အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၃၀ နိုဝင်ဘာ ၂၀၂၁

၀၇:၅၀:၂၄
1203592

ချီလီတွင် ဆောက်လုပ်ရေး ပစ္စည်းထား သည့်စက်ရုံ မီးလောင်၊ အဆိပ်သင့်မီးခိုးများ ထွက်နေ၍ သတိပေး

ချီလီနိုင်ငံရဲ့ မြို့တော်စန်တီယာဂိုမှာ ဆောက်လုပ်ရေးပစ္စည်းတွေထားတဲ့ စက်ရုံတရုံ နိုဝင်ဘာ ၂၉ ရက်က အကြီးအကျယ်မီးလောင်ခဲ့လို့ အဆိပ်သင့်မီးခိုးတွေ မြို့ကောင်းကင်မှာ သိပ်သည်းနေပါတယ်။





ချီလီနိုင်ငံရဲ့ မြို့တော်စန်တီယာဂိုမှာ ဆောက်လုပ်ရေးပစ္စည်းတွေထားတဲ့ စက်ရုံတရုံ နိုဝင်ဘာ ၂၉ ရက်က အကြီးအကျယ်မီးလောင်ခဲ့လို့ အဆိပ်သင့်မီးခိုးတွေ မြို့ကောင်းကင်မှာ သိပ်သည်းနေပါတယ်။

မြို့တော်မြောက်ပိုင်းက ကီလီကူးရာ စည်ပင်ဒေသမှာ လောင်ခဲ့တဲ့မီးကြောင့် မည်းနက်နေတဲ့ မီးခိုးတွေ ထိုးတက်နေပြီး အဲဒီဒေသမှာ သတိထားကြဖို့ ကျန်းမာရေးအရာရှိတွေက အကြံပြုထားပါတယ်။

အဝေးပြေးလမ်းမကြီးတွေရှိတဲ့ ဧရိယာအတွင်း အရေးပေါ်ဖြစ်ရပ်ကြောင့် ယာဉ်ကြော ပိတ်ဆို့ခဲ့ပြီး လမ်းကြောင်းပြောင်းပေးခဲ့ရပါတယ်။

ကြိုတင်သတိထားတဲ့အနေနဲ့ စည်ပင်အာဏာပိုင်တွေက ကျောင်းတွေက လှုပ်ရှားမှုတွေ ဆိုင်းငံ့ထားခဲ့ပါတယ်။



****************************************************************
END / 251