အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA + facebook
ဗုဒ္ဓဟူးနေ့

၁၈ ဩဂုတ် ၂၀၂၁

၂၀:၄၆:၂၅
1171050

အာရှူရာနေ့ ရိုဇာ အပေါ် ရှီအာဟ် ၏ အမြင်

H.I ဆရက်ဒ် ယူစွဖ်မဲဟ်ဒီ (မော်လမြိုင်) ရေးသားထားသည့် အာရှူရာနေ့ ရိုဇာ အပေါ် ရှီအာဟ် ၏ အမြင် ကို အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြလိုက်ပါတယ်။




 “သာစူအာ”နှင့်”အာရှူရာ”ဟူသည့်အဓိပ္ပါယ်မှာ အဘယ်နည်း။ အေမာမ်ဟိုစိန်(အ.စ)၏ ရှဟာဒသ် မတိုင်ခင်ကာလ၌ကော ဤအမည် ရှိခဲ့ပါသလား။

 “အာရှူရာနေ့ရိုဇာနှင့် ရှီအာဟ်၏အမြင်"

 အာရှူရာနေ့၌ တမန်တော် (၁၀)ပါး ကရာမသ်(၁၀)ခု ရရှိခဲ့သည်ဟူ သည်မှာ မှန်ကန်မှု ရှိပါ   သလား ?
#အဖြေမှာ….
       “အာရှူရာ”ဟူသည်မှာ ”عشر”ဟူသောမူရင်းပုဒ်မှဖြစ်ပြီး ”တစ်ဆယ်”(သို့) ”ဒသမ”ဟူ၍ အဓိပ္ပါယ် ရသည်။ ”تاسوعا””သာစူအာ”ဟူသည်မှာ ”تسع” ဟူသောမူရင်းပုဒ်မှ ဖြစ်ပြီး ”ကိုး”(သို့) ”န၀မ”ဟူ၍ အဓိပ္ပါယ်ရသည်။ မိုဟရမ်လမြတ်၏(၉)ရက်နှင့်(၁၀)ရက် တွင် ဖြစ်ပျက်ခဲ့ သော ဖြစ်ပျက် မှုကြီးကိုအစွဲပြု၍ အာရှူရာနှင့် သာစူအာဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းမှာ လတိုင်း ၏(၉)ရက်နှင့်(၁၀)ရက်တိုင်းကိုခေါ်ဆိုခြင်းမဟုတ်ပဲ မိုဟရမ်လ ၏(၉)ရက်နှင့်(၁၀)ရက်နေ့ကိုသာ ထိုအမည်များဖြင့် ခေါ် ဆိုခြင်းဖြစ်သည်။
       ”အိဗ်နေအစီးရ်”မှ ”နေဟာယဟ်”ဟူသောသမိုင်းကျမ်း၌ရေးသားထားသည်မှာ- ((အာရှူရာသည်အစ္စလာမ်နှင့်သက်ဆိုင်သည့်နာမတော်တစ်ခုဖြစ်သည်)) ”တိုရိုင်ဟီ” သည်လည်း ”မဂ်ျမအွလ်ဗဟ်ရိုင်းန်”၌ ထိုအတိုင်းပြောကြား ထားသည်။
အေမာမ်ဆွာဒီက်(အ.စ)မိန့်တော်မူထားသည်မှာ-
و أمّا یوم عاشورا فیوم أصیب فیه الحسین(ع) صریعاً بین أصحابه و أصحابه حوله صرعی عراة
((အာရှူရာဆိုသည်မှာ ဟိုစိန်(အ.စ) အက်ဆ်ွဟားဗ်များအကြား မြေခ အသတ်ခံရသည့်နေ့ဖြစ်သည်။ ၎င်း၏နောက်လိုက်များသည်လည်း ၎င်း၏ဘေးပတ်လည်တွင်မြေခ နေ၍ အ၀တ် အစား(ကဖှန်) မပါရှိ ကြပေ။))
