အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဇူလိုင် ၂၀၂၁

၀၉:၂၉:၂၀
1158360

ထရန့် မှ Google ၊ Facebook နှင့် Twitter တို့ အား တရားစွဲ

အမေရိကန် သမ္မတ ဟောင်း ဒေါ်နယ်ထရန့် မှ Google ၊ Facebook နှင့် Twitter တို့ အား တရားစွဲ ဆိုလိုက်ပါတယ်။



မဲဟ်ရ် သတင်းဌာန ၏ သတင်း အထောက်များ အရ အမေရိကန် သမ္မတ ဟောင်း ဒေါ်နယ်ထရန့် မှ Google ၊ Facebook နှင့် Twitter တို့ အား တရားစွဲ ဆိုလိုက်ပါတယ်။

သတင်းအထောက်အထားများ အရ ဒေါ်နယ် ထရန့် မှ စီအီးအို များ ဖြစ်ကြသည့် ရှာဖွေရေး ဆိုင်ရာ ဂူးဂဲလ် ၊ လူမူ မီဒီယာ ခေါ် ဖေ့စ်ဘုတ်ခ် နှင့် တွစ်တာ တို့ အား ဖလော်ရီဒါ ဖက်ဒရယ် တရား ရုံး တွင် တရား စွဲ ဆို ခဲ့ပြီး ၎င်းနည်းပညာ ဆိုင်ရာ ကုမ္ပဏီ များ အား အရေးယူ ပေးရန် လျှောက်ထား ခဲ့ ပါတယ်။

အမေရိကန် နိုင်ငံ ၏ နယူးဂျာစီ ပြည်နယ် ၏ သတင်းစာ ရှင်းလင်း ပွဲ တွင် ဒေါ်နယ် ထရန့် မှ ဆိုရှယ် မီဒီယာ ကုမ္ပဏီ များ ကို ဝေဖန် ပြစ်တင်ခဲ့ပါတယ် ။ ၎င်းမှ ဆက်ပြီး ကျွန်ုပ် အပေါ် ပိတ်ဆို့ တားဆီး ထားမှု ဖယ်ရှားပေးဖို့ တောင်းခဲ့ပါတယ်။ တရားစွဲ ဆိုမှု သည် ကျွန်ုပ်တို့ ၏ လွတ်လပ် စွာ ဆန္ဒ ဖော်ထုတ် ခွင့် အတွက် လှပသည့် တိုးတက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရန့် မှ ဆက်လက်ပြီး တွစ်တာ မှ ကျနော် အကောင့်ကို ပိတ်ရသည့် ဝါကျ ကို ကျနော် အလွန်သဘောကျ နှစ် သက်ကြောင်း ၊ နည်းပညာ ဆိုင်ရာ ကုမ္ပဏီ များသည် သမ္မတ တစ်ယောက်အပေါ် ပိတ်ပင်မှု ပြုနိုင်ရင် အခြား သူများ ကို လည်း ပိတ်ပင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

သိထားရမည့် အချက်မှာ ယခုနှစ် အစော ပိုင်းတွင် ဒေါ်နယ် ထရန့် အား ထောက်ခံသူများ မှ ဝါရှင်တန် ဒီစီ ရှိ Caoitol Hill အဆောက်အဦးအား တိုက်ခိုက် ခဲ့ကြပါတယ်။ မိမိအား ထောက်ခံသူများ ကို ဤကဲ့သို့ တိုက်ခိုက်ရန် ဒေါ်နယ် ထရန့် မှ မိမိ ဆိုရှယ်မီဒီယာ အကောင့် ကနေ လှုံ့ဆော်ခဲ့ သည်ဟု စွပ်စွဲ ခံထားရပါ တယ်။

****************************************************************

END / 251