပြင်ဧည့်သည်များ မပင်ပန်းစေ လိုသော ကြောင့်ဖြစ် ပေ သည်။)

အေမာမ်(အလိုင်ဟစ်စလာမ်)၏သက်တော် ကျော်ကြားသည့်ရီဝါယတ်တော်အရအေမာမ်(အလိုင်ဟစ်စလာမ်)၏မင်္ဂလာနှင့်ပြည့်စုံ တော်မူသည့်ဘဝသက်တမ်းမှာ(၅၅)နှစ်ဖြစ်တော်မူပြီး ရှဟာဒတ်ဖြစ်တော်မူ သည့်ရက်သည် ကားဟီဂျရီ သက္ကရာဇ်(၂၀၃)ဆဖရ်လ၏နောက်ဆုံးရက်ဖြစ်ပါသည်။လုပ်ကြံသတ်ဖြတ်သူမှာလည်းစစ်မှန်သည့်ရီဝါယတ်တော်အဆိုအရမာမူး(န)အဘာစီ(လ.န)ဖြစ်ပေသည်။ သူအနေ ဖြင့်အေမာမ် (အလိုင်ဟစ်စလာမ်) အား အဆိပ်ကျွေးသတ်ခဲ့ခြင်းဖြစ်ပေသည်။အေမာမ်(အလိုင်ဟစ်စလာမ်)၏ ဂူဗိမာန်တော်သည်မရှ်ဟဒ်မိုကဒက်စ်ရဇဝီး၌ရှိတော်မူပြီးကမ္ဘာကျော်ပေသည်။ အေမာမ်(အလိုင်ဟစ်စလာမ်)၏  လူငယ်ဘဝ၌ ဒီး(န) နီပညာရပ် များနှင့်စပ်လျဉ်းပြီးကိုယ်တော်ထံအကူအညီယူကြခြင်းအေမာမ်(အလိုင်ဟစ်စလာမ်)၏လူငယ်ဘဝ၌မြင့်မြတ်မှုများနှင့်ပညာများဖြင့်ပြည့်နက်နေ၏။လူထုအနေဖြင့်အေမာမ်(အလိုင်ဟစ်စလာမ်) ထံ လာရောက် မေးမြန်း ကြလေ သည်။ဟဇရတ် အေမာမ်ကာစင်(မ)(အလိုင်ဟစ်စလာမ်)သခင်သည်လည်းပဲလူထုအားအေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)ဆီမေးမြန်းညွှန်လေ့ရှိ၏။ပြီးနောက်မိန့်တော်မူသည်မှာ-(ဤကျွန်တော်၏သားတော် ရေးသား သီကုံးထားမှုသည်ကျွန်တော်၏ရေးသားမှုဖြစ်ပေသည်။၎င်း၏စကားသည်ကျွန် တော်၏စကားဖြစ်ပေသည်။၎င်း၏စေလွတ်မှု(ခိုင်းစေမှု)သည်ကျွန်တော်၏စေလွတ်မှု(ခိုင်း စေမှု)ဖြစ်ချေသည်။ သားတော်အနေဖြင့် ဘာပဲပြောပြော အမှန်တရားဖြစ်ချေသည်။) တစ်နေ့၌ပုဂ္ဂိုလ်တစ်ယောက်သည်အေမာမ်ကာစင်(မ)( အလိုင်ဟစ်စလာမ်)အားမေးမြန်း လေ၏။"ကျွန်တော်မေးစရာရှိပါသည်။"ဟဇရတ်(သ)အေမာမ်ကာစင်(မ)(အလိုင်ဟစ်စလာမ်) အနေဖြင့်မိန့်လေသည်မှာ"မိမိ၏အေမာမ်(အလိုင်ဟစ်စလာမ်)ထံမှမေးပါလေ"၎င်းပုဂ္ဂိုလ်သည်ပြန် မေးလေ၏။"ဘယ်သူကိုအေမာမ်(အလိုင်ဟစ်စလာမ်)အဖြစ်ရည်ရွယ်ဆိုလိုပါသနည်း?"ကျွန် တော်အနေဖြင့် အေမာမ်(အလိုင်ဟစ်စလာမ်) သည်ကားကိုယ်တော်မှအပအခြားသူကိုမသိပါ။" အေမာမ် (အလိုင်ဟစ်စလာမ်)ပြန်လည်ဖြေတော်မူ သည်မှာ-"ထိုအေမာမ်သည် ကားကျွန်တော်၏သားတော်အလီ (အလိုင်ဟစ်စလာမ်)ဖြစ်ပါသည်။ကျွန်တော်အမည်ဖြင့်မိမိ၏ကွန်နီယတ်ကိုပင်၎င်း၏ကွန်နီယတ်အဖြစ်သတ်မှတ်ထားပေသည်။

" စွန္နီအိုလမာအဗ်နေဟဂျရ်ပြောကြားရေးသားထားသည်မှာ-

كان بفتي في مسجد رسول الله صلي الله عليه و آله و هو ابن نبف و عشرين سنه

အဓိပ္ပာယ်-အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည်သက်တော်(၂၀)ကျော်ကျော်လောက်အရွယ်၌ပင်တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်)၏မက်စ် ဂျစ်ဒ်တော်မှဖသ်ဝါပေး ခဲ့တော်မူလေ သည်။ဇဟ်ဘီအမည်ရှိအခြားအိုလမာယေအဟ်လေ စွန္နတ်အနေဖြင့်လည်းရေးသားထားသည်မှာ-"ဟဇရတ်(သ)အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) သည်စွန္နီမဇ်ဟပ်ကြီးလေးပါး ၏ဖကီး (ဓမ္မသတ်ပညာရှင်) များမှတစ်ဦးဖြစ်သည့်မာလစ်က်ဗင်အနာစ်လက်ထက်၌ဖသ်ဝါပေးခဲ့ပေသည်။ထိုအချိန်၌လူငယ်ဖြစ်ပေသည်။"