      ဟစ်ဂျရီ(၆၁)ခုနှစ် မိုဟရမ်လမြတ်၏(၉)ရက်နေ့ သာစူအာနေ့၌ အေမာမ်ဟိုစိန် (အ.စ)နှင့် အပေါင်းအပါများမှာ ရန်သူများ၏ပိတ်ဆို့ ၀န်းရံမှုကိုခံထားကြရသည်။ ထိုနေ့ မှာ အေမာမ် (အ.စ) ၏အိမ်သူ အိမ်သားများနှင့်အပေါင်းအပါများ ရေပိတ်ခံထားရသည့်နေ့ လည်းဖြစ် သည်။ ထိုနေ့ကို အေမာမ်ဟိုစိန်(အ.စ)၏အိမ်သူအိမ် သားများနှင့် အပေါင်းအပါ များမှာ ဒုက္ခများစွာဖြင့် ဖြတ်သန်း ခဲ့ရသည့်အတွက် ရှီအာဟ်များမှာ”သာစူအာ”ဟူ၍အလေးပေးခေါ်ဆိုကြသည်။
       အေမာမ်ဆွာဒီက်(အ.စ)မိန့်တော်မူထားသည်မှာ-သာစူအာဟူသောနေ့မှာဟိုစိန်(အ.စ)နှင့်အပေါင်းအပါများ ကရ်ဗလာ တွင် ပိတ်ဆို့ဝန်းရံခံထားရပြီး၊ အိဗ်နေဇေယာဒ် နှင့် အိုမရ် ဗင်န်စအ်ဒ်မှာ မြင်းစီးတပ်များစုံစုံလင်လင်ရောက်ရှိလာသောကြောင့်ပျော်ရွှင်နေသောနေ့ဖြစ်သည်။ ထိုနေ့၌၎င်းတို့မှာအေမာမ်ဟိုစိန်(အ.စ)နှင့်အပေါင်းအပါများ၏တပ်အင်အားနည်းမှုကိုမြင်ရ၍ ဟိုစိန်(အ.စ)အားကူညီရန် အီရတ်မှနောက်ထပ် တပ်သား များမလာတော့မည်ဟု တထစ်ချ ယုံကြည် လိုက်သောနေ့ဖြစ်သည်။))
      ဤအမည်နှစ်ခုမှာ မွတ်စ်လင်များအကြား အထူးသဖြင့်ရှီအာဟ်များ အကြား အလွန်အရေးပါသော အမည်များဖြစ်သည်။
       အေမာမ်ဟိုစိန်(အ.စ) ကရ်ဗလာ၌ရှဟီးဒ်ဖြစ် ပြီးနောက် လူထုအကြား အာရှူရာနေ့မှာ ၀မ်းနည်းကြေကွဲဖွယ်နေ့ဖြစ်လာခဲ့သည်။ အေမာမ်အလီ (အ.စ)၏နောက်လိုက် ရှီအာဟ်များမှာ ထိုနေ့ကိုဝမ်းနည်းကြေ ကွဲဖွယ်နေ့အဖြစ် သတ်မှတ်ပြီး၊ ထိုနေ့တွင်အ ဇာဒါရီအခမ်းအနားများ ကျင်းပပြုလုပ်ကြသည်။
       သို့သော် ကရ်ဗလာဖြစ်ရပ်မတိုင်မီတည်းကပင် တမန်တော်မြတ်(ဆွ)နှင့် အေမာမ်အလီ(အ.စ)တို့ မှာ ”အေမာမ်ဟိုစိန် (အ.စ)ကရ်ဗလာ မြေပြင်တွင်ရှဟီးဒ်ဖြစ် လိမ့်မည်”ဟူ၍ ကြိုတင် ပြော ဆိုခဲ့ကြသည်။ ထိုနည်းတူ ရှေးတမန်တော်များအနက် မှအချို့ကိုလည်း ကရ်ဗလာ အဖြစ်အပျက်နှင့်ပတ်သက်၍ အရှင်မြတ်ထံတော်မှ သတင်းပေးပို့ချမှု များရှိခဲ့သည်။
     ရှီအာဟ်များ၏ဆန့်ကျင်ဘက်၌ ဗနီအိုမိုင်ယာနှင့်နောက်လိုက်များမှာ အာရှူရာ နေ့ကိုပျော်ရွှင် စရာနေ့အဖြစ်သတ်မှတ်ကြပြီး၊ ထိုနေ့၏မြင့်မြတ်မှုနှင့်ပတ်သက်၍ ဟဒီးစ် များလုပ်ကြံ ရေးသားခဲ့ကြသည်။ တကယ်၌ထိုနေ့မှာတမန်တော်မြတ်(ဆွ)၏ ချစ်မြေးတော်ရက်ရက်စက်စက်အသတ်ခံခဲ့ရသည့်နေ့ဖြစ်ပြီး၊တမန်တော်မြတ်(ဆွ)၏အိမ်သူအိမ်သားများစစ်သုံ့ပန်းဘ၀သို့ရောက်ခဲ့သည့်နေ့ဖြစ်သည်။ထို့ကြောင့်အာရှူရာနေ့မှာပျော်ရွှင်ဖွယ်ရာနေ့ဖြစ်နိုင်ပါ့မလား?
