အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၈ ဇူလိုင် ၂၀၂၁

၁၉:၂၉:၃၁
1158310

အစ္စရေး ကျူးကျော် အခြေချမှု တွေနဲ့ ဆက်နွယ်နေ တဲ့ ကုမ္ပဏီတွေ ဆီ က ရင်းနှီးမြုပ်နှံ့ မှုတွေကို ပြန် ရုပ်သိမ်းသွား မယ်လို့ နော်ဝေး ပင်စင် ရန်ပုံငွေ အဖွဲ့ ထုတ်ပြန်

နော်ဝေးရဲ့အကြီးမားဆုံးပင်စင်ရန်ပုံငွေအဖွဲ့အစည်းက အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသက အစ္စရေးကျူးကျော်အခြေချမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဆက်သွယ်ရေးပစ္စည်းကိရိယာကုမ္ပဏီကြီး Motorola အပါအဝင် ကုမ္ပဏီ ၁၆ခုက သူတို့ရဲ့ရင်းနှီးမြုပ်နှံ့မှုတွေကိုပြန်လည်ရုပ်သိမ်းဖယ်ရှားသွားမယ်လို့ ကြေငြာခဲ့ပါတယ်။




နော်ဝေးရဲ့အကြီးမားဆုံးပင်စင်ရန်ပုံငွေအဖွဲ့အစည်းက အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသက အစ္စရေးကျူးကျော်အခြေချမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဆက်သွယ်ရေးပစ္စည်းကိရိယာကုမ္ပဏီကြီး Motorola အပါအဝင် ကုမ္ပဏီ ၁၆ခုက သူတို့ရဲ့ရင်းနှီးမြုပ်နှံ့မှုတွေကိုပြန်လည်ရုပ်သိမ်းဖယ်ရှားသွားမယ်လို့ ကြေငြာခဲ့ပါတယ်။


“KLP ရဲ့အကဲဖြတ်ခန့်မှန်းချက်တွေအရ ရင်းနှီးမြုပ်နှံ့မှုတွေပြန်လည်ရုပ်သိမ်းလိုက်တဲ့ဒီကုမ္ပဏီတွေဟာ အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသမှာ အစ္စရေးကျူးကျော်အခြေချမှုတွေနဲ့ ဆက်နွယ်မှုတွေရှိပြီး ပဋိပက္ခနဲ့စစ်ပွဲအခြေအနေတွေမှာ လူ့အခွင့်အရေးချိုးဖောက်စော်ကားမှုတွေကို အားပေးအထောက်အပံ့ပြုနေတဲ့ လက်မခံနိုင်စရာကိစ္စရပ်တွေရှိနေပါတယ်” လို့ ဒေါ်လာ၉၅ဘီလီယံပိုင်ဆိုင်မှုတွေရှိထားတဲ့ KLP အဖွဲ့အစည်းက တနင်္လာနေ့ကထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။


ဒီကုမ္ပဏီတွေဟာ ဆက်သွယ်ရေးတယ်လီကွန်ကုမ္ပဏီတွေ ဘဏ်လုပ်ငန်း စွမ်းအင် နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပြီး အားလုံးဟာ အစ္စရေးရဲ့ကျူးကျော်အခြေချတည်ဆောက်မှုတွေကို အကူအညီပေးနေ တာကြောင့် နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တဲ့နေရာမှာအလိုတူအလိုပါ ဖြစ်သွားနိုင်တဲ့အခြေအနေကြောင့်ကော KLP ရဲ့ကျင့်ဝတ်စည်းမျဉ်းစည်ကမ်းတွေကိုပါ ဆန့်ကျင်နေတယ် လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲ မှာပြောကြားထားပါတယ်။ “Motorola ကုမ္ပဏီဆီက ရင်းနှီးမြုပ်နှံ့မှုတွေကိုပြန်ရုပ်သိမ်းဖယ်ရှားတာရှင်းပါတယ် ဒီကုမ္ပဏီဟာ အသိမ်းပိုက်ခံနယ်မြေတွေမှာ စောင့်ကြည့်စစ်ဆေးထောက် လှမ်းမှုတွေလုပ်ဆောင်နေ တာကြောင့်ဖြစ် ပါတယ်။ Motorola နဲ့ တစ်ခြားကုမ္ပဏီတွေဟာ အသိမ်းပိုက်ခံပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေနဲ့ အလိုတူအလိုပါဖြစ်နေပါတယ် Motorola ဟာ နယ်စပ်စောင့်ကြည့် စစ်ဆေးမှုတွေမှာ အသုံးပြုတဲ့ဆော့ဖ်ဝဲလ်ကို အထောက်အပံ့ပြုပေးထားတယ်” လို့ KLP ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။


နိုင်ငံတကာဥပဒေအောက်မှာ တရားမဝင်အဖြစ်သတ်မှတ်ထားတဲ့ အစ္စရေးရဲ့ကျူးကျော်အခြေချမှုတွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီ ၁၁၂ ခုကို ၂၀၂၀ ဖေဖေါ်ဝါရီမှာ ကုလထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပြီးနောက် ဒီလိုရင်းနှီးမြုပ်နှံ့မှုတွေကိုပြန်ရုပ်သိမ်းဖယ်ရှားမှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကုလရဲ့ဒီစာရင်းထုတ်ပြန်မှုကို အစ္စရေးအစိုးရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင်အသိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသအတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဆီက ရင်းနှီးမြုပ်နှံ့မှုတွေကိုပြန်ရုပ်သိမ်းသွားမယ်လို့ KLP ကပြောကြားခဲ့ပါတယ်။


ပါလက်စတိုင်းနယ်မြေတွေကိုသိမ်းပိုက်ထားမှုဟာ တရားမဝင်ကြောင်း ကုလကလည်းသတ်မှတ်ထားပါတယ်။ အနောက်ဘက်ကမ်းဒေသနဲ့ အရှေ့ဂျေရုဆလင်မှာ အစ္စရေး၆သိန်းကျော် ကျူးကျော်အခြေချနေထိုင်နေပါတယ်။
Al Jazeera သတင်းဌာနပါ “Norway: KLP fund divests from firms linked to Israeli settlements” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


****************************************************************

END / 251