ကလေးဘဝမှလူငယ်ဘဝ မည်သို့ဆိုစေသမိုင်းစာမျက်နှာသည်အထူးသဖြင့်အေမာမ်များ(အလိုင်ဟေမွစ်စလာမ်)တို့၏ကလေးငယ်ဘဝမှလူငယ်ဘဝအထိစပ်လျဉ်းပြီးအရမ်းနှုတ်ပိတ်ထားလေသည်။အ ကြောင်းသည်ကား-သမိုင်းရေးဆရာများသည်အသံအပြည့်ထွက်သည့်အကြောင်းအရာ အဖြစ်အပျက်များသည်(နာမည်ကြီးသည့်အကြောင်းအရာအဖြစ်အပျက်များ(သို့မဟုတ်) အားလုံးစိတ်ဝင်စားသည့် (ဘုရင်၊ရာထူး၊ အာဏာရှင်)တို့ ၏အကြောင်းသာရေးဖို့စိတ်ဝင်စားချေသည်။

ကြွေးကြော်မှု မရှိသူများ၊ကျော်ကြား၊ကျော်ဇောအသံများ ထွက်အောင်မလုပ်သူများ အကြောင်းစိတ်မဝင်စားပေ။အထူးသဖြင့်အချုပ်အခြာအာဏာကိုအမှန်တကယ်ရပိုင်ခွင့်ရှိ သော်လည်းမတရားအလုခံထားရသည့်အဟ်လေ ဘိုက် (အလိုင်ဟေမွစ် စလာမ်)ဖြစ်ပေသည်။ထို ခေတ်ကာလပညာရှင်များသည်လည်းမဇ်ဟပ်ခြင်းမတူညီမှုအပေါ်အခြေခံပြီးအဟ်လေ ဘိုက်(အလိုင်ဟေမွစ်စလာမ်)ကိုအထင်သေး၊ဂုဏ်ငယ်အောင်ကြိုးပမ်းခဲ့ပေသည်။

ဤအတွက်ကြောင့်၎င်းတို့(အဟ်လေဘိုက်(အလိုင်ဟေမွစ်စလာမ်)၏ရန်သူများ)အနေဖြင့်လာမည့်မျိုးဆက်သစ်လူငယ်များ ကိုအထူးသဖြင့်အဟ်လေဘိုက်(အလိုင်ဟေမွစ်စလာမ်)၏အေ မာမသ်တာဝန်ကို အတိအလင်း တာဝန်မယူခင်ဘဲဖြစ်ဖြစ်၊တာဝန်ယူပြီးဘဲဖြစ်ဖြစ်တော် တော်များများဖုံးကွယ်ဖို့လုပ်ခဲ့ကြပေ သည်။ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)နှင့်ပတ်သက်ပြီးသမိုင်း၌လာရှိသည်မှာ-

အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်)သည်ငယ်စဉ်တောင်ကျေးကလေးဘဝကပင်ဖခမည်းတော်အေမာမ်မူစာဗင်ဂျအ်ဖရ်(အ.စ) အထူးဂရုပြုအလေးထားခြင်းကိုခံခဲ့ရပေသည်။အေမာမ်မူစာဗင်ဂျအ် ဖရ်(အလိုင်ဟစ်စလာမ်)၏ သာဝကတော်များမှတစ်ပါးဖြစ်သူမိုဖွစ်စလ်အနေဖြင့်ပြောကြားသည် မှာ-"ကျွန်တော်အနေဖြင့်အေမာမ်မူစာဗင်ဂျအ်ဖရ် (အလိုင်ဟစ်စလာမ်)ထံသွားရောက်ပေးခဲ့ပါ သည်။ကိုယ်တော်၏ သားတော် အလီ(အလိုင်ဟစ်စလာမ်) ကိုပွေ့ထားသည်ကိုတွေ့ရပြီး၊ကိုယ် တော်အနေဖြင့်သားတော်ကိုနမ်းပြီး၊လျှာတော်ကိုစုပ်ပေးတော်မူ၏။ (တစ်နည်းဆိုရလျှင်အ ရမ်းယုယကြောင်းပြဆိုနေလေသည်။) ပြီးနောက်မိမိပခုံးထက်ဝယ်တင်တော် မူပြီး၊မိမိကိုယ်၌ထွေးပွေ့၊ပိုက်ထားတော်မူ၍ မိန့်တော်မူ သည်မှာ-"ကျွန်တော်၏အဖေအားအသင်(အလီ ရေဇာ(အလိုင်ဟစ်စလာမ်))အတွက်စတေးပါ၏။ (အာရပ်လူမျိုးများမှာအရမ်းလေးစား၊ဂုဏ်ပေး ၊ရိုသေသည့်အခါသုံးစွဲလေ့ရှိသည့်ဝါကျဖြစ်သလို၊အမှန်တကယ်လည်းဖြစ်နိုင်ပေသည်။)အသင်၏မည်မျှကောင်းမြတ်သည့်ရနံ့၊၊မည်မျှကောင်းမြတ်သန့်စင်သည့်စာရိတ္တ၊မည်မျှမြင့် မြတ်ကြီးကျယ်မှုသည်ရှင်းလင်းပြတ် သားနေ ပါသည်။" မိုဖွစ်စလ်အနေဖြင့်လျှောက်ထားသည်ကား-"ကျွန်တော်ကိုယ်တော်အတွက်စတေး ပါ၏။ကျွန်တော်နှလုံးသား၌လည်းသခင်(အလိုင်ဟစ်စလာမ်)ကြီးကိုအချစ်မေတ္တာထားသကဲ့သိုဤကလေးငယ်ကို လည်း အချစ်မေတ္တာ သက်ဝင်နေပါသည်။အခြားမည်သူတစ်ဦး၊တစ် ယောက်ကိုမျှဤကဲ့သို့ချစ်ခင်၊မေတ္တာမသက်ခဲ့ချေ။" အေမာမ်(အလိုင်ဟစ်စလာမ်)မိန့်ကြားတော်မူသည်ကား-"အို-မိုဖွစ်စလ်-သားတော်သည် ကျွန်တော် ကဲ့သို့ပင် တည်း။ကျွန်တော် ၏ ဖခမည်းတော်(အေမာမ်ဂျအ်ဖရ်(အလိုင်ဟစ်စလာမ်)) ၏သားတော်များမှ သားတော်တစ်ပါးဖြစ်ပေ သည်။အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ကြားသိတော်မူသော၊ သိရှိတော် မူသောအရှင်ပင်တည်း။"

