အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ နိုဝင်ဘာ ၂၀၂၁

၂၀:၂၇:၁၅
1197401

အစ္စလာမ်မစ် အစိုးရအားတည်ထောင်ခြင်း

အစ္စလာမ် မစ် အစိုးရ တည်ထောင် ခြင်းဆိုသည့် ဆောင်းပါး အား အဗ်နာချစ် ပရိတ်သတ်များ အတွက် ဖော်ပြအပ်ပါသည်။


အနှစ်ချုပ်

ရိုသေလေးစားရသည့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ အဇာဒါရီပြုလုပ်ကြသူများသည်အေမာမ် အပေါ် အချစ်မေတ္တာထားပြီး မာတမ(ခ) ရင်ထု ကြပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)၏ နှိပ်စက်၊ညှဉ်းပန်း၊မတရားအသတ်ဖြတ်ခံရမှု…အတွက် မျက်ရည်ကျရ ပေသည်။အေမာမ်ဟိုစိုင်း(န) (အ.စ)၏ ဝမ်းနည်းကြေကွဲမှုအတွက် မဂျလစ်တော်များ ကို မိမိတို့၏ အချိန်များ ပစ္စည်း၊ဥစ္စာများ ကိုယ်ခန္ဓာ နှင့် အသက်များ ကိုရင်းပြီး ကာကွယ်ရပေမည်။၎င်းတို့ သိထားရမည့် အချက်ရှိပါသည်။

 

          ထိုအချက်မှာကိုယ်တော်အေမာမ်ဟိုစိုင်း(န)(အ.စ)သည် စစ်မှန်သည့် အစ္စလာမ်မစ် အစိုးရ၊ အချုပ်အချာအာဏာကို ထူထောင်ရန်အတွက် လိုလားခဲ့ပေသည်။ အေမာမ်ဟိုစိုင်း (န)(အ.စ)၏ မြင့်မြတ်လှသည့် ရည်ရွယ်ချက်အတွက် ပိတ်ဆို့မှုအကြောင်းအရာများ ဖြစ်ပေါ်ခဲ့ပေသည်။ ထိုပိတ်ဆို့မှုများကို ဖယ်ရှင်းခြင်းဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ) ၏ မြင့်မြတ်သည့်ရည်ရွယ်ချက်ကို ဆွတ်ခူးနိုင်မည် ဖြစ်ပါသည်။

 

          အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ရှိ အေမာမ်ဟိုစိုင်း(န)(အ.စ) ၏ နောက်လိုက် နောက်သားများဖြစ်သည့် ကျွန်တော်တို့ရှီအာများအနေဖြင့် ကျက်သ ရေမင်္ဂလာ၊လာဒ်လာဘနှင့် ပြည့်စုံသည့် တရားတော်မှ ခွင့်ပြုထားသည့် ဝမ်းနည်းခြင်းအတွက် မဟော်ရမ်လများတွင် ကျင်းပသည့် မဂျလစ်တော်များ သာစူအာ ((၉) ရက်မြောက် မဟော်ရမ်) များ၊အာရှုရာ များ၊ကျဟ်လွန်မ်များဖြင့် အလ္လာဟ်ဟို အရှင်မြတ်သခင်၏ မေတ္တာ၊ဂရုဏာတော်ဖြင့် အစ္စလာမ်မစ် အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခက်၊အခဲများကို ဖြေ ရှင်းနိုင်ရန်အတွက် မဖြစ်မနေ အသက်ဖြင့် နှလုံးသားဖြင့်(ကာယ၊ဥာဏန)ဖြင့် ကြိုး စားရပေမည်။

        

          ထိုမှသာ တရားမျှတပြီး ကျောသား ရင်သား မခွဲ ခြားသည့် နိုင်ငံ ၊ မြို့ ၊ ရွာ ၊ ရပ်ကွက် ၊မိသားစု တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုပြင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (အ.စ) ၏ ရည်ရွက်ချက်ကို ဆက်လက်ပြီး အကောင်ထည်ဖော် နိုင် ထိန်းသိမ်း နိုင်မည် ဖြစ်ပါသည်။ထိုပြင် အစ္စလာမ် ရန်သူများ ၏ အန္တရာယ် အသွယ်သွယ် နှင့် တိုက်ခိုက်မျိုးစုံကိုလည်း ခုခံ ကာကွယ် နိုင်မည် ဖြစ်ပါသည်။

 

သော့ချက်ကြသည့် စကားလုံးများ ။ ။ အေမာမ် ဟိုစိုင်းန် (အ.စ) ၊ အစ္စလာမ်မစ် အစိုးရ ၊ ကျောသားရင်သား

 

နိဒါန်း

 

 

အစ္စလာမ်မစ် အစိုးရအားတည်ထောင်ခြင်း

 

            အေမာမ် ဟိုစိုင်း(န)(အ.စ)သခင် ၏ ကရ်ဗာကွင်းပြင်တွင် ယဇီးဒ် (လ.န) နှင့် ၎င်း၏ နောက်လိုက် နောက်ပါများ ကို တော်လှန်ခဲ့သည့် တော်လှန်ရေးသည်အလွန်တရာအရေးကြီးဆုံး ရည်ရွယ် ချက်များမှတစ်ခုမှာ အစ္စလာမ်မစ် အစိုးရအားတည်ထောင်ရန်လည်းဖြစ်ကြောင်းလေ့လာ သိရှိ နိုင်ပါသည်။ ဤဆောင်းပါးတွင် အစ္စလာမ်မစ် အစိုးရတည်ထောင်ရန်အရေးကြီးမှုနှင့်ပတ်သက်မှုသည်များကိုခြုံငုံထား၍ တင်ပြပါမည်။

 

