အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
အင်္ဂါနေ့

၁၃ ဇူလိုင် ၂၀၂၁

၀၆:၃၂:၀၈
1159790

၂၀၂၁ခုနှစ် စကတည်းက ပါလက်စတိုင်းနေအိမ် ၄၂၁ လုံးထက်မနည်း အစ္စရေး ကဖျက်ဆီး ဖြိုချခဲ့ပြီး ဖြစ်ကြောင်း ကုလ အစီရင်ခံ စာ ဖော်ပြ

၂၀၂၁ ခုနှစ်နှစ်စကတည်းက အစ္စရေးကျူးကျော်အာဏာပိုင်တွေက ပါလက်စတိုင်းနေအိမ် ၄၂၁ လုံးထက်မနည်းကိုဖျက်ဆီးဖြိုချခဲ့ကြောင်း ကုလလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြန်ကြားရေးရုံး(UNOCHA) ရဲ့မကြာသေးမီက အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။




၂၀၂၁ ခုနှစ်နှစ်စကတည်းက အစ္စရေးကျူးကျော်အာဏာပိုင်တွေက ပါလက်စတိုင်းနေအိမ် ၄၂၁ လုံးထက်မနည်းကိုဖျက်ဆီးဖြိုချခဲ့ကြောင်း ကုလလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြန်ကြားရေးရုံး(UNOCHA) ရဲ့မကြာသေးမီက အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


၂၀၂၁ခုနှစ်အတွင်း အစ္စရေးအာဏာပိုင်တွေက အနောက်ဘက်ကမ်းဒေသကအလှူရှင်တွေ ဆောက်လုပ်ပေးထားတဲ့ နေအိမ် ၁၃၀ လုံး အပါအဝင် ပါလက်စတိုင်းပိုင်နေအိမ်အဆောက်အဦး ၄၂၁ လုံးထက်မနည်းကို သိမ်းယူဖျက်ဆီးဖြိုချခဲ့တယ် လို့ အစီရင်ခံစာထဲမှာထုတ်ဖော်ရေးသားထားပါတယ်။ ပါလက်စတိုင်းနေအိမ်တွေကိုသိမ်းယူ ဖျက်ဆီးဖြိုချခဲ့တဲ့လုပ်ရပ်တွေကြောင့် ကလေးငယ် ၃၂၀ဦးအပါအဝင် ပါလက်စတိုင်း ၅၉၂ဦးထက်မနည်း နေရပ်စွန့်ခွာခဲ့ရတယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


၂၀၂၀ ခုနှစ်အတွင်းဖြစ်ရပ်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နေအိမ်အဆောက်အဦးတွေကိုပစ်မှတ်ထားမှု ၂၄%တိုးလာပြီး ရန်ပုံငွေတွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦးတွေ ပစ်မှတ်ထားခံရမှု ၁၁၀ % နဲ့ လူတွေနေရပ်စွန့်ခွာရမှု ၅၀%ထိတိုးမြင့်လာခဲ့တယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


Middle East Monitor သတင်းဌာနပါ “UN: Israel demolished, seized 421 Palestinian homes since start of 2021” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************************

END / 251