      အေမာမ်ဆွာဒီက်(အ.စ) ဤအကြောင်းအရာနှင့်ပတ်သက်၍မိန့်တော်မူသည်မှာ -
     ဗနီအိုမိုင်ယာနှင့်၎င်း၏နောက်လိုက်ဆီးရီးယားသားတို့မှာ မိမိတို့ဘက်မှမည်သည့်ဆုံးရှုံးမှု မှမရှိပဲ ဟိုစိန်(အ.စ)ကိုသတ်နိုင်ပြီး၊ တိုင်းပြည်အုပ်ချုပ်အာဏာမှာအဗူစိုဖ်ယာန်၏မျိုးဆက်၌တည်တံ့ခိုင်မြဲသွားပါကအာရှူရာနေ့ကိုအီးဒ်လုပ်အောင်ပွဲခံမည်ဟူ၍ ကိုးထားကြသည်။
       ထို့ပြင် ဤအောင်မြင်မှုကိုဂုဏ်ပြုကျေးဇူးတင်သည့်အနေဖြင့် ထိုနေ့၌ရိုဇာ ထားမည်ဟူ၍ လည်း ရည်စူးခဲ့ကြသည်။
     ဤအလုပ်မှာစွန္နသ်တစ်ခုအနေဖြင့် ယနေ့ထိတိုင် အချို့သော လူများ အကြား၌ရှိနေသည်။ ၎င်းတို့မှာ ထိုနေ့ကိုပျော်စရာနေ့အဖြစ်သတ်မှတ်ကြပြီး၊ မိမိတို့ဆွေမျိုး သားချင်းများ၏အိမ်များသို့ သွားရောက် လည်ပတ်ကြသည်။ တကယ်၌ ထိုလုပ်ရပ်မှာ တမန် တော်မြတ် (ဆွ)၏ စွန္နသ်အလျဉ်းမဟုတ်ပဲ ဗနီအိုမိုင်ယာတို့ စတင်ခဲ့သည့်ဗနီအိုမိုင် ယာ၏ စွန္နသ် သာ လျှင်ဖြစ်သည်။
       ထို့ကြောင့်ဇေယာရသ်သေအာရှူရာ၌
اللّهمّ إنّ هذا یوم تبرّکت به بنوا امیة وابن آکلة الاکباد
     ((အိုအလ္လာဟ်ဟိုအရှင်မြတ် ဤနေ့ကိုဗနီအိုမိုင်ယာနှင့်အသည်း စား သူမ၏သား သည် မင်္ဂလာရှိ သည့်နေ့အဖြစ်သတ်မှတ်ခဲ့သည်))ဟူ၍ လာရှိထားသည်။
       ဗနီအိုမိုင်ယာတို့လုပ်ကြံရေးသားထားပြီး ယနေ့ထိတိုင် ၎င်းတို့၏ ဟဒီးစ်စာအုပ် များနှင့်သမိုင်း စာအုပ်များတွင်ပါရှိနေသည့်ဟဒီးစ်တစ်ခု ကိုတင်ပြရမည်ဆိုလျှင်
      “မိုဟရမ် လမြတ်၏(၁၀) ရက်နေ့ အား အာရှူ ရာနေ့ဟူ၍မှည့်ခေါ်ရခြင်းအကြောင်းမှာနဗီ(၁၀)ပါးကရာမသ်(၁၀)ကိုထိုနေ့၌ဆွတ်ခူးရရှိခဲ့သောကြောင့် ထိုနေ့ကိုဂုဏ်ပြုသောအနေဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်ဟုရေးသားထားသည်။” သို့သော်ထိုအကြောင်းအရာမှာလုံးဝမမှန်ကန်ပေ။ အဘယ်ကြောင့်ဆိုသော်