မိုဖွစ်စလ်ပြန်လည်လျှောက်ထားသည်မှာ-"သားတော်သည်သခင်ကြီး(အလိုင်ဟစ်စ လာမ်)နောက်ပိုင်းအေမာမ်ဖြစ်ပါသလား? အေမာမ်(အလိုင်ဟစ်စလာမ်)ပြန်လည်ဖြေကြားသည် မှာ-ဟုတ်၏။မည်သူမဆို၎င်း၏ အမိန့်ကိုနာခံကျင့် သုံးမည်ဆိုပါကအမှန်တရားကိုပိုင်ဆိုင် မည်ဖြစ်ပြီး၊မည်သူမဆို၎င်း၏အမိန့်ကိုဖီဆန်၊ဆန့်ကျင်မည်ဆိုပါကကာဖေရ်ဖြစ်ချေသည်။" (ဤနေရာ၌ကာဖေရ်ဆိုသည်မှာ မည်ကဲ့သို့ ဆိုလိုကြောင်းရှီအာ၊ အိုလမာသုခမိန်များထံမေးမြန်းသင့်ပေသည်။) ဘာသာပြန်ဆိုသူ ကိုယ်တော်၏ရက်ရောပေးကမ်းလှူဒါန်းမှု ကိုယ်တော်သည် ရက်ရောပေးကမ်း လှူဒါန်း၊စွန့်ကြဲမှုနှင့် စပ်လျဉ်းပြီး မိမိခေတ်ကာလ ၌ပြိုင်ဘက် မရှိချေ။အာရ်ဖါနေ့များ၌မိမိ၏ဥစ္စာ၊ပစ္စည်းများအားလုံးကိုစွန့်ကြဲပေးကမ်းခဲ့လေသည်။

