အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzimaburmese
ကြာသပတေးနေ့

၁၂ ဩဂုတ် ၂၀၂၁

၁၉:၂၉:၁၇
1169143

ဂရိနိုင်ငံ တစ်ဝန်း တောမီး လောင်ကျွမ်းမှု တွေ အလွန်ပြင်း ထန်ဆိုး ဝါးလာ

“အရမ်းကို စိတ်မကောင်းဝမ်းနည်းစရာ အချိန်ပါပဲ”လို့ ဂရိကျွန်းမှာ ဆိုးဝါးတဲ့ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတဲ့ ရွာသားတစ်ဦးက ပြောပါလာခဲ့ပါတယ်။




“အရမ်းကို စိတ်မကောင်းဝမ်းနည်းစရာ အချိန်ပါပဲ”လို့ ဂရိကျွန်းမှာ ဆိုးဝါးတဲ့ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတဲ့ ရွာသားတစ်ဦးက ပြောပါလာခဲ့ပါတယ်။

ဂရိနိုင်ငံမှာ နှစ်သုံးဆယ်ကျော်အတွင်း အဆိုးဆုံး အပူလှိုင်းကျရောက်မှုအတွင်း ဒီ သီတင်းပတ်ထဲ နိုင်ငံတစ်ဝန်း တောမီး ဒါဇင်များစွာ လောင်ကျွမ်းနေတော့တာပါ။

“ကံကောင်းထောက်မစွာပဲ လူအားလုံးကတော့ အဆင်ပြေပါတယ်”လို့ ရွာသား ကွန်စတန်တင်နီဒိုက်စ်က အေအက်ဖ်ပီကို ပြောပါတယ်။

“နိုင်ငံတော် အကူအညီနဲ့အတူ ရွာပြန်နိုင်ဖို့ ရှိပါတယ်၊ ရွာပြန်ရောက်ရင် ကျွန်တော်တို့ အရင်ကတိုင်းပဲ ဒီ နွေရာသီကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပဲလို့လည်း မျှော်လင့်ထားပါတယ်”လို့ အသက် ၇၉ နှစ်ရှိ ကွန်စတန်တင်နီဒိုက်စ်က ဆိုပါတယ်။

သူ့ရွာနား တောင်ထိပ်မှာ လိမ္မော်ရောင် မီးခိုးလုံးတွေ လွှမ်းခြုံနေပြီး မီးတောက်တွေကို ရေဖျန်းလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေနဲ့ တစ်ခေါက်ပြီး တစ်ခေါက် မရပ်မနား ငြှိမ်းသတ်နေရတယ်လို့ သူက ဆိုပါတယ်။

ဂရိ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ခြစ်ခြစ်တောက် ပူပြင်းမှုကြောင့် မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားတာကို မီးသတ်သမားတွေ ရင်ဆိုင်ငြှိမ်းသတ်နေရတာပါ။ အေသင်မြို့တော် ဆင်ခြေဖုံးရပ်တစ်ခုမှာ မီးလောင်တာကို ငြှိမ်းသတ်နိုင်ခဲ့ပြီးမှ ထပ်မံ လောင်ကျွမ်းမှု ဖြစ်ပြန်တာလည်း ရှိပါတယ်။

“တစ်နေ့လုံး ရှေ့တန်းကနေပြီး မီးကို ကျွန်တော်တို့ ငြှိမ်းသတ်သွားမယ်၊ အခြေအနေက ပြင်းထန်တယ်၊ ပုံမှန်ထက် လွန်ကဲတယ်”ဟု အရပ်ဖက် ကာကွယ်ရေးဝန်ကြီး မီချာလစ်ခရစ်ဆိုချိုက်ဒက်စ်က ERT ရုပ်သံကို ပြောပါတယ်။

အေသင်မြို့ တည်ရှိရာ အက်တီကာအရပ်အပါအဝင် မီးလောင်ကျွမ်းတဲ့ နယ်မြေဒေသ ၁၃ ခုမှာ ခြောက်နေရာကို သောကြာနေ့အတွက် အရေးပေါ် တပ်လှန့်ချက် ထုတ်ထားတယ်လို့ ဝန်ကြီးချုပ် ကေရီယာကို့စ် မီဆိုတာ့ကစ်က ကြာသပတေးနေ့ ညနေပိုင်းမှာ ကြေညာပါတယ်။

 “ကျွန်တော်တို့ တိုင်းပြည်ဟာ အလွန်ကို သေရေးရှင်ရေးအခြေအနေကို ရင်ဆိုင်နေရတာပါ”လို့ သူက ပြောပါတယ်။

ဂရိနိုင်ငံအနေနဲ့ နှစ်သုံးဆယ်ကျော်အတွင်း အဆိုးဆုံး အပူလှိုင်းကျရောက်နေတာကြောင့် အချို့နေရာတွေမှာဆိုရင် အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးရပ်စ်(၁၁၃ ဒီဂရီဖာရင်ဟိုက်)အထိ မြင့်တက်ရောက်ရှိပါတယ်။

“စိတ်မကောင်းစရာအဖြစ် ကျွန်တော်တို့ ရှေ့မှာ အခက်အခဲတွေက ကြိုလင့်နေတယ်၊ လာမယ့် ညအတွက် စိုးရိမ်ပူပန်နေရတဲ့ ရတက်မအေးစရာ အခြေအနေမျိုးမှာ ရှိနေရတယ်”လို့ သူကပြောခဲ့ပါတယ်။

****************************************************************

END / 251