အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သတင်းအထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ၏ ရဲစွမ်းသတ္တိ နှင့်ပြည့်ဝ သည့် လူငယ် လူရွယ် စစ်သည် များမှ အိုမန်ပင်လယ် အတွင်း အီရန်ရေနံတင် သင်္ဘော ကို အမေရိကန် မှ ကြားဖြတ်ဟန်တားပြီး ရေနံများ ကို အခြား ရေနံ တင်သင်္ဘော သို့ လွဲပြောင်း၍ အမည်မသိနေရာသို့ ပြန်ပေးဆွဲရန် ကြိုးစားနေချိန် အချိန်မီ တားဆီး နိုင်ခဲ့ပါတယ်။
အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ၏ ရဲစွမ်းသတ္တိ နှင့်ပြည့်ဝ သည့် လူငယ် လူရွယ် စစ်သည် များ မှ ၎င်းသင်္ဘော ကုန်းပတ်အား ထိန်းချုပ် နိုင်ခဲ့ပြီး အီရန်ပိုင်ကမ်းရိုးတန်းသို့ ယူဆောင်လာ နိုင်ခဲ့ပါ တယ်။
အမေရိကန် ရေတပ် မှ ဤ ပြန်ပေးဆွဲထားသည့် ရေနံတင် သင်္ဘော အား ရဟတ်ယာဉ်များ စစ်သင်္ဘောများစွာဖြင့် နောက်မှ ထက်ကြပ်မကွာ ရှိနေသော်လည်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် များ ၏ ပြင်းထန်သည့် သတိပေး ချက်ကြောင့် ဆုတ်ခွာ သွားခဲ့ကြပါတယ်။ အစီခံစာအရ အမေရိကန် ရေတပ်မှ အင်အား အပြည့် ဖြင့် အဆိုပါသင်္ဘော ၏ လမ်းကြောင်းကို ပိတ် ဆို့ ရန် ကြိုးစားခဲ့ပါတယ်။ သို့သော် ဒီတစ်ခါလည်းဘဲ မအောင်ခဲ့ရှာချေ။
၎င်းသင်္ဘော သည် လက်ရှိတွင် အီရန် ကမ်း ရိုးတန်းတွင် တည်ရှိနေပါတယ်။
****************************************************************
END / 251