ဖွစ်လ်ဗင်စဟ်လ်အနေဖြင့်ပြောကြားသည်မှာ- "ဤ(ရက်ရောလှူဒါန်းမှုစွန့်ကြဲမှုသည်)ဆုံးရှုံးမှုမဖြစ်ပါသနည်း?အေမာမ်(အလိုင်ဟစ်စ လာမ်)မိန့် ကြားတော်မူသည်မှာ-မည်သည့်အရာကိုမဆိုအလ္လာဟ်အရှင်မြတ်၏လမ်း၌လှူ ဒါန်းပေးကမ်းခဲ့မည်၊ချီးမြှင့်ခဲ့မည်ဆိုလျှင်၎င်းအရာကိုဆုံးရှုံးမှု၊နစ်နာမှုစာရင်း၌မထည့်ရပေ။" တစ်နေ့၌ပုဂ္ဂိုလ်တစ်ယောက် သည်အေမာမ် (အလိုင်ဟစ်စလာမ်)အားပြောကြား သည်မှာ-"မိမိ၏ပျော့ပြောင်းသည့်နှလုံးသားနှင့် အညီကျွန်တော်အားပေးကမ်းစွန့်ကြဲပါလေ။" အေ မာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်အဖြေပြန်ပေးသည်မှာ-"မဖြစ်နိုင်ချေ။"ထပ်ပြီးပြန်လျှောက် သည်မှာ-"ကျွန်တော်၏ပျော့ပြောင်း သည့်နှလုံးသားနှင့် အညီ ကျွန်တော် အားပေးကမ်း စွန့်ကြဲပါဟုဆိုရာ။"အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်"ဒီနာနှစ်ရာပေးရန်"အမိန့်ပေးတော်မူလေ၏။ အစ္စလာမ်သာသနာတော်၌အရမ်းကိုတိုက်တွန်းနိုးဆော်ထားသည့်ကိစ္စတစ်ခုသည် မှာမရှိ ဆင်းရဲနွမ်းပါး၊ လိုအပ်နေသူများ၏ဆန္ဒများကိုဂရုပြု၊ဖြည့်စွက်ကူညီပေးခြင်းဖြစ်ပေ သည်။ မရှိဆင်းရဲနွမ်းပါး၊လိုအပ်နေသူများ၏ဆန္ဒကိုဖြည့်စွက်ပေးသည့်မြင့်မြတ်မှုမည်သူ၊ မည်ပုံရမည်ဆို သည့်စည်းမျဉ်း၊ စည်းကမ်းနှင့်ပက်သက်ပြီးကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်များ၊မအ်စူးမ်မီ(အလိုင်ဟေမွစ်စလာမ်)၏အမိန့်သြဝါဒတော်များ၌အထူးလာရှိပေ သည်။ လူသားအနေဖြင့်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်) ၏ ဘဝသမိုင်း ကို အနည်းငယ်လေ့ လာကြည့်ရှုမည်ဆိုလျှင်အေမာမ်(အလိုင်ဟစ်စလာမ်)သခင်ကြီးသည်မရှိဆင်းရဲနွမ်းပါး၊လိုအပ် နေသူများ၏ဆန္ဒရှိသူများကိုအထူးတလည်မည်ကဲ့သို့အကျိုးပြုကူညီခဲ့သည်ဆိုသည့်ဖြစ်ရပ်မှန်၊ အမှန်တရားကို ထင်ထင်ရှားရှားသိနိုင်ပေသည်။ မိုအ်မရ်ဗင်ခလာဒ်အနေဖြင့်တင်ပြသည်မှာ- "အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)သည် ထမင်းစားသုံးနေလေသည်။ အကောင်းတကာ့အကောင်း ဆုံးဖြစ်သည့်အစားအစာခွက် တစ်ခုအားစားပွဲခင်းမှဆွဲထုတ်ပြီး၊မရှိဆင်းရဲသားများ ကိုပေးကမ်းရန်မိန့်လေသည်။" စိတ်ရှည်အလောမကြီးမှုနှင့်သည်းခံမှု အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)၏သည်းခံ မှုခန္တီးတရား ၊စိတ်ရှည်အလော မကြီးမှု၊ အနွံအတာခံမှုနှင့်ပတ်သက်ပြီးမာမွန်(လ.န)၏

အုပ်ချုပ်သည့်ကာလ၊၎င်း၏နိုင်ငံရေးလှည့်ကွက်၊ဖုံးကွက်၊လိမ်လည်ကွက်များအချိန်နှင့်အေမာမ်(အလိုင်ဟစ်စလာမ်)အားအိမ်ရှေ့မင်းသားအဖြစ်ခန့်ထားပြီးနောက်ပိုင်းအချိန်များ၌မည်မျှအထိအေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်သည်းခံခဲ့ တော်မူကြောင်း၊စိတ်ရှည်အနွံအတာခံခဲ့တော်မူကြောင်းထင်ရှားစွာသိရှိနိုင်ပါသည်။ ဟဒီးစ်ပါရဂူများမှတစ်ဦးဖြစ်သည့်ယာစေရ်ခိုဒါမ်အနေဖြင့်ဆင့်ဆိုသည်မှာ-သော ကြာနေ့၌အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)သခင် သည်ဗလီဝတ်ကျောင်းတော် မှပြန်လာရာ ကိုယ်တော်သည်ချွေးများ၊ဖုန်မှုံများဖြင့်ပေလူးနေလေသည်။ထိုအချိန်မိုးကောင်းကင်ဘက် လက်တော်နှစ်ဖက်ကိုမြှောက်တော်မူပြီးဒိုအာတောင်းလေ၏။ "အို-အလ္လာဟ်ဟို အရှင်မြတ်သခင်ကြီးကျွန်တော်မျိုး၏(မာမွန်၏နှိပ်စက်ညှဉ်းပန်း၊ဂွင် စဉ်မှုများမှ)လွတ်မြောက်မှုသည်သေခြင်းတရား၌ရှိမည်ဆိုပါက-အမြန်ဆုံးဤအချိန်၌သေ ခြင်းတရားကိုပေးသနားတော်မူပါ။" ဤရီဝါယတ်တော်အနေဖြင့် မီးမောင်းထိုးပြနေသည်မှာအေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)အနေဖြင့် အိမ်ရှေ့မင်းသား ဘဝ၌နေခဲ့စဉ်မာမွန်(လ.န)၏နိုင်ငံရေးလှည့်ကွက်များ၊မ ကောင်းသည့် ဥာဏ်စဉ်မှုများဖြင့်၊ဒုက္ခ ၊သောကရောက် ခဲ့ရသည်ကိုသိနိုင်ပေသည်။ဤခါးသီးမှုများ၊မကျေနပ်မှုများကိုအရမ်းသည်းခံပြီး၊တိတ်ဆိတ်စွာနေခဲ့ပေသည်။ထို့နောက်အလ္လာဟ်ဟိုအရှင်မြတ်၏အမိန့်တော်ကိုလိုက်နာကျင့်သုံးဖို့ရန်အတွက်အမိန့်တော်ကိုစောင့်စား သည်းခံခဲ့ တော်မူလေသည်။ အေမာမ်(အလိုင်ဟစ်စလာမ်)၏တရားမျှတမှု ဆင့်ဆိုတင်ပြသည်မှာ-မိုဟမ္မဒ်ဗင်အေဗာဒေဟ်မှအေမာမ်(အလိုင်ဟစ်စလာမ်)အားမေး မြန်းလေ၏။

"အဘယ်ကြောင့်အမီးရွလ်မိုမေနီး(အလိုင်ဟစ်စလာမ်)၏မိန့်ကြားခဲ့မှုများကိုအချိန်ဆွဲခဲ့တော်မူပြီး၊ရှောင်ကြဉ်ခဲ့ရပါသနည်း?" အေမာမ်(အလိုင်ဟစ်စလာမ်) အဖြေပေးတော်မူသည်မှာ -အသင်၏အမြင်တွင်ဤအလုပ် (အမီးရွလ်မို မေနီး(အလိုင်ဟစ်စလာမ်) ၏ မိန့် ကြားချက် )ဆိုသည်မှာအဘယ်နည်း ?