    “အိဗ်နေဒိုရိုက်ဒ်” ပြောကြားထားသည်မှာ- အာရှူရာ ဟူသည့် အမည်သည် အစ္စလာမ်နှင့်သက်ဆိုင်သည့်အမည်ဖြစ်ပြီး၊အာရဗ် လူ့ဗာလငမိုက်သားခေတ်၌ပင် ဤအမည်မရှိခဲ့ပေ။
      ရှိတ်ခ်အဘ္ဘာစ်ကွမ်မီသည် ဤလုပ်ကြံဟဒီးစ်နှင့်ပတ်သက်၍ မိမိ ၏”ရှေဖွာအွဆ်ွ ဆိုဒူးရ်”ကျမ်း၌ ဤသို့ပြောကြားထားသည်။
      ဗနီအိုင်မိုင်ယာတို့သည်အာရှူရာနေ့ကိုမင်္ဂလာရှိသည့်နေ့အဖြစ် သတ်မှတ်ပြီး၊ထိုနေ့၌ဈေးဝယ်ထွက်ကြ၍ထိုသို့ဈေးဝယ်ထွက်ခြင်းကိုစွန္နသ်တစ်ခုအနေဖြင့်လုပ်ဆောင်ကြသည်၊ထို့ပြင်ပျော်ပွဲရွှင်ပွဲများဆင်နွှဲကြသည်၊ထိုနေ့၌ရိုဇာဆောက်တည်ကြသည်၊ထိုနေ့၌မိမိ၏လိုအင်ဆန္ဒများ ကိုတောင်းခံခြင်းအား စွန္နသ်ဟုသတ်မှတ်ကြသည်။ ၎င်းတို့မှာမိမိတို့၏ ထိုအလုပ်များ ကိုအာရှူရာနေ့၌ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် (နှင့်လူထုပါ လိုက်ပါလုပ်ဆောင်ရန်)အာရှူရာနေ့၏မြင့်မြတ်ထူးကဲမှုကိုဟဒီးစ် လုပ်ကြံရေးသားခဲ့သည်။
       ယုတ်စွအဆုံး အောက်ဖော်ပြပါစာသားများဖြင့် ဒိုအာတစ်ပုဒ်ပါ တီထွင်ရေးသားခဲ့သည်။
یا قابل توبة آدم یوم عاشورا، یا رافع ادریس الی السماء یوم عاشورا، یا مسکّن السفینة یوم عاشورا یا غیاث ابراهیم من النار یوم عاشورا
      ရှိတ်ခ်အဘ္ဘာစ်ကွမ်မီက ဆက်လက်ရေးသားထားသည်မှာ- ရှိတ်ခ်ဆွဒူးက်သည် မီစမ်သမ္မားရ်ထံမှ ဤသို့ရေဝါယသ်ဆင့်ပြန်ထားသည်။
      “တမန်တော်မြတ်ကြီး၏အွမ္မသ် သားများ တမန်တော်မြတ် ကြီး(ဆွ)၏မြေးကိုသတ်ဖြတ်၍ ထိုနေ့ကို မင်္ဂလာရှိသောနေ့ ဟူ ပြီး မည်သို့သတ်မှတ်ခဲ့ပါသနည်း။”
ရာဝီ က ကျွန်ုပ် မီစမ်သမ္မားရ်ထံ ဤ သို့မေးမြန်းခဲ့သည်။
      “၎င်းတို့ မည်သည့်အကြောင်းများကြောင့် ထိုနေ့ကို မင်္ဂလာရှိသောနေ့အဖြစ်သတ်မှတ်ရ ပါသနည်း?”
