အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၀ နိုဝင်ဘာ ၂၀၂၁

၂၀:၂၀:၅၅
1203878

အလီ အဲက်္ကဗဲရ် ဘာကရီ ကနီ နှင့် အန်ရီ ကရူမိုရာ တို့သည် ဗီယင်နာ ရှိ Coburg Hotel တွင် တွေ့ဆုံ

သြစတြီးယားမြို့တော် ဗီယင်နာတွင် အီရန်အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံ အညှိနှိုင်းမှုဆိုင်ရာ အထက်တန်းအရာရှိ အလီအဲက်္ကဗဲရ် ဘာကရီ ကနီ နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ အန်ရီကရူမိုရာ တို့သည် Coburg Hotel ၌ တွေ့ဆုံ ခဲ့ကြပါတယ်။


Mehr News Agency ၏ ဖော်ပြချက်အရ သြစတြီးယားမြို့တော် ဗီယင်နာတွင် အီရန်အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံ အညှိနှိုင်းမှုဆိုင်ရာ အထက်တန်းအရာရှိ အလီအဲက်္ကဗဲရ် ဘာကရီ ကနီ နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ အန်ရီကရူမိုရာ တို့သည် Coburg Hotel ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အစည်းအဝေးတွင် လာမည့်ရက်များအတွင်း ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းများအရ သိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) မှ အီရန်သည် ဗီယင်နာဆွေးနွေးပွဲသို့ သစ္စာရှိရှိနှင့် ထက်ထက်သန်သန် ၀င်ရောက်ခဲ့ပြီး အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းမပေးဘဲ အီရန် ဘက်မှ ဆွေးနွေးမည်မဟုတ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဘက် စိတ်ချ ယုံကြည်ရသည့် သဘောတူ စာချုပ် အထိရောက်ရှိရန်အတွက် အမေရိကန် ထံမှ အာမခံ ချက်ကို တောင်းဆိုခဲ့ပါတယ်။ အကြာင်းမှာ ပြီးခဲ့သည့် အင်အားကြီး ၅နိုင်ငံ နှင့် အီရန် နိုင်ငံ တို့၏ နျူကလီးယားသဘောတူညီချက် ကိစ္စတွင် အမေရိကန် မှ တစ်ဖက်သတ ထွက်သွားပြီး ၎င်းတို့ကို စိတ်ချယုံကြည်ရမည့် သူများ မဟုတ်ကြောင်း သက်သေ ပြထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

****************************************************************

END / 251