အကယ် ၍အချုပ်အခြာအာဏာကိုဆိုလိုခြင်းဖြစ်ပါကမိမိမူရင်းအတိုင်းသာနေပါလေ၊အကယ်၍ ကျွန်ုပ်အနေဖြင့်အချုပ်အခြာအာဏာကိုယူခဲ့လျှင်လည်းအသင်သည်ဤအတိုင်းပင်ဖြစ်ပေမည်။ သူတစ်နည်းတူ ဖြစ်ပေမည်။ အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)၎င်းကို အဖြေပေးပြီးစစ်မှန်သည်ရုပ်လုံးကိုဖော်ပေးခဲ့ ပေသည်။ ပြီးနောက်ဆက်လက်မိန့်ကြားတော်မူ သည်မှာခေလာဖသ်အားအပြည့်အဝ၎င်း အား ပြောင်းလဲပေးခြင်းမရှိပါက ၊ ၎င်းခေလာဖသ် ကိုလက်ခံပြီးအကျိုးအမြတ်ရှိမည် မဟုတ်ချေ။

ဤ(အေမာမ်(အလိုင်ဟစ်စလာမ်))၏အဖြေကြောင့်၎င်းမေးမြန်းသူ၏မျက်နှာသည်ဝမ်း နည်းပူ ဆွေးသည့် အရောင်များထွက်လာလေ၏။ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) အနေဖြင့်မိမိ၏ေ ခလာဖသ် (အုပ်ချုပ်မှု)နှင့်စပ်လျဉ်းပြီး မိမိ လမ်းစဉ်ကို မိန့်တော်မူသည်မှာ - မည်သူမျှ အခြားသူတစ်ဦးထက် သာလွန်မြင့်မြတ်မှု ၊အရေးပေးခံရမှု ကိုရရှိမည်ဟုတ်ချေ။ အာဏာပိုင်ဖက်မှာ ဥပဒေကိုလေးစားမှုနှင့်တရားမျှတမှု၊ကျောသားရင်သားမခွဲခြားမှု၊ကိုအပြည့်အဝလိုက်နာမည်ဖြစ်ပေသည်။ တရားမျှတမှု၊ကျောသားရင်သားမခွဲခြားမှုကိုလူထုအကြားကျင့်သုံးရမည်ဖြစ်ပေ သည်။ဤလုပ်ရပ်သည် အလွန် အရေးကြီးသည် လုပ်ရပ် တစ်ခု ဖြစ်ပါသည်။ အကြီးအကဲများ၏ အဆို၌ အေမာမ် (အလိုင်ဟစ်စလာမ်) ၏ကြီးကျယ်မြင့်မြတ်မှု အကယ်၍တစ်နည်းဆိုရလျှင် ကျွန်တော်တို့အတွက် အေမာမ်(အလိုင်ဟစ်စလာမ်) ၏ ကြီးကျယ်မြင့်မြတ်မှုအတွက် ကိုယ်တော်၏အေမာမ်မသ်တည်းသာလျှင်လုံလောက်ပေ သည်။သို့သော် အေမာမ်(အလိုင်ဟစ်စလာမ်) ၏ကြီးကျယ်မြင့်မြတ်မှုနှင့်ပတ်သက်ပြီး အချို့ အကြီးအကဲများ၏အဆိုတစ်ချို့သည် အများလူထု၏ဦးနှောက်ထဲအရမ်းဝင်စေပေသည်။ မာမူးမ်ရရှီးဒ်အာဘာစ်စီပညာအရကြီးမားသည့်နေရာကိုပိုင်ဆိုင်ထားသူဖြစ်ပေ သည်။သို့သော်လည်းကိုယ်တော်၏ ရန်သူများမှတစ်ယောက်ဖြစ်ပေသည်။၎င်းအနေဖြင့် ကိုယ်တော်နှင့်ပတ်သက်ပြီးပြောသည်ကား -

ما اعلم احد افضل من هذا الرجل علي وجه الارض

အဓိပ္ပါယ် ။ ။ ကျွနှ်ပ်အနေဖြင့်ဤပုဂ္ဂိုလ်ထက်သာလွန်ကောင်းမွန်သူတစ်ဦးတစ် ယောက်ကိုမျှဤပထဝီမြေကြီး၌ မတွေ့ဖူးချေ။