ထိုအခါ မီစမ်သမ္မားရ်မှ . .
     “ထိုနေ့၏ ထူးကဲမြင့်မြတ်မှုနှင့်ပတ်သက်၍ ၎င်းတို့သည် ဟဒီးစ်လုပ်ကြံရေးသားခဲ့ကြသည်။”
     ၎င်းတို့လုပ်ကြံရေးသား ထားကြသည်မှာ အာရှူရာနေ့သည် တမန်တော်အာဒမ်(အ.စ)၏ သောင်ဗဟ်ကို အလ္လာဟ်ဟိုအရှင်မြတ်လက်ခံလိုက်သည့်နေ့ဖြစ်သည်။ သို့သော်အလ္လာဟ်ဟိုအရှင်မြတ် အာဒမ်(အ.စ)၏သောင်ဗဟ်ကို လက်ခံခဲ့သောနေ့ သည်  ဇိလ်ဟဂ်ျလတွင် ဖြစ်သည်။
      အာရှူရာနေ့သည် တမန်တော် ယူနွတ်စ် (အ.စ) ငါး၏၀မ်းဗိုက်မှ လွတ်မြောက်ခွင့်ရသည့်နေ့ဖြစ်သည်ဟူ၍ ၎င်းတို့ရေးသားခဲ့ကြသည်။ သို့သော်တမန်တော်ယူနွတ်စ်(အ.စ) ထိုသို့လွတ်မြောက်မှုရခဲ့သည်မှာ ဇိလ်ကအ်ဒါဟ် လတွင် ဖြစ်သည်။
       တမန်တော်နူးဟ်(အ.စ)၏သင်္ဘော”ဂျူဒီ” တောင်ပေါ် ဆိုက်ခဲ့သည့်နေ့မှာအာရှူရာနေ့တွင်ဖြစ်သည်ဟူ၍ ၎င်းတို့ရေးသားထားကြသည်။သို့သော် ထိုတောင်ပေါ်သို့တမန်တော်နူးဟ်(အ.စ)၏ သင်္ဘောကြီးဆိုက်ကပ်ခဲ့သည့်နေ့သည် ဇိလ်ဟဂ်ျလ(၁၈)ရက် နေ့တွင်  ဖြစ်သည်။
       ၎င်းတို့ရေးသားထားကြသည်မှာ အာရှူရာနေ့သည် တမန်တော်မူဆာ (အ.စ)အတွက် အလ္လာဟ်ဟိုအရှင်မြတ် ပင်လယ်ကိုခွဲ၍ လမ်းဖောက်ပေးလိုက်သည့် နေ့ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်မှာ ရဗီအွလ်အောင်ဝလ်လတွင် ဖြစ်ပျက်ခဲ့သည် . . ဟူ၍ပြန်လည်ဖြေကြားခဲ့သည်။
      ထို့ကြောင့် အေမာမ်ရဇာ(အ.စ) မိန့်တော်မူထားသည်မှာ-  အကြင်သူသည်အာရှူရာနေ့ကိုမိမိအတွက်ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ်သတ်မှတ်မည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်သည် ကေယာမသ်နေ့ကို ၎င်းအဖို့ ပျော်ရွှင်ဖွယ်ရာနေ့အဖြစ်သတ်မှတ်ပေးပြီး၊ ထိုသူ၏မျက်ဝန်းအား ဂျန္နသ်၌ ကျွန်ုပ်တို့အားမြင်တွေ့ခြင်းဖြင့် အလင်းရောင် ပေးတော်မူမည်။

H.I ဆရက်ဒ် ယူစွဖ်မဲဟ်ဒီ (မော်လမြိုင်)