          ယနေ့ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရည်ရွယ်ချက်ကို လက်တွေ့ အကောင်အထည် ဖော်ပြီး အစ္စလာမ်မစ် အစိုးရ အား တည်ထောင် နိုင်ခဲ့သည့် အတွက် အီရန် အစ္စလာမ်မစ် ပြည်သူ သမ္မတ နိုင်ငံ သည် ကမ္ဘာ အလယ်တွင် အထူးသဖြင့် မွတ်စလင်မ် နိုင်ငံများ အကြားတွင် ဂုဏ် သိက္ခာ ကြီးမားစွာ ၊ အင်အား ရှိစွာ ဖြင့် ရပ်တည် နေခြင်းဖြစ်ပါသည်။

 

ဆိုလိုသည့် သဘောတရားများကို နားလည်သဘောပေါက်စေရန်

 

          ဤနေရာတွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှီရာဇီး ဟောကြားထားသည့် အေမာမ်ဟိုစိုင်းန် (န) (အ.စ) ၏ တော်လှန်ရေး ၏ ရည်ရွယ်ချက်များမှ အစ္စလာမစ် အစိုးရ တည်ထောက်ခြင်း ဆိုသည့် အခန်းကဏ္ဍ နှင့် ပတ်သက်သည့် စကားများ ၏ အဓိပ္ပာယ် နှင့် စည်းမျည်း စည်းကမ်း ဆိုင်ရာများ ကို လေ့လာ သုံးသပ်မည်ဖြစ်ပါသည်။

 

အစ္စလာမ်မစ် အစိုးရ ၏ အဘိဓာန် အဓိပ္ပာယ်

 

ဤနေရာ တွင် အစိုးရဆိုသည့် စကားလုံး ၏ အဓိပ္ပာယ်ကို သိရန် လိုအပ်ပါသည်။ အစိုးရ၏ အဓိပ္ပာယ် ကို သိလျှင် အစ္စလာမ်မစ် အစိုးရ ၏ အဓိပ္ပာယ် သည် လည်း သူအလိုအလျှောက် သိရှိမည်ဖြစ်ပါသည်။ အစိုးရဆိုသည့် အဓိပ္ပာယ် မှာ အာရဘီ စကားလုံး ဟူကူးမသ်حکومت၏အဓိပ္ပာယ် ဖြစ်ပြီး ၎င်း၏ အဓိပ္ပာယ်မှာ အုပ်ချုပ်ခြင်း ဖြစ်ပါသည်။

 

 

အစ္စလာမ်မစ် အစိုးရ ၏ ပညာရပ်ဆိုင်ရာ အရ အဓိပ္ပာယ်

 

          အစ္စလာမ်မစ် အစိုး ရ ၏ ပညာ ရပ် ဆိုင်ရာ အဓိပ္ပာယ် မှာ နိုင်ငံ တစ်နိုင်ငံ အား အစ္စလာမ် တရားတော် နှင့်အညီ အုပ်ချုပ် မင်းလုပ်ခြင်းကို ခေါ်ဆိုပါသည်။[1]

 

အဓိကမေးခွန်း ။ ။ ဤဆောင်းပါး ၏ အဓိက မေးခွန်း။ အစ္စလာမ်မစ် အစိုး အဘယ်ကြောင့် တည်ထောင် ရန် အရေးကြီး ရပါ သနည်း ? ဖြစ်ပါသည်။

 

 

အစ္စလာမ်မစ် အစိုး ရ နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန် အမြင်

 

ကျမ်းတော်မြတ် ကုရ်အာန် တွင် ဤ ကိစ္စ နှင့်ပတ်သက်ပြီး အာယသ်တော် များ လာရှိပါ သည် ။ ကျွန်ုပ် အနေဖြင့် ဤနေရာ တွင် အာယသ်တော် တစ်ပါး ကို သာ ဖော်ပြပါတော့မည်။ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ်နေစာ အာယသ် တော် အမှတ် ၆၄ တွင်မိန့်တော် မူထားပါသည်။

 

وَ مَاۤ اَرۡسَلۡنَا مِنۡ رَّسُوۡلٍ اِلَّا لِیُطَاعَ بِاِذۡنِ اللّٰہِ ؕ وَ لَوۡ اَنَّہُمۡ اِذۡ ظَّلَمُوۡۤا اَنۡفُسَہُمۡ جَآءُوۡکَ فَاسۡتَغۡفَرُوا اللّٰہَ وَ اسۡتَغۡفَرَ لَہُمُ الرَّسُوۡلُ لَوَجَدُوا اللّٰہَ تَوَّابًا رَّحِیۡمًا .

 

အဓိပ္ပာယ်မှာ ငါအရှင်မြတ် အနေဖြင့် တမန်တော်မြတ် တစ်ပါးပါး စေလွှတ်တော်မူရာသည်မှာ အလ္လာဟ်ဟို အရှင်၏အမိန့် နှင့် ထို ရစူလ်တမန်တော် မြတ်၏ အမိန့် များ ကို လိုက်နာ ကျင့်သုံးရန် အတွက်သာ ဖြစ်တော်မူသည်။ ၎င်းသူများ သည် မိမိတိ့အပေါ် မိမိတို့ ဇူလ်မ် လုပ်ပြီးနောက် အသင်တို့ လာရောက် ကြပါသည်။ပြီးနောက် ကိုယ်တိုင်လည်း မိမိတို့ ကျူးလွန် ခဲ့သည့် ဂိုနာ အပြစ်များ အတွက် ဝန်ချတောင်းပန် ကြပါသည်။ ပြီးနောက် တမန်တော်မြတ်သည် လည်း ၎င်းတို့ အတွက် ဝန်ချတောင်းပန် ပေးပါသည်။ ထိုအခါ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အလွန်တရာ ဝန်ချတောင်းပန် ခြင်း (ခ) သောင်ဗဟ် ပြုခြင်းကို လက်ခံတော်မူသည့်အရှင် နှင့် အလွန်တရာ သနား ကြင်နာတော်မူသည့် အရှင်အဖြစ် တွေရ ပေမည်။ [2]

 