ဂျမားလ်လွဒ်ဒီးန်အဟ်မဒ်ဗင်အလီနစာပေကျော်ကြားသည့်အမည်အဗ်နေအန်ဗေအနေုဖြင့်ဆိုထားသည်မှာ-အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) ၎င်း၏ကွန်နီယသ်သည် အဗူလ်ဟစန် ဖြစ်ပါသည်။ မိမိခေတ်ကာလတွင် အနှိုင်းမဲ့သည့်အဗူသွာလစ်ဗ်(အလိုင်ဟစ်စ လာမ်)သားတော်များမှဖြစ်ပေသည်။ ထိုပြင်ဇဟ်ဘီကျော်ကြားအဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်) အားကျောခိုင်းသူ၊အေ မာမ်ရေဇာ(အလိုင်ဟစ်စလာမ်)နှင့် ပတ်သက်ပြီးပြောသည်ကား-၎င်းသည်မိမိခေတ်ကာလတွင် ဗနီဟာရှင်၏ခေါင်းဆောင်ဖြစ်ပြီး၊ခန္တီးတရားအရှိဆုံး၊အသိဥာဏ်ပညာအရှိဆုံးဖြစ်ပေသည်။ အဗာစဲလ်ဟရ်ဝီး မိမိခေတ်ကာလတွင်ပညာရှင်အကြီးဆုံးအနေဖြင့် ပြောဆိုသည် မှာ-အလီ(အလိုင်ဟစ်စလာမ်)ဗင်မူစာ(အလိုင်ဟစ်စလာမ်)အလ်ရေဇာ(အလိုင်ဟစ်စလာမ်)လောက်ပညာ အရှိဆုံးမည်သည်ပညာရှင်ကိုမျှမတွေ့ဖူးချေ။အကယ်၍မည်သည့် ပညာရှင်မဆို ၎င်းအား (အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်))အားတွေ့မြင်မည်ဆိုလျှင်ထိုပညာရှင်ကိုယ်တိုင်ကျွန်ုပ်ကဲ့သို့ပင်သက်သေခံပေမည်။ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) ၏ ပညာအရည်အချင်း ကိုယ်တော်သည် ပညာအရည်အသွေး အား မိမိ၏ ဘိုးတော် ရစူလ်လေခိုဒါ (ဆွလ် လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်) ထံမှအမွေရထားခြင်းဖြစ်ပေသည်။

ကိုယ်တော်သည် အေလ်မ်နှင့်ဖဇီးလသ်၏ပင်မဖြစ်ချေသည်။အေလ်မ်(ပညာ)နှင့်မအ်ရေဖတ်သ်(အလ္လာဟ် ဟိုအရှင်မြတ်ကိုသိရှိနားလည်ခြင်း) ဆည်းပူးလိုသူများမှာကိုယ်တော်ဆီမှ ဆည်းပူးအကျိုး ရယူခဲ့ကြပေသည်။ မဆာအေလ်ကိုနားလည်သဘောပေါက်ရန်၊အခက်အခဲများကိုဖြေရှင်းကျော်လွှားနိုင်ရန် ၊ ကိုယ်တော်ထံမှအကျိုးအမြတ် အကူအညီယူခဲ့ကြပေသည်။

သမိုင်းစာမျက်နှာကမြောက်များစွာသောကိုယ်တော်(အလိုင်ဟစ်စလာမ်)၏အေလ်မ်မီမို နာဇေရေဟ်(အမှန်တရားအတွက်ပညာယှဉ်ပွဲ) ၊ဖေက်ရ်(စဉ်းစားတွေးခေါ်မှု) ဆိုင်ရာဆွေး နွေးမှုများသည် အစ္စလာမ်ရန်သူများ အပေါ်အောင်နိုင်မှု အဖြင့်နေရာယူ ထားပြီးဖြစ်ချေသည်။

အီဗရာဟီးမ်ဗင်အာဘာစ်ဆူလီအနေဖြင့် တင်ပြပြောဆိုသည်မှာ -ကျွန်ုပ်အနေဖြင့် အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) အားမေးခွန်း၊မေးတိုင်း၊မဖြေနိုင်တာမရှိကြောင်း၊ မသိကြောင်းကိုတစ်ခါမျှမတွေ့ခဲ့ရချေ။ ၎င်းထက်ပိုပြီးဥာဏ်အရှိဆုံး၊ပညာအရှိဆုံးကိုလည်း မည်သူကိုမျှ မတွေ့ဘူးချေ။ ပတ်ဝန်းကျင်နှင့်ပေါင်းသင်းဆက်ဆံမှုနှင့်အပိုင်းဆိုင်ရာကျင့်ဝတ်များ မာစူမ်အေမာမ်များ (အလိုင်ဟေမွစ်စလာမ်) များသည်လောက မမက်မောသည့်သူတော် စင်များအနက်အကောင်းဆုံးသူတော်စင်များဖြစ်သည်မှာသံသယမရှိမှန်ကန်ပေသည်။ လောက၏ အရောင်အလက်များ ၊တန်ဆာများနှင့်လည်းအရမ်းရှောင်ကြဉ်ခဲ့သူများပင် တည်း။

