အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzimaburmese
ကြာသပတေးနေ့

၂၂ ဇူလိုင် ၂၀၂၁

၁၉:၂၃:၄၀
1162439

တရုတ်ပြဿနာ တွင် ဒီမိုကရေစီ တန်ဖိုးများနှင့် လူ့အခွင့် အ‌ရေးကိစ္စ ကို ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးဟု အမေရိကန်သမ္မတနှင့် ဂျာမနီ ဝန်ကြီးချုပ် သဘောတူ

တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဒီမိုကရေစီတန်ဖိုးများနှင့် လူ့အခွင့်အရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့က အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားလိုက်သည်။


တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဒီမိုကရေစီတန်ဖိုးများနှင့် လူ့အခွင့်အရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့က အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားလိုက်သည်။

တရုတ်အရေးနှင့် ပတ်သက်၍ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ရန်လည်း သမ္မတဘိုင်ဒင်နှင့် ဆွေးနွေးခဲ့ကြောင်း မာကယ်က ပြောကြားခဲ့သည်ဟု The Hill သတင်းတွင် ဖော်ပြခဲ့သည်။

“ကျွန်မတို့က လွတ်လပ်ပြီး ဒီမိုကရေစီ လူ့အသိုက်အဝန်းအတွက် ရပ်တည်နေတဲ့ နိုင်ငံတွေပါ။ လူ့အခွင့်အရေးကို အာမခံချက်မရှိရင် ကျွန်မတို့က ထုတ်ဖော်ပြောဆိုရပါမယ်” ဟု မာကယ်က ပြောကြားသည်။

သမ္မတ ဘိုင်ဒင်ကလည်း “တရုတ်ဖြစ်စေ၊ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေကို ထိခိုက် ပျက်စီးအောင် လုပ်နေတဲ့ အခြားနိုင်ငံတွေနဲ့ ပတ်သက်လို့ ဖြစ်စေ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအတွက် ကျွန်တော်တို့ ရပ်တည်သွားပါမယ်။ ဒီမိုကရေစီကို နောက်ပြန်ဆွဲတာတွေ၊ အကျင့်ပျက်ခြစားမှုနဲ့ ပြည်သူအများစုရဲ့ သဘောထားဆန္ဒကို လိမ်ညာလှည့်စားပြီး ကိုယ်စားပြုတဲ့ နိုင်ငံရေး စနစ်ကို ဖြေရှင်းရာမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့ သဘောတူညီထားပါတယ်” ဟု ပြောကြားသည်။

နယူးယောက်တိုင်းမ်သတင်းစာက “ခေါင်းဆောင်နှစ်ဦးတို့သည် အိမ်ဖြူတော်၌ မိနစ် ၅၀ ကြာ တွေ့ဆုံပွဲတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုအပါအဝင် အရေးကြီးသည့် ပထဝီနိုင်ငံရေး ဦးစားပေးဆောင်ရွက်ရန်ကိစ္စများ ၊ ရုရှား၏ ရန်လိုမှုများကို ထိန်းချုပ်ရေး၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်သူများအပေါ် ဉာဏမူပိုင်ခွင့် ကန့်သတ်ချက်များကို ဖယ်ရှားရေးအပါအဝင် ကဏ္ဍအများအပြားကို ဆွေးနွေးခဲ့ကြသည်။

နည်းပညာ၊ ဒီမိုကရေစီ စည်းမျဉ်းများနှင့် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အုပ်စုများ မိတ်ဖက်ဖွဲ့စည်းရေးကဲ့သို့ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန် အမေရိကန်-ဂျာမနီအနာဂတ်ဖိုရမ်နှင့် စီးပွား‌ရေး ဆွေးနွေးမှုအဖွဲ့များ ဖွဲ့စည်းရန်လည်း ဘိုင်ဒင်နှင့် မာကယ်တို့က ကြေညာခဲ့သည်။

နှစ်နိုင်ငံစလုံးတွင် ၂၀၅၀ ပြည့်နှစ်ထက် နောက်မကျစေဘဲ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုံညအဆင့်သို့ ရောက်ရှိရေးအတွက် ရာသီဉတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အဆိုပါအဖွဲ့၏ လုပ်ငန်းစဉ်များကို အမေရိကန်ဘက်မှ ရာသီဉတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီနှင့် စွမ်းအင်ဝန်ကြီး ဂျနီဖာဂရမ်ဟိုလမ်တို့က ဦးဆောင်သွားမည်ဖြစ်သည်။



***********************************************************************
END / 251