            အထက်ဖော်ပြပါ အာယသသ် တော်ကို လေ့လာ သုံးသပ်ခြင်းဖြင့် ဥိရသည့်အချက်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် နှင့် ထိုအလ္လာဟ် အရှင်မြတ် ၏ ရစူလ်များ ၏ အမိန့်ကို နောက်လိုက်နောက်သား များ မှ လိုက်နာကျင့်သုံးရန် တမန်တော်များ ကို စေလွှတ်ခြင်း ဖြစ်ပါသည်။ အလ္လာဟ် အမိန့် နှင့် ရစူလ် (ဆွ) ၏အမိန့်တော် ကို အများစု လက်နာ ကျင့်သုံးရန် အတွက် အချုပ်အခြာ အဏာ မရှိမဖြစ်လိုအပ်ပါသည်။ထိုမှ သာ လက်တွေ့အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြစ်ရန် အတွက် အစ္စလာမ်မစ် အစိုး တည်ထောင် ရန် အရေးကြီးကြောင်း သိရှိ နိုင်မည် ဖြစ်ပါသည်။

 

 

အစ္စလာမ်သာသနာနှင့်အစိုးရတည်ထောင်မှုအတွက်အရေးပါမှု

 

            အလ္လာဟ်ဟိုအရှင်မြတ်သခင်၏တမန်တော်မြတ်များ(အ.စ) အားလုံးသည်ရည်ရွယ်ချက်များ ရှိပေသည်။ ထိုရည်ရွယ်ချက်များကိုလက်တွေ့ကျင့်သုံးရန်အတွက်တာဝန်၊ ဝတ္တရားရှိပေသည်။ ဤလုပ်ရပ်အတွက်လက်တွေ့ကာယကံမြောက်အချုပ်၊အချာအာဏာပိုင်ကိုမတည်ထောင်မခြင်းမဖြစ်နိုင်ချေ။အကယ်၍ဖြစ်မည်ဆိုလျှင်လည်းအတိုင်းအတာတစ်ခုအထိသာဆောင်ရွက်နိုင်ပေမည်။

 

သာဓကအားဖြင့်ကျမ်းတော်မြတ်ကုရ်အာန်တွင်အလ္လာဟ်ဟိုအရှင်မြတ်၏တမန်တော်များ ရည်ရွယ်ချက်များကိုဖေါ်ပြထားပါသည်။ထိုရည်ရွယ်ချက်များမှာသအ်လီးမ်(ပို့ချမှု)၊ သရ်ဘီယသ်(သွန်သင်မှု)၊ မတရားမှု၊ညှဉ်းပန်း၊ရက်စက်မှုကိုတော်လှန်ရန်၊လူမှုရေးရာကျောသား၊ရင်သားမခွဲခြားမှု၊ လူသားများအားကျေးကျွန်အဖြစ်မှလွတ်မြောက်ရန်ဆောင်ရွက်ပေးမှု၊အနှိပ်စက်၊ အညှဉ်းပန်း၊ အနိုင်ကျင့်ခံရသူများကို၎င်းတို့၏ရပိုင်ခွင့်များပြန်လည်ရယူပေးရန်၊စိတ်ဓာတ်များကိုပဲ့ပင်၊ သွန်သင်ပေးခြင်းနှင့်ကောင်းမြတ်၊မြင့်မြတ်သည့်စာရိတ္တတော်များကိုပျိုးထောင်ပေးရန်တို့ဖြစ်ပါသည်။

 

ဤရည်ရွယ်ချက်များ အားအစ္စလာမ်မစ် အချုပ်၊အချာအာဏာရှင်အစိုးရမတည်ထောင်မခြင်းကျယ်ကျယ်၊ပြန့်ပြန့်၊တိုးတက်စည်ပင်စွာဆောင်ရွက်နိုင်မည်မဟုတ်ချေ။

 

အကြောင်းမှာ-ကျွန်တော်တို့အနေဖြင့်တိုင်းပြည်တပြည်တွင်ဘဝတည်ဆောက်မည်၊သို့သော်အုပ်ချုပ်မှုအာဏာသည်ကျွန်ုပ်တို့(မွတ်စလင်များ)လက်တော်တွင်လည်းမရှိချေ။ထိုအချိန်အခါတွင်ကျွန်ုပ်တို့အနေဖြင့်ပညာပေးနည်းစနစ်များနှင့်သွန်သင်ပဲ့ပင်မှုများကိုအစ္စလာမ်သာသနာတော်အရတည်ဆောက်လိုသည့်ဆန္ဒ၊အာသီသရှိမည်ဆိုလျှင်တင်းပြည့်၊ကျပ်ပြည့်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။

 

အကယ်၍ရုပ်မြင်သံကြားအစီအစဉ်များနှင့်ပုံနှိပ်တိုက်များ၊ကျွန်တော်တို့လက်ထဲတွင်မရှိမည်၊ ဗလီဝတ်ကျောင်းတော်များ၊အေမာမ်ဘာရာများတွင်မျိုးဆက်သစ်လူငယ်၊လူရွယ်များကိုပညာပေးရန်၊ပဲ့ပင်၊သွန်သင်ရန်မင်ဘဲရ်တစ်ခုတည်းကိုသာလျှင်အသုံးပြုမည်ဆိုရင်လုံလောက်ဖူလုံ လိမ့်မဟုတ်ချေ။

 

