အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
သောကြာနေ့

၂၂ အောက်တိုဘာ ၂၀၂၁

၂၀:၁၂:၁၃
1191177

လူနည်းစု ဟိန္နူတွေနဲ့ အတူရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာရ ပါတီဦးဆောင်တဲ့ လူပေါင်းထောင်နဲ့ချီစုဝေးဆန္ဒထုတ်ဖော်

၁၀နှစ်ကျော်အတွင်း မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံမှာ အဆိုးရွားဆုံးဘာသာရေးပဋိပက္ခအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာရပါတီဝင်တွေဟာ လူနည်းစုဟိန္နူတွေကို အားပေးထောက်ခံမှုပြသတဲ့အနေနဲ့ ရပ်တည်စုဝေးခဲ့ကြပါတယ်။


၁၀နှစ်ကျော်အတွင်း မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံမှာ အဆိုးရွားဆုံးဘာသာရေးပဋိပက္ခအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာရပါတီဝင်တွေဟာ လူနည်းစုဟိန္နူတွေကို အားပေးထောက်ခံမှုပြသတဲ့အနေနဲ့ ရပ်တည်စုဝေးခဲ့ကြပါတယ်။
ပဋိပက္ခတွေကြောင့် ဟိန္နူနှစ်ဦးအပါအဝင် ၆ဦးသေဆုံးခဲ့ရပြီး အိမ်ပေါင်းဒါဇင်နဲ့ချီပျက်ဆီးခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ လူ၄၅၀ဦးထက်မနည်းကိုဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဟိန္နူတွေက ကုရ်အာန်ကျမ်းမြတ်ကိုစော်ကားတယ်လို့စွပ်စွဲပြီး နိုင်ငံအရှေ့တောင်ပိုင်း နိုအာခါလီခရိုင်မှာ မွတ်စလင်ရာနဲ့ချီစုဝေးဆန္ဒပြခဲ့တဲ့အချိန်သောကြာနေ့က တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဟိန္နူဘာသာရေးနေရာတစ်ချို့ဖျက်ဆီးခံခဲ့ရသလို အိမ်တွေလည်းတိုက်ခိုက်မီးရှို့ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့ အာဝမ်မီအဖွဲ့ချုပ်ပါတီဟာ လူပေါင်းထောင်နဲ့ချီ မြို့တော်ဒါးကမှာအင်္ဂါနေ့က စုဝေးချီတက်ခဲ့ကြပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ “ဘင်္ဂလားဒေ့ရှ်မှာ ဒီလိုအသိုင်းအဝိုင်းကြားမကောင်းတဲ့လုပ်ရပ်တွေရပ်တန်းကရပ်ရမယ်” လို့အမျိုးသမီးဆန္ဒထုတ်ဖော်သူတစ်ဦးရဲ့ ဆိုင်းဘုတ်မှာရေးသားထားပါတယ်။ ဒါးကမြို့ရဲ့တစ်ခြားနေရာတွေမှာလည်း စာရေးဆရာရာနဲ့ချီစုဝေးခဲ့ကြပြီး လူနည်းစုဟိန္နူတွေနဲ့ အတူရပ်တည်ကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ “သတ်ဖြတ်ခြင်းအကြောင်းမဟုတ်ပဲ ချစ်ဖို့အကြောင်း ခင်ဗျားတို့ရဲ့ကလေးငယ်တွေကို သင်ပေးပါ” လို့ ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောပါတယ်။
အာဝမ်မီအဖွဲ့ချုပ်ရဲ့ ဥပဒေပြုအမတ်နဲ့ ညွှန်ပေါင်းအထွေထွေအတွင်းရေးမှူးဟောင်း မဟာဘူဘူလ်အာလမ်ဟာနစ်ဖ်က ပါတီလုပ်သားတွေဟာနောက်နှစ်ပတ်ကျော်လောက် နိုင်ငံတစ်ဝန်းစုဝေးပွဲတွေပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “ဒီထိတ်လန့်တုန်လှုပ်မှုတွေကို ဖယ်ရှားရပါမယ်” လို့ ဟာနစ်ဖ်က ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ဟိန္နူတွေဟာ လူဦးရေသန်း၁၇၀နီးပါးရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၀%သာရှိတဲ့ လူနည်းစုတွေဖြစ်ပါတယ်။
ဟိန္နူဘာသာရေးပွဲတော် ဒူရ်ဂါပူဂျာပွဲတော်အတွင်း အကြမ်းဖက်မှုတွေနဲ့ဆက်နွယ်ပြီး အာဏာပိုင်တွေက အမှု ၇၁မှုစွဲချက်တင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူသွားဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။
Al Jazeera သတင်းဌာနပါ “Bangladesh ruling party rallies for Hindus after deadly violence” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

