အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-mediagroup
အင်္ဂါနေ့

၂၁ စက်တင်ဘာ ၂၀၂၁

၂၀:၂၆:၄၃
1182056

IS နှင့် အလ်ကိုင်းဒါး အဖွဲ့များကို မိမိတို့ လက်ခံထားမည် မဟုတ်ဟု တာလီဘန်ပြော

အာဖဂန်နစ္စတန်မှာ IS နဲ့ အလ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းကို တာလီဘန်အဖွဲ့က ငြင်းဆိုလိုက်ပြီး ဒီအဖွဲ့အစည်းတွေကို လက်ခံထားမှာမဟုတ်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။




အာဖဂန်နစ္စတန်မှာ IS နဲ့ အလ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းကို တာလီဘန်အဖွဲ့က ငြင်းဆိုလိုက်ပြီး ဒီအဖွဲ့အစည်းတွေကို လက်ခံထားမှာမဟုတ်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။

နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တာလီဘန်အဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ခိုရာဆန်ဒေသ IS အကြမ်းဖက်အဖွဲ့က ကြေငြာပြီးတဲ့နောက်ပိုင်း တာလီဘန်ရဲ့ ဒီပြောဆိုချက် ထွက်ပေါ်လာတာပါ။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်


တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးနဲ့ IS လို စစ်သွေးကြွအဖွဲ့အစည်းတွေ ရှိမနေဘဲ နောက်လည်း လက်ခံသွားမှာမဟုတ်ကြောင်း၊ ဒီလိုအဖွဲ့အစည်းတွေက အာဖဂန်မြေကို အသုံးပြုပြီး အခြားနိုင်ငံတွေအပေါ် တိုက်ခိုက်တာကို ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ အရင်က ကတိကဝတ်ကို ဆက်လက်စောင့်ထိန်းသွားမှာဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တာလီဘန်ဟာ အရင်က အာဖဂန်နစ္စတန်မှာ အလ်ကိုင်းဒါးအဖွဲ့ကို လက်ခံထားဖူးပြီး ၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးခေါင်းဆောင်ကို အမေရိကန်က တောင်းရာမှာ ဖမ်းမပေးတဲ့အတွက် အာဖဂန်ကို အမေရိကန်က ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တာလီဘန်က အာဖဂန်ကို အုပ်စိုးထားတာကြောင့် IS နဲ့ အလ်ကိုင်းဒါးလို အဖွဲ့အစည်းတွေဟာ အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်မှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

****************************************************************

END / 251