အချို့ပြောကြပေသည်။ယခုခေတ်အချိန်၊အခါတွင်လည်းအစ္စလာမ်မစ် နိုင်ငံထူထောင်ပြီးပီဖြစ်သော်လည်းပဲမကောင်းမှုများမနည်းသွားချေ။သို့သော်လည်းပဲ၎င်းတို့အနေဖြင့်အချက် တစ်ချက်ကိုမေ့နေလေသည်။အကယ်၍အစ္စလာမ်မစ် တော်လှန်ရေးမပေါ်ပေါက်ခဲ့မည်ဆိုလျှင်အစ္စလာမ်မီအချုပ်၊အချာအာဏာရှင်အစိုးရကိုမတည်ထောင်ခဲ့မည်ဆိုလျှင်ဘာဖြစ်သွားခဲ့မည်နည်းအကယ်၍ဒုစရိုက်များ၊မကောင်းမှုများကိုပြုလုပ်သည့်မကောင်းသည့်အစိုးရ၊ ပဲဟ်လစီအစိုးရ၊ ရှားအစိုးရ(အစ္စလာမ်အမည်ခံအစိုးရ)ထိုအတိုင်းရှိနေမည်ဆိုပါကအိမ်တိုင်း၊အိမ်တိုင်း (မကောင်းမှု၊ ဒုစရိုက်ညစ်ညမ်းမှုများ၊ စာရိတ္တပျက်ပြားမှုများကိုအများအပြားနှင့်ပြည့်နှက်နေသည့်) စလောင်း လိုင်းများ နေရာယူထားပြီးဖြစ်နေခဲ့ပေမည်။မကောင်းသည့်ဆိုဒ်များ၊အားလုံးလက်ထဲတွင (လွတ်လပ်စွာ)ရှိနေပေမည်။မိုဘိုင်းများ၊sms များ၊ဗလူးတို့စ်များဖြင့်ပြန့်နှံ့နေသည်။ မကာင်းမှု၊ဒုစရိုက် များကိုထိန်းသိမ်းနိုင်မည်မဟုတ်ချေ။ရုပ်မြင်သံကြားအစီအစဉ်များအားလုံးနှင့်အခြားသတင်း ဌာနများတွင်လည်းမကာင်းမှုများ၊ဒုစရိုက်မှုများ၊ညစ်ညမ်းမှုများကိုထုတ်လွှင့်နေမည်ဖြစ်ပေသည်။

 

အတိုချုပ်၊အနှစ်ချုပ်ရေးသားရမည်ဆိုလျှင်မကာင်းမှုများ၊ဒုစရိုက်မှုများ၊ညစ်ညမ်းမှုများလေးဖက်၊ လေးတန်ကိုလွှမ်းမိုးနေမည်ဖြစ်ပြီးဒီး(န်)သာသနာဆိုသည့်သတင်းပင်ရှိမည်မဟုတ်ချေ။

မှတ်ချက်။။အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အတွင်းစလောင်းလိုင်းများတပ်ခွင့်၊လွတ်လပ် စွာမကောင်း သည့်ဆိုဒ်များကြည့်ရှုခွင့်စသည်တို့ကိုလုပ်ခွင့်မရှိချေ။တွေ့ရှိခဲ့လျှင်တရားဝင် အရေးယူ ဆောင်ရွက်မှုကိုသက်ဆိုင်ရာမှဦးဆောင်ပြီး၊ဆောင်ရွက်နေပါသည်။

 

            အထက်ဖေါ်ပြပါရေးသားမှုအတွက်သက်သေအထောက်အထားဖြင့်ရေးသားသီကုံးရ မည်ဆိုလျှင်…အစ္စလာမ်တော်လှန်ရေး(အီရန်နိုင်ငံတွင်)မအောင်မြင်မည်အလျှင်အချိန်အခါတွင်မကာင်းမှုများ၊ဒုစရိုက်မှုများ၊ညစ်ညမ်းမှုများအားလုံး၏အကြောင်းခံများသည်ယေဘုယျအားဖြင့်ပြည်သူလူထု၏လက်ဝယ်တွင်မရှိချေ။

 

            သို့သော်လည်းမည်မျှအထိညစ်ညမ်းနေသည်ကိုဆိုရမည်ဆိုလျှင်နေရာအားလုံးကိုလွှမ်းမိုး၊ချုပ်ကိုင်ထားခဲ့လေသည်။လက်ရှိအခြေအနေခေတ်အရမကောင်းမှုများ၏ အကြောင်းခံများ (စလောင်း၊ဆိုဒ်စသည်)သာ(ထိုအချိန်က)ရှိခဲ့မည်ဆိုလျှင်မည်သည့်အခြေအနေသို့ရောက်သွားခဲ့ မည်နည်း?

 

            အကယ်၍ကျွန်တော်တို့အနေဖြင့်လူမှုရေးဆိုင်ရာ၊အများနှင့်ဆိုင်သည့်တရားမျှတမှု၊ ကျောသား၊ ရင်သားမခွဲခြားမှုကိုလက်တွေ့ကျကျအကောင်အထည်ဖေါ်လိုလျှင်အစ္စလာမ်မစ် အချုပ် အချာ၊အာဏာအစိုးရမထူထောင်ပဲမည်ကဲ့သို့ဖြစ်နိုင်ပါလိမ့်မည်နည်း?

 

 

            မက်စ်ဂျစ်ဒ်များ၊အေမာမ်ဘာရာများအတွင်းသွန်သင်၊ဆုံးမမှုများ၊ဆုံးမတရားတော်များဖြင့် သာလျှင်လူမှုရေးဆိုင်ရာ၊အများနှင့်ဆိုင်သည့်တရားမျှတမှု၊ကျောသား၊ရင်သား မခွဲခြားမှုကိုပြဌာန်းနိုင်မည်ဖြစ်ပါသလား?

 

            ဥပဒေကိုပြဌာန်းနိုင်ရန်စွမ်းအား၊လူထုအားမကောင်းမှု၊ဒုစရိုက်များ၊ညစ်ညမ်းမှုများမှထိန်းချုပ်နိုင်သည့်အကြောင်းခံများ၊တန်ဆာကိရိယာများ(ရဲစခန်း၊ရဲစသည်ဖြင့်)၊ပြစ်မှု၊ ဒုစရိုက်ကျူး လွန်ထား သည့်ရာဇဝင်သားကောင်များ၊စီးပွားရေးအမြတ်ကြီးစားပြုသည့်ခေါင်းပုံဖြတ်သမားများကိုအပြစ်ပေးစီရင်ခြင်းမှအပ၊အနှိပ်စက်၊အနိုင်ကျင့်၊အညှဉ်းပန်း၊သတ်ဖြတ်ခံရသူများ၏ရပိုင်ခွင့်ကိုဇွာလေမ်များ(နှိပ်စက်၊ညှဉ်းပန်း၊အနိုင်ကျင့်၊သတ်ဖြတ်သူများ)ထံမှပြန်လည်ရယူခြင်းတို့ကိုပြုလုပ်နိုင် ပါလား?