%%%%%%%%%%%%%%%%%%####################################
END / 251 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လူနည်းစုဟိန္နူတွေနဲ့အတူရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာရပါတီဦးဆောင်တဲ့ လူပေါင်းထောင်နဲ့ချီစုဝေးဆန္ဒထုတ်ဖော်
Unicode
အောက်တိုဘာ ၂၀၊ ၂၀၂၁                                                                                         Myanmar Muslim Media
၁၀နှစ်ကျော်အတွင်း မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံမှာ အဆိုးရွားဆုံးဘာသာရေးပဋိပက္ခအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာရပါတီဝင်တွေဟာ လူနည်းစုဟိန္နူတွေကို အားပေးထောက်ခံမှုပြသတဲ့အနေနဲ့ ရပ်တည်စုဝေးခဲ့ကြပါတယ်။
ပဋိပက္ခတွေကြောင့် ဟိန္နူနှစ်ဦးအပါအဝင် ၆ဦးသေဆုံးခဲ့ရပြီး အိမ်ပေါင်းဒါဇင်နဲ့ချီပျက်ဆီးခဲ့ရတယ်လို့ ပြည်တွင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ လူ၄၅၀ဦးထက်မနည်းကိုဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဟိန္နူတွေက ကုရ်အာန်ကျမ်းမြတ်ကိုစော်ကားတယ်လို့စွပ်စွဲပြီး နိုင်ငံအရှေ့တောင်ပိုင်း နိုအာခါလီခရိုင်မှာ မွတ်စလင်ရာနဲ့ချီစုဝေးဆန္ဒပြခဲ့တဲ့အချိန်သောကြာနေ့က တိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဟိန္နူဘာသာရေးနေရာတစ်ချို့ဖျက်ဆီးခံခဲ့ရသလို အိမ်တွေလည်းတိုက်ခိုက်မီးရှို့ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာစီနာရဲ့ အာဝမ်မီအဖွဲ့ချုပ်ပါတီဟာ လူပေါင်းထောင်နဲ့ချီ မြို့တော်ဒါးကမှာအင်္ဂါနေ့က စုဝေးချီတက်ခဲ့ကြပြီး အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ “ဘင်္ဂလားဒေ့ရှ်မှာ ဒီလိုအသိုင်းအဝိုင်းကြားမကောင်းတဲ့လုပ်ရပ်တွေရပ်တန်းကရပ်ရမယ်” လို့အမျိုးသမီးဆန္ဒထုတ်ဖော်သူတစ်ဦးရဲ့ ဆိုင်းဘုတ်မှာရေးသားထားပါတယ်။ ဒါးကမြို့ရဲ့တစ်ခြားနေရာတွေမှာလည်း စာရေးဆရာရာနဲ့ချီစုဝေးခဲ့ကြပြီး လူနည်းစုဟိန္နူတွေနဲ့ အတူရပ်တည်ကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ “သတ်ဖြတ်ခြင်းအကြောင်းမဟုတ်ပဲ ချစ်ဖို့အကြောင်း ခင်ဗျားတို့ရဲ့ကလေးငယ်တွေကို သင်ပေးပါ” လို့ ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောပါတယ်။
အာဝမ်မီအဖွဲ့ချုပ်ရဲ့ ဥပဒေပြုအမတ်နဲ့ ညွှန်ပေါင်းအထွေထွေအတွင်းရေးမှူးဟောင်း မဟာဘူဘူလ်အာလမ်ဟာနစ်ဖ်က ပါတီလုပ်သားတွေဟာနောက်နှစ်ပတ်ကျော်လောက် နိုင်ငံတစ်ဝန်းစုဝေးပွဲတွေပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “ဒီထိတ်လန့်တုန်လှုပ်မှုတွေကို ဖယ်ရှားရပါမယ်” လို့ ဟာနစ်ဖ်က ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ ဟိန္နူတွေဟာ လူဦးရေသန်း၁၇၀နီးပါးရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၀%သာရှိတဲ့ လူနည်းစုတွေဖြစ်ပါတယ်။

END / 251