အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar muslim media
ကြာသပတေးနေ့

၁၄ အောက်တိုဘာ ၂၀၂၁

၁၇:၁၁:၂၃
1188848

ဂျာမနီရဲ့အကြီးဆုံး ဗလီအပါ အဝင် ကိုလုံးမြို့ကဗလီ ၃၅ခု စလုံး သောကြာနေ့ ဝတ်ပြုဖို့ နှိုးဆော်သံ ကို လော်စပီကာ အသုံးပြု ဖိတ်ခေါ်ခွင့် ရရှိ

တင်းကျပ်ထားမှုတွေကိုဖြေလျှော့ပေးဖို့ ဂျာမနီနိုင်ငံကိုလုံးမြို့နဲ့ မွတ်စလင်အသိုင်းအဝိုင်းကြား သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဂျာမနီရဲ့အကြီးမားဆုံးဗလီကြီးဟာ သောကြာနေ့နေလည်ခင်းပိုင်း ဂျွမ်မာအာဇန် (ဝတ်ပြုဖို့နှိုးဆော်သံ) ကို လော်စပီကာအသုံးပြုပြီး ဖိတ်ခေါ်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။





တင်းကျပ်ထားမှုတွေကိုဖြေလျှော့ပေးဖို့ ဂျာမနီနိုင်ငံကိုလုံးမြို့နဲ့ မွတ်စလင်အသိုင်းအဝိုင်းကြား သဘောတူညီချက်ရရှိခဲ့ပြီးနောက် ဂျာမနီရဲ့အကြီးမားဆုံးဗလီကြီးဟာ သောကြာနေ့နေလည်ခင်းပိုင်း ဂျွမ်မာအာဇန် (ဝတ်ပြုဖို့နှိုးဆော်သံ) ကို လော်စပီကာအသုံးပြုပြီး ဖိတ်ခေါ်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။


နှစ်နှစ်တာကနဦးကာလသဘောတူညီချက်အောက်မှာ ကိုလုံးမြို့က ဗလီ၃၅ခုစလုံး သောကြာနေ့တွေမှာ နေ့လည်ခင်းပိုင်းနဲ့ ၃နာရီကြား ၅မိနစ်ကြာဝတ်ပြုဖို့နှိုးဆော်သံကို လော်စပီကာအသုံးပြုပြီးဖိတ်ခေါ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ ၂၀၁၈ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ ကိုလိုးမြို့ဗဟိုဗလီကြီးလည်းပါဝင်ပါတယ်။ “မော်ဇင်ရဲ့ဝတ်ပြုဖို့နှိုးဆော်သံကိုခွင့်ပြုပေးခြင်းဟာ လေးစားမှုကိုပြသတဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်” လို့ ကိုလုံးမြို့တော်ဝန် ဟင်းနရစ်ရီကာက တွစ်တာမှာရေးသားခဲ့ပါတယ်။


ဝတ်ပြုဖို့နှိုးဆော်ဖိတ်ခေါ်သံဟာ ကိုလုံးမြို့ဗဟိုမီးရထားဘူတာရုံကို ရောက်ရှိလာတဲ့သူတွေကြားရတဲ့ ဥရောပမြောက်ပိုင်းရဲ့ အကြီးမားဆုံးအလယ်ခေတ်ဗိသုကာလက်ရာ ဂေါ့သစ်ခရစ်ယာန်ဘုရားကျောင်းကြီးရဲ့ ခေါင်းလောင်းသံတွေနဲ့ပေါင်းစည်းသွားမှာပဲ ဖြစ်တယ်လို့ သူမကပြောပါတယ်။ “ဒါဟာ ကိုလုံးမြို့မှာ မတူကွဲပြားမှုတွေကိုလေးစားတန်ဖိုးထားပြီး အတူယှဉ်တွဲနေထိုင်မှုတွေကို ပြသနေပါတယ်” လို့မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။


သောကြာနေ့နေ့လည် ဝတ်ပြုဖို့နှိုးဆော်သံထုတ်လွှင့်မဲ့ဗလီတွေဟာ သူတို့ရဲ့လော်စပီကာအသံတွေကို အကန့်အသတ်တစ်ခုနဲ့ထားရှိရမှာဖြစ်ပြီး အိမ်နီးချင်းတွေကိုကြိုတင်အသိပေးအကြောင်းထားရမယ်လို့ မြို့တော်ဝန်ကဆိုပါတယ်။ ဂျာမနီမှာမွတ်စလင် ၄.၅သန်းခန့်နေထိုင်နေပြီး အကြီးမားဆုံး လူနည်းစုဘာသာဝင်အုပ်စုလည်းဖြစ်ပါတယ်။


Al Jazeera သတင်းဌာနပါ “Germany’s largest mosque to broadcast call to prayer on Fridays” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်


****************************************************************

END / 251