 

            ဤအတွက်ကြောင့်သာသနာနှင့်နိုင်ငံရေးသည်သီးသန့်ဖြစ်ပါသည်။ကြွေးကြော် ခံယူနေသူများသည်(စစ်မှန်၊မှန်ကန်သည့်)နိုင်ငံရေး၊အဓိပ္ပါယ်ဆိုလိုခြင်းကိုမသိနားမလည် ခဲ့သူများသာသနာ၏အစီအစဉ်များ၊မသိနားမလည်ခဲ့သူများဖြစ်ပေသည်။

 

            ဟုတ်ပါသည်။မှန်လှပေသည်။သာသနာတော်၏ရည်ရွယ်ချက်များမှတစ်ခုဖြစ်သည့်ပုဂ္ဂလိကကိစ္စ၊သာဓကအားဖြင့်နမာဇ်နှင့်ရိုဇာစသည့်ဖြင့်(အစ္စလာမ်)အစိုးရမတည်ထောင်ပဲပြုနိုင်ပေသည်။ (သို့သော်ဤလုပ်ဆောင်မှုများသည်လည်းစည်ပင်စွာအစိုးရမတည်ထောင်ပဲစီစဉ် ဆောင်ရွက်နိုင်ရန် မဖြစ်နိုင်ချေ။)

            သို့ဖြစ်ပါ၍ကျွန်တော်တို့အနေဖြင့်အစ္စလာမ်သာသနာသည်လူမှုရေးရာဆိုင်ရာ၊ဥပဒေသများအမြောက်အများကိုပြဌာန်းထားသည့်သာသနာဖြစ်ကြောင်းကိုနားလည်ထားပါသည်။

 

            ဤဥပဒေသများကိုလက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက်ဘာသာ ရေး ဆိုင်ရာ အစိုးရအားတည်ထောင်ရန်အရေးကြီးလိုအပ်ပါသည်။

 

            ဤအတွက်ကြောင့်မဟာတမန်တော်မြတ်ကြီး(ဆွ)သည်မဒီနာရွှေမြို့တော်သို့ဟေဂျရသ် ထွက်တော်မူ သည့်အချိန်ပြီးနောက်အစ္စလာမ်ရန်သူများ၏မကောင်းမှုအန္တရာယ်မှအေးငြိမ်းခဲ့လေ သည်။ထိုနောက်ပထမဦးစွာမိမိ၏ရည်ရွယ်ချက်များ(အစ္စလာမ်ရည်ရွယ်ချက်များ)ကိုလက်တွေ့ အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက်အစ္စလာမ်မစ် အစိုးရ၊အချုပ်အချာ၊အာဏာကိုထူထောင်တော်မူခဲ့လေသည်။

 

အစ္စလာမ်၏အုတ်မြစ်များ

 

            အေမာမ်မိုဟမ္မဒ်ဘာကေရ်(အ.စ)သည်ထင်ပေါ်ကျော်ကြားလှသည့်ဟဒီးစ်တော်တစ် ခုလာရှိပေသည်။ မိန့်တော်မူသည်။

 

بُنِيَ الاْسْلامُ عَلَى خَمْسَةِ أَشْياءَ: عَلَى الصَّلاةِ وَالزَّكاةِ وَالحَجِّ وَالصَّوْمِ وَالْوِلايَةِ، قالَ زُرارَةُ: فَقُلْتُ وَأىُّ شَيء مِنْ ذلِكَ أَفْضَلُ؟ فَقالَ: أَلْوِلايَةُ أَفْضَلُ، لاِنَّها مِفْتاحُهُنَّ، وَ الْوالِي هُوَ الدَّلِيلُ عَلَيْهِنَّ.

 

အဓိပ္ပါယ်။။အစ္စလာမ်သာသနာ၏အခြေခံအုတ်မြစ်(၅)ခုရှိပါသည်။နမာဇ်၊ဇကားသ်၊ဟဂ်ျ၊ရိုဇာနှင့်ဝေလာယသ်တို့ဖြစ်ပါသည်။ ဇိုရာရဟ်အနေဖြင့်မေးမြန်းလေ၏။မည်သည့်အခြေခံအုတ်မြစ်သည်ဤအခြေခံအုတ်မြစ်များအနက်အရေးအကြီးဆုံးဖြစ်ပါသနည်း?အေမာမ်(အ.စ) အဖြေပေးမိန့်တော်မူ လေ၏။ဝေလာယသ်ဖြစ်ပေသည်။အကြောင်းမှာကျန်အရာအုတ်မြစ်များ ၏(အောင်မြင်မှု) သော့ချက်ဖြစ်ပေသည်။ထို့ပြင်ဝါလီ(ခ)အုပ်ထိန်းသူ(အစ္စလာမ်မစ် အာဏာရှင်)သည်ဤအခြေခံ အုတ်မြစ် များကိုလက်တွေ့အကောင်အထည်ဖေါ်ဆောင်နိုင်ရန်သက်သေ(လမ်းညွှန်ရှင်)ဖြစ်တော်မူပေသည်။[3]

 

ကြည့်-ကာဖီကျမ်းအတွဲ()၊အခန်းအလ်အီမာန်ဝလ်ကူဖ်ရ်၊ကဏ္ဍတော်ဒိုအာအေမိုလ်အစ္စလာမ်

 

ဝေလာယသ်၏ဆိုလိုသည့်အဓိပ္ပါယ်မှာအဘယ်နည်း?