သို့သော် အေမာမ်များ(အလိုင်ဟေမွစ်စလာမ်)အမြင်တွင်လောကမမက်မောမူ ဆိုသည်မှာ ရိုးရိုးအဝတ်ဝတ်ဆင်ခြင်း၊ရိုးရိုးအစားအစားစားသောက်ခြင်းအထိမဟုတ်ဘဲ၊အဓိပ္ပါယ်ဆိုလိုချက်ပိုမိုကျယ်ပြန့်မှု ကိုဆောင်နေပေ သည်။ အမှန်တကယ်လောကမမက်မောသူဆိုသည်မှာလောက၏ပျော်ရွင်မှုများ၊အရသာများကိုမိမိအသက်အပေါ်အုပ်ချုပ်မှုမပေးဘဲထိန်းချုပ်ထားနိုင်သူကိုခေါ်ပါသည်။ ((နတ်စ်ရေဒ် ဒိုရရ် )) အမည်ရှိ စာအုပ်တွင် ရာဝီး တစ်ယောက်မှတင်ပြသည်မှာ - ခိုရာစာန် တွင် စူဖီများမှ အုပ်စု တစ်စုသည် အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)ထံ အခစားဝင် ကြပြီး လျှောက်ထားကြ သည်မှာ - အမီးရွလ်မိုမေနီ(မာမူမ်ရရှီးဒ်(လ.န) ) သည် အလ္လာဟ် ဟိုအရှင်မြတ်မိမိကို ပေးအပ်သည့်တာဝန်(ခေလဖာသ်)နှင့်ပတ်သက်ပြီးစဉ်းစားတွေးတော ကာကိုယ်တော်၏အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်)သည်လူသားအားလုံးထက်အေမာမ် မသ်နှင့်ရှေ့ဆောင်တာဝန်ကိုခံယူ အထိုက်ဆုံး ဟု ရလာဒ်ထုတ်ခဲ့ပေသည်။ ပြီးနောက် အဟ်လေ့ဘိုက် (အလိုင်ဟေမွစ်၊စလာမ်) အား သုံးသပ်ရာ ကိုယ်တော်သည် အသင့်တော်ဆုံး ဖြစ်ကြောင်းတွေ့လေသည်။ဤအတွက်ကြောင့် ခေလာဖသ်၏ တာဝန် ကိုယ်တော်ကို ပြန်လည်ပေးအပ်လိုပါတယ်။

လက်ရှိလူထုအတွက်ရိုးရိုးအဝတ်ဝတ်ဆင်ပြီး၊ရိုးရိုးအစားအစားစားသောက်ကာရိုးရိုး အစီးအနင်းဖြစ်သည့် မြည်းကိုအသုံးပြုမည့်ရှေ့ဆောင်ခေါင်းဆောင်လိုအပ်နေပါ သည်ဟုလျှောက်ထားကြလေသည်။ ရာဝီးအနေဖြင့် ဆက်လက်ပြီးဆင့်ဆို သည်မှာ-အေမာမ်(အလိုင်ဟစ်စလာမ်)သည်မှီထိုင်နေရာမှအမှီကိုလွတ်ပြီးထိုင်ကာမိန့်တော်မူသည်မှာ-((ဟဇရတ် ယူစွဖ်(အလိုင်ဟစ်စလာမ်)သည် နဘီတမန်တော်ဖြစ်ပြီး၎င်း၏ အဝတ်သည် ပိုးထည်ဖြစ်ပြီး ၊ကြယ်သီးသည်ရွှေဖြစ်ပေသည်။ထိုပြင်ဖေရ်အောင်နီများ(ရှိုင်တွာန်များ)၏မဂျလစ်(ထိုင်ဝိုင်း)တွင်ကောင်းလှသည့်အမှီများ ကိုမှီပြီးထိုင်တော်မူလေသည်။

အသင်တို့အရှက်တရားကင်းမဲ့ကြပေသည်။အသင်တို့တရားမျှတသည်အေမာမ်၊ကျောသားရင်သားမခွဲခြားသည်အေမာမ်လိုချင်သည်ဟုဆိုပြီးအဘယ်ကြောင့် စကားအမှန်မဆိုကြပါသနည်း? အကယ်၍ အမိန့်ပေးမှုကိုပြုမည် ဆိုလျှင်တရားမျှတပါစေ။((ကတိပေးလျှင်တည်ပါစေ။ )) ဟဇရတ်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်)အနေဖြင့်မိမိ၏ရှဟာဒတ်ဒ်နှင့်မြှုပ်နှံရာအရပ်ကို ကြိုသိတော်မူခြင်း ဟဇရတ်အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်) အနေဖြင့်မိမိ၏ရှဟာဒတ်ဒ်သည်မာမွန် (လ.န)ကြောင့်ဖြစ်ရမည်ဖြစ်သောကြောင့်အကြိမ်ကြိမ်အထူးအနေဖြင့်သတင်းပေးတော်မူ ခဲ့ပေသည်။ တစ်ခါတစ်ရံမိန့်ကြားတော်မူ သည်မှာ((ကျွန်တော်ခိုရာစာန်သို့ခရီးထွက်မည်၊သို့ သော်ပြန်လာနိုင်မည်မဟုတ်ချေ။)) အကြောင်းသည်ကား-မာမွန်(လ.န)သည်ကိုယ်တော် အား အိမ်ရှေ့မင်းသား အဖြစ်မဒီနာရွှေမြို့တော်မှ ခိုရာစာန်သို့ဖိတ်ခေါ်ခဲ့ သည့်အတွက်ကြောင့်ဖြစ်ပေသည်။ ရာဝီးမှတင်ပြသည်မှာ-နှုတ်ဆက်ရန်အတွက်(ဘိုးတော်)ရစူလ်လေခိုဒါ(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်)ရောင်ဇာတော်ဆီလာရောက်ပြီးအသံကျယ်စွာဖြင့်ငိုကြွေးတော်မူလေသည်။