 

            အချို့(အိုလမာယေရှီအာ)အနေဖြင့် ဝေလာယသ်ဆိုသည်မှာ အဟ်လေဘိုက် (အ.စ)အပေါ်အချစ်၊မေတ္တာ၊ချစ်ခင်၊နှစ်သက်၊မြတ်နိုးခြင်း၊တွယ်တာခြင်းနှင့် သဝလ် စိုလ်ပြုခြင်းကို ဆိုလိုသည်ဟုခံယူထားလေသည်။သို့သော် ဤဟဒီးစ်တော်ပါ ဝေလာ ယသ်၏ အဓိပ္ပါယ်မှာ အစိုးရ၊အချုပ်အချာအာဏာကို ထူထောင်ခြင်းဖြစ်ပေသည်။ဆို လိုသည်မှာ မွတ်စလင်တစ်ယောက် နမာဇ်၊ဇကားသ်၊ဟဂ်ျ၊ရိုဇာအပြင် အစ္စလာမ်မစ် အစိုးရ အချုပ်အချာအာဏာကိုလည်း လက်ခံ သဘောတူသူဖြစ်ရပေမည်။မဟာတမန် တော်မြတ်ကြီး(ဆွ)နှင့် အအ်အေမေ၊ အေမာမ်(၁၂)ပါး (အ.စ)တို့၏ အချုပ်အချာအာ ဏာနှင့် ၎င်းတို့၏(စစ်မှန်သည့်) ကိုယ်စားလှယ်တော်များမှ အချုပ် အချာအာဏာကို လည်း လက်ခံ သဘောတူသူဖြစ်ရပေမည်။ဤသဖ်စီးရ်အတွက် သက်သေ၊အ ထောက်အထား၊ အကိုးအကား အဖြစ် ရီဝါယတ်တော်ကိုယ်တိုင်ဖြစ်ပေသည်။

 

          အေမာမ်(အ.စ)အားမေးမြန်းခဲ့လေ၏။အဘယ်အတွက်ကြောင့် အခြား အခြေ ခံအုတ်မြစ် အားလုံးထက် အရေးကြီးရပါသနည်း? အဖြေပေးမိန့်တော်မူသည်။ဝေ လာယသ် အခြားအခြေခံ အုတ်မြစ်များ ကို လက်တွေ့အကောင်အထည်ဖေါ်နိုင်ရန်အ တွက် အာမခံဖြစ်ပေသည်။

 

          အကယ်၍အစ္စလာမ်မီ အချုပ်အချာအာဏာ၊အစိုးရမထူထောင်နိုင်ခဲ့မည်ဆို လျှင် နမာဇ် တည်ဆောက်မှု၊ခွမ်းစ်၊ဇကားသ်၊ရိုဇာနှင့် ဟဂ်ျတို့ကို ကျယ်ပြန့်စွာ၊စည် ကားစွာဖြင့် လည်းကောင်း၊ဤအရာများ၏ဖလ်စဖာများတင်ပြခွင့်ရရှိလိမ့်မည် မဟုတ် ချေ။

 

          ဤအတွက်ကြောင့် ယေလာယသ်သည် ချစ်ခင်တွယ်တာမှု၊နှစ်သက်မှု၊အချစ် မေတ္တာ၊ သဝလ်စိုလ် အတွက်သာလျှင် မဟုတ်ချေ။တစ်နည်းဆိုရလျှင် နဘီတမန် တော်များ (အ.စ)(သို့) ပြစ်မဲ့မာစူမ် အေမာမ်များ(အ.စ) တို့ဘက်မှ တည်ထောင်ထား သည့် အစ္စလာမ်မီအစိုးရကို လက်ခံသဘောတူရမည် ဖြစ်ပါသည်။

 

          ထိုအတွက်ကြောင့် တမန်တော်များ(အ.စ)၏ သမိုင်းတလျောက်လုံး တမန် တော်တိုင်း အင်အား၊စွမ်းအားရသည့်နှင့် အစိုးရကို တည်ထောင်ခဲ့ပေသည်။ဟဇရသ် ဒါဝူးဒ်(အ.စ)၊ ဟဇရသ် စိုလိုင်းမန်(အ.စ)၊ ဟဇရသ် မူဆာ(အ.စ)နှင့်မဟာတမန်တော် မြတ်ကြီး(ဆွ)စသည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များသည် အစိုးရကို ထူထောင်တော်မူခဲ့ ကြပေသည်။

 

အကယ်၍ ဟဇရသ် အီဗရာဟီးမ်(အ.စ)နှင့်ဟဇရသ် အီဆာတို့အနေဖြင့် ဤ ကြီးမားသည့် လုပ်ဆောင်မှု(အစိုးရထူထောင်ခြင်း)အား အခွင့်အလမ်းနှင့် လိုအပ်မှု များ မဖူလုံခဲ့ သည့် အတွက်ကြောင့် အစိုးရမထူထောင်ခဲ့ကြခြင်း ဖြစ်ပေသည်။

 

အေမာမ်ဟိုစိုင်း(န)(အ.စ) သခင်၏ စစ်မှန်သည့် အစ္စလာမ်မစ် အစိုးရအား ထူထောင်ရန် လိုလားတော်မူခဲ့ခြင်း

 

        အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ရှဟီးဒ်ဘွဲ့ခံယူတော်မူရန်အတွက်သာ သီး သန့် ကရ်ဗလာသို့ ကြွမြန်းလာတော် မမူခဲ့ချေ။တစ်နည်းဆိုရလျှင် ရည်ရွယ်ချက် တော်များမှ တစ်ခုဖြစ်သည့် အစ္စလာမ်မစ် အစိုးရထူထောင်နိုင်ရန်အတွက်ပါ ကရ်ဗ   လာသို့ကြွမြန်း လာတော်မူခဲ့ပေသည်။

          နောက်ဆုံးရှဟီးဒ်ဖြစ်တော်မူမည်ကိုပင် သိတော်မူခဲ့ပေသည်။ဤအကြောင်း အရာနှင့် စပ်လျဉ်းပြီး အေမာမ်(အ.စ)၏ဩဝါဒတော်မှတစ်ခုကို လေ့လာဖတ်ရှုကြည့် ပါမည်။

 

اَللّهُمَّ إِنَّكَ تَعْلَمُ إِنَّهُ لَمْ يَكُنْ مَاكَانَ مِنَّا تَنافُساً فِي سُلْطان، وَلا الْتماساً مِنْ فُضُولِالْحُطامِ،وَلكِنْ لِنُرِىَ الْمَعالِمَ مِنْ دِينِكَ، وَنُظْهِرَالاْصْلاحَ فِي بِلادِكَ،وَيَأْمَنَ الْمَظْلُومُونَ مِنْ عِبادِكَ،وَيُعْمَلُ بِفَرَائِضِكَ وَسُنَّتِكَوَأَحْكامِكَ .

 

အဓိပ္ပါယ်။။အို! အလ္လာဟ်ဟိုအရှင်မြတ်သခင်... အရှင်အနေဖြင့်ကျွန်တော်မျိုး၏ တော်လှန်ရေးသည် လူထုအပေါ် အုပ်ချုပ်လို၍၊မင်းလုပ်လို၍အတွက်နှင့် လောကီ၏ စည်းစိမ်၊ဂုဏ်ဒြပ်အတွက် မဟုတ်ကြောင်းကောင်းစွာ သိတော်မူပါသည်။တစ်နည်းဆို ရလျှင် ကျွန်တော်မျိုး၏ ရည်ရွယ်ချက် သည် အစိုးရ အချုပ်၊အချာအာဏာဆိုသည်မှာ အရှင်၏သာသနာတော်တွင် ဆရာ သမား(သင်ကြားပို့ချပေးသူ)နှင့် လက္ခဏာတော် များ ပြည်သူလူထုအတွက်စီမံနိုင်သည်။ထိုပြင် နိုင်ငံများ၊မြို့များတွင် ပြောင်းလဲပြုပြင် ပေးမှု ပြုနိုင်သည့် အရှင်ကျေးကျွန်များ၏ လုံခြုံမှု၊ ငြိမ်ဝပ်ပိပြားရေး ကိုစီစဉ်ပေးနိုင် သည့် အသင်၏ဥပဒေတော်များနှင့် စွန္နသ် တော်များ၊ တာဝန် ဝတ္တရားများကို လက် တွေ့အကောင်အထည်ဖေါ်ဆောင်ပေးနိုင်သည့် အစိုးရ အချုပ်အချာ အာဏာကို ဆို လို တော်မူပါသည်။[4]

 

ကြည့်-ဗေဟာရွလ်အနာဝါလ် အတွဲ(၁၀၀)စာမျက်နှာ(၈၀)

 

          အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ကူဖာမြို့တော်သို့ မကြွမြန်းမည်အလျှင် မိမိ ၏အထူးရှယ် ကိုယ်စားလှယ်တော် ဟဇရတ်မွတ်စလင် ဗင်အကီးလ်အား ကူဖွာမြို့ တော်သို့ စေလွတ် တော်မူခဲ့ပြီး၊၎င်းအား ပြည်သူလူထုထံမှ ဗိုင်အတ်ယူရန်ဖြစ် ကြောင်း ကျွန်တော်တို့ သိပေသည်။ ဤဗိုင်အတ် ယူစေတော်မူသည့်(စစ်မှန်သည့်) အစိုးရထူထောင်မှုမှအပ အခြားကိစ္စ ဖြစ်နိုင်ပါသလော?

 

          အကယ်၍ ကျွန်တော်တို့အနေဖြင့် နေ့တိုင်းအာရှုရာ၊မြေပထဝီတိုင်း ကရ်ဗ လာ ဖြစ်ကြောင်း ခံယူယုံကြည်ထားသည်ဆိုလျှင် မလွဲမသွေ အေမာမ်ဟိုစိုင်း(န) (အ.စ)၏ ညာသံတော်နှင့်အတူ ကိုယ်တော်၏ကျန်ညာသံတော်များ ရည်ရွယ်ချက် များကိုလည်း သမိုင်းတလျှောက်လုံးရှိ မြေပထဝီ တိုင်းတွင် ထွန်းတောက်အောင် ဆောင်ရွက်ရပေမည်။

 

          သစ္စာမဲ့ အီမာန်အားနည်းသည့် ကူဖာမြို့သူ၊မြို့သားအချို့သည် အေမာမ်ဟို စိုင်း(န)(အ.စ) အားမကူညီခဲ့ကြချေ။အေမာမ်ဟိုစိုင်း(န) (အ.စ)၏ မွန်မြတ်လှသည့် ရည်ရွယ်ချက်တော်(အစ္စလာမ် အစိုးရ ထူထောင်ရန်)အတွက် ထိုသစ္စာမဲ့ အီမာန် အားနည်းသည့် ကူဖာမြို့သူ၊မြို့သားများ အချို့သည် ကာယပိုင်းအရ ပိတ်ဆို့မှု ပြု လုပ်ခဲ့ကြပေသည်။

 

          သို့သော်ယနေ့ သစ္စာရှိ ခိုင်မာသည့် အီမာန်ရှိ မွတ်စလင်များ ရှိနေပါသည်။ထို မွတ်စလင်မ်များ သည် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ လမ်းစဉ်ပေါ်တွင် မိမိ၏ရှိသမျှအား လုံးကို စတေးရန်ရှိပေသည်။

 

          ဤမျှဆိုလျှင် အေမာမ်ဟိုစိုင်း(န)(အ.စ)၏ ဩဝါဒတော်မှ ရည်ရွယ်ချက်တော် များနှင့် တလောကလုံးတွင်(စစ်မှန်သည့်)အစ္စလာမ် အစိုးရ ထူထောင်ရန်နှင့် လောက ကြီးကို အေမာမ်မဟ်ဒီ(အ.ဂျ)၏ အစိုးရထူထောင်နိုင်ရန် အသင့်ပြုခြင်းစကားများအ ဘယ်ကြောင့် မဆိုရပါသနည်း?

 

          သာသနာနှင့်(စစ်မှန်သည့်)နိုင်ငံရေး သီးသန့်စီအတွက် ဖြစ်နိုင်ပါသလား? အကယ်၍ သာသနာသည် အစိုးရ၊အချုပ်အချာအာဏာမပါဘဲ ထိုအစိုးရသည် ဇွာ လင်မ်အစိုးရ ဖြစ်ပေလိမ့်မည်။ အစိုးရအနေဖြင့် သာသနာမရှိဘဲဆိုလျှင် ထိုသာသနာ တော်သည် အလွန်တရာ ရလာဒ် အကျိုး နည်းပေလိမ့်မည်။

 

အနှစ်ချုပ်ရလာဒ်

 

ရိုသေလေးစားရသည့် အေမာမ်ဟိုစိုင်း(န)(အ.စ)၏အဇာဒါရီပြုလုပ်ကြသူများသည်အေမာမ် အပေါ် အချစ်မေတ္တာထားပြီး မာတမ(ခ) ရင်ထု ကြပေသည်။အေမာမ်ဟိုစိုင်း(န)(အ.စ)၏ နှိပ်စက်၊ညှဉ်းပန်း၊မတရားအသတ်ဖြတ်ခံရမှု…အတွက် မျက်ရည်ကျရ ပေသည်။အေမာမ်ဟိုစိုင်း(န) (အ.စ)၏ ဝမ်းနည်းကြေကွဲမှုအတွက် မဂျလစ်တော်များ ကို မိမိတို့၏ အချိန်များ ပစ္စည်း၊ဥစ္စာများ ကိုယ်ခန္ဓာ နှင့် အသက်များ ကိုရင်းပြီး ကာကွယ်ရပေမည်။၎င်းတို့ သိထားရမည့် အချက်ရှိပါသည်။

 

          ထိုအချက်မှာကိုယ်တော်အေမာမ်ဟိုစိုင်း(န)(အ.စ)သည် စစ်မှန်သည့် အစ္စလာမ်မစ် အစိုးရ၊ အချုပ်အချာအာဏာကို ထူထောင်ရန်အတွက် လိုလားခဲ့ပေသည်။ အေမာမ်ဟိုစိုင်း (န)(အ.စ)၏ မြင့်မြတ်လှသည့် ရည်ရွယ်ချက်အတွက် ပိတ်ဆို့မှုအကြောင်းအရာများ ဖြစ်ပေါ်ခဲ့ပေသည်။ ထိုပိတ်ဆို့မှုများကို ဖယ်ရှင်းခြင်းဖြင့် အေမာမ်ဟိုစိုင်း(န)(အ.စ) ၏ မြင့်မြတ်သည့်ရည်ရွယ်ချက်ကို ဆွတ်ခူးနိုင်မည် ဖြစ်ပါသည်။

 

          အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ရှိ အေမာမ်ဟိုစိုင်း(န)(အ.စ) ၏ နောက်လိုက် နောက်သားများဖြစ်သည့် ကျွန်တော်တို့ရှီအာများအနေဖြင့် ကျက်သ ရေမင်္ဂလာ၊လာဒ်လာဘနှင့် ပြည့်စုံသည့် တရားတော်မှ ခွင့်ပြုထားသည့် ဝမ်းနည်းခြင်းအတွက် မဟော်ရမ်လများတွင် ကျင်းပသည့် မဂျလစ်တော်များ သာစူအာ ((၉) ရက်မြောက် မဟော်ရမ်) များ၊အာရှုရာ များ၊ကျဟ်လွန်မ်များဖြင့် အလ္လာဟ်ဟို အရှင်မြတ်သခင်၏ မေတ္တာ၊ဂရုဏာတော်ဖြင့် အစ္စလာမ်မစ် အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခက်၊အခဲများကို ဖြေ ရှင်းနိုင်ရန်အတွက် မဖြစ်မနေ အသက်ဖြင့် နှလုံးသားဖြင့်(ကာယ၊ဥာဏန)ဖြင့် ကြိုး စားရပေမည်။

        

          ထိုမှသာ တရားမျှတပြီး ကျောသား ရင်သား မခွဲ ခြားသည့် နိုင်ငံ ၊ မြို့ ၊ ရွာ ၊ ရပ်ကွက် ၊မိသားစု တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုပြင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (အ.စ) ၏ ရည်ရွက်ချက်ကို ဆက်လက်ပြီး အကောင်ထည်ဖော် နိုင် ထိန်းသိမ်း နိုင်မည် ဖြစ်ပါသည်။ထိုပြင် အစ္စလာမ် ရန်သူများ ၏ အန္တရာယ် အသွယ်သွယ် နှင့် တိုက်ခိုက်မျိုးစုံကိုလည်း ခုခံ ကာကွယ် နိုင်မည် ဖြစ်ပါသည်။

 

 

 

ကျမ်းကိုးများ

  1. قرآن کریم.
  2. کلینی، محمد بن یعقوب، الکافی، تهران، دارالکتب الاسلامیه، ۱۳۶۳ش.
  3. مکارم شیرازی ، اهداف قیام حسینی ،انتشارات امام علی بن ابی طالب (ع) ، قم ، 1391 ش.
  4. معین ، ،فرهنگ فارسی معین ،انتشارات فرهنگ نما , كتاب آراد ،1387.
  5. مجلسی ،محمد باقر ،بحارالانوار، بيروت، بی نا،موسسة الوفاء.

الحمدلله ربّ العالمین .

ဆောင်းပါးရှင် ။ ။ အလ္လာဟ့်၏ ဗန်ဒါဟ်

 

END / 251

[1]فرهنگ فارسي معين

[2]سوره نساء ، ایه 63

[3] كافى، ج 2، كتاب الايمان والكفر، باب دعائم الاسلام، ح 5
[4] بحارالانوار، ج 100، ص 80