ကျွန်တော်(ရာဝီး)အနေဖြင့်အေမာမ်(အလိုင်ဟစ်စလာမ်)အားစလာမ်ဆက်သတော်မူပြီးဖိတ်ခေါ်ခြင်းခံရသည့်အိမ်ရှေ့မင်းသားရာထူးအတွက်မိုဘာရတ်ပြောကြားလေသည်။အေမာမ်(အလိုင်ဟစ်စလာမ်)အနေဖြင့်မိန့်လေသည်ကျွန်ုပ်အားမိမိ၏ဘိုးတော်ရစူလ်လေခိုဒါ (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်)နားမှာဝေးအောင်လုပ်နေပေသည်၊ကျွန်ုပ်သည် မိမိမွေးရပ်မြေနှင့်ဝေးပြီးသေရပေလိမ့်မည်။ဟရွန်ရရှီးဒ်(လ.န)ဘေး၌မြှုပ်နှံခြင်းခံရပေ လိမ့်မည်။)) ဤအတွက်ကြောင့် ကိုယ်တော်အနေဖြင့်မဒီနာရွှေမြို့တော်ကိုစွန့်ခွာတော်မူချိန်၌ (မိမိအမျိုးအဆွေများကို ) ကို ကျွန်ုပ်အပေါ်ငိုကြွေးကြရန်အမိန့်ပေးတော်မူလေ၏။အကြောင်း သည်ကား မာမွန်(လ.န)အနေဖြင့် အပြင်ပိုင်း အရအေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်) ကိုနှစ် သက်မြတ်နိုးကြောင်းပြပေသည်။နန်းတွင်းအစည်းအဝေးပွဲများတွင်အေမာမ်အလီ(အလိုင်ဟစ်စလာမ်) ၏အေမာမ်မာသ်ကို ကာကွယ်ခဲ့ပေသည်။ အေမာမ်ရေဇာ (အလိုင်ဟစ်စလာမ်) အနေဖြင့်မိမိ၏အပေါင်းအဖော်များကိုမိန့်ကြားလေ့ရှိပေသည်။((မာမွန်(လ.န)အနေဖြင့်မိမိ၏တရားများဖြင့်အသင်တို့အားမလှည့်စားဖို့လိုပေသည်။အလ္လာဟ်ဟိုအရှင်မြတ်၏ကစမ်၎င်းမှလွဲပြီးကျွန်ုပ်ကိုမည်သူမျှလုပ်ကြံသတ်ဖြတ်မည် မဟုတ်ချေ။ ကျွန်ုပ်အနေဖြင့်လည်းဖူးစာတွင်ရေးထား သည့်(ရှဟာဒတ်ဒ်)ကိုဆောင်ရွက်ရာမှအခြား၊တခြားလမ်းမရှိတော့ချေ။)) ဤအကြောင်းနှင့်ပတ်သက်ပြီး ၊အခြားရာဝီးတစ်ယောက်မှ လည်းတင်ပြ သည်မှာ - ကျွန်တော်အနေဖြင့် ခလီဖာအဘာစီ(လ.န)သည်မစ်ဂျစ်ဒ်ဒေဟရမ်၏တံခါးပေါက်တစ်ခု မှအပြင် ထွက်လာပြီး၊ အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်) မှလည်းအခြားတံခါးပေါက်တစ်ခု မှအပြင် ထွက်လာတော်မူသည်ကိုတွေ့ ခဲ့ရပါသည်။ ကိုယ်တော်အနေဖြင့်မိန့်တော်မူသည်ကား

- يا بعد الدار و قرب الملتقي ان طوسستجمعني و اياه

အိမ်သည် မည်မျှ ဝေးနေပါသနည်း?တွေ့ဆုံဖို့မည်မျှနီးကပ်နေပေသည်။

သူမြို့တွင် ၎င်းနှင့်ကျွနှ်ပ်သည်ပေါင်းသင်းဆက်ဆံရပေမည်။ဟရွန်(လ.န)၏ကဗ်ရ်ဘေးတွင်အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) ၏ကဗရ်ရှိမည်ဟုသိလိုက်ရပါသည်။ တစ်ခါတစ်ရံ ဟရွန် (လ.န) မစ်ဂျစ်ဒ်နဗဝီးတွင် တရားဟောနေစဉ် ကိုယ်တော် မိန့်တော်မူသည်မှာ -

تروني و اياه ندفن في بيت واحد

အဓိပ္ပါယ် ။ ။ ကျွန်ုပ်နှင့်၎င်းသည်အခန်းတစ်ခုတည်းတွင် မြှုပ်နှံခြင်းခံရပေလိမ့်မည်။တစ်ခါတစ်ရံမိန့်တော်မူ သည်မှာ- ကျွန်ုပ်နှင့်ဟာရွန်(လ.န)ကိုဤကဲ့သို့မြင်ရလိမ့်မည်၊ ထိုနောက်မိမိ လက်ခလယ်နှင့်တခြား လက်ချောင်း တစ်ခု ဖြစ်ကပ်ပြလေသည်။ ရာဝီးအနေဖြင့် ပြောကြားသည်မှာ-အေမာမ်(အလိုင်ဟစ်စလာမ်)၏အဓိပ္ပါယ်ဆိုလိုချက် ကိုသဘောမပေါက်ခဲ့ရာဟာရွန်(လ.န)ဘေးတွင်အေမာမ်ရေဇာ(အလိုင်ဟစ်စလာမ်)မြှုပ်နှံ ချိန်မှာ မည်သည်ကိုဆိုလိုကြောင်း သဘောပေါက်ခဲ့ပေသည်။

الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ

 

*****************